Skip to main content

Posts

Showing posts from August, 2022

စပါးနီတိုဖြစ်ရခြင်း

  စပါးနီတို ဘာကြောင့်ဖြစ်သလဲ  လယ်မြေတွေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ခြင်း၊ မြေဆီလွှာအောက်တွင် မပုပ်မဆွေးသော အပင်အကြွင်းအကျန်များ ရှိနေခြင်း၊ အပင်အကြွင်းအကျန်များ မဆွေးမြေ့ခင် တမန်းညှိသောအခါ မြေအောက်တွင် ရှိသော မြေချဥ်များ တက်လာပြီး အပင်အားထိခိုက်ခြင်း၊ ကန့် (ဆာလဖာဓာတ်) ရှိခြင်း၊ သစ်ဆွေးဓာတ်များပြားခြင်း၊ မြေဆီလွှာတွင် သံဓာတ်ပါဝင်မှု များပြားခြင်း၊ မစိုက်ခင် အကြိမ်ကြိမ် ထွန်ယက်ပြုပြင်ခြင်းကြောင့် တမန်းအတွင်း ကျွံကာ စပါးပင်အမြစ်များ အောက်စီဂျင်မရသဖြင့် အမြစ်ပုပ်ခြင်း၊ အပေါ်ယံ မြေသားပါးပြီး အောက်ခံမြေတွင် ဂဝံလွှာရှိခြင်း စသည့် အခြေအနေများကြောင့် စပါးနီတို ဖြစ်ပေါ်လာရပါတယ်။ အပင်အားထိခိုက်မှု လယ်မြေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ပြီး မြေအောက်မှာလည်း မပုပ်မဆွေးတဲ့ အပင်အကြွင်းအကျန်တွေ ရှိနေမယ်ဆိုရင် ၎င်းတို့ကနေ အဆိပ်ငွေ့တွေ ထွက်လာပြီး သံဓာတ်တွေဟာ ရေထဲမှာ ပျော်ဝင်သွားကြပါတယ်။ ထို့နောက် စပါးရွက်တွေထဲမှာ သံဓာတ်တွေ စုပုံလာမယ်၊ အမြစ်တွေကလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်ကြတော့တဲ့ အပြင် တီစူပါ၊ ပိုတက်နဲ့ အခြား အာဟာရဓာတ်တွေကိုလည်း မစုပ်ယူနိုင်တော့ပါဘူး။ အပင်ကြီးထွားမှုနှေးလာပြီး ပင်ပွားထွက်ရှိမှုလည်း နည