Skip to main content

Posts

Showing posts from November, 2021

NPK မှ ဖော့စ်ဖောရပ်(P)ပြုလုပ်နည်း

NPK မှ ဖော့စ်ဖောရပ်(P)ပြုလုပ်နည်း ========================= ၁။   စိုက်ပျိုးရေးလုပ်ငန်းမှာ မပါမပြီးသည့် NPK မှ  ကယ်လ်စီယမ်  ဖော့စ်ဖောရပ် (P) ပြုလုပ်နည်းလေးကို    တင်ပြပေးမှာဖြစ်ပါ တယ်။ ၂။   ယခုတင်ပြမည့်ကယ်လ်စီယမ်    ဖေါ့စ် ဖောရပ်မှာ  အပင်များအတွက်လိုအပ်သော  အသီးအပွင့်နှင့်   မျိုးစေ့များစိမ်ရာတွင် အ ရေးပါသောမြေသြဇာတမျိုးဖြစ်ပါတယ်။ ၃။   #လိုအပ်သောပစ္စည်းများ        (က) အဖုံးပါပုံးတလုံး။          (ခ) အရိုး /ခရုခွံ /ယောက်သွားခွံ  (၁)               ကီလို။         (ဂ)ဆန်ဆေးရည်(၅)လီတာ။ ၄။   #ပြုလုပ်ပုံအဆင့်ဆင့်။  အရိုးဖြစ်ပါက အရင်ပြုတ်ပြီးစစ်ယူပါ    အဆီများခြောက် စေရန်နေလှမ်းပါ    ပြီးနောက်မီးဖြင့်ဖုတ်ပါ  ခရုခွံ ယောက်သွားများဤနည်းအတိုင်းဖြစ် ပါတယ်။ ၅။   အရိုး / ခရုခွံ / ယောက်သွားများအေး သွားပါက ပုံးထဲထည့်ပြီး ဆန်ဆေးရည် (၅) လီတာထည့်ပြီးမွှေပေးပါ    အဖုံးလုံအောင် ပိတ်ပြီး အရိပ်ထဲ(၁၀)ရက်ထားပါ။ ၆။  (၁၀)ရက်ပြည့်ပါကအဖုံးဖွင့်ကြည့်လျှင် မှိုများတက်နေသောဆေးရည်ကိုတွေ့ရမည် အရိုး  ခရုမီးဖုတ်တို့မှဆန်ဆေးရည်နှင့်ဓာတ် ပြု၍ထွက်ပေါ်လာသောကယ်လ်စီယမ် ဖော့ စဖိတ်ကို (P)ကိုအပင်များအတွက်အသုံးပြု နိုင်ပြီဖြစ်ပါတယ်။

စပါးရွက်ညိုပြောက်ရောဂါ

 အခုအပတ် မှာတော့စပါးရွက်ညိုပြောက်ရောဂါအကြောင်း မျှ၀ေသွားမှာဖြစ်ပါတယ်။👦🏻 စပါးရွက်ညိုပြောက်ရောဂါ( Brown Leaf Spot) က ကျွန်တော် ကွင်းဆင်း တဲ့ ရွာဘက်တွေမှာ အဓိက တွေ့ရတဲ့ရောဂါတစ်ခုပေါ့ ဗျာ။ 🌾ရောဂါလက္ခဏာ ပုံ မှာ ပြ ထား တဲ့ အတိုင်းအစက်သေးသေးလေးကနေ နှမ်းစေ့အရွယ် ဘဲဥပုံ အညိုရောင်အပြောက် လေး များ ညီညာစွာပြန့်ကြဲနေတတ်ပါတယ်။ အညိုရောင် အနားရစ်နဲ့မီးခိုးရောင် ဗဟိုအကွက်အသေးလေးများ တွေ့ရတတ်ပါတယ်။ အနှံအခက်နှင့်အစေ့များကြားတွင် လည်းအညိုရောင်ရောဂါကွက်များတွေ့ရတတ်ပါတယ်။ 🌾ရောဂါကူးစက်ပျံ့နှံ့ခြင်း ရောဂါကျထားတဲ့စိုက်ခင်းကမျိုးစေ့ ကိုအသုံးပြုခြင်းမှကူးစက်တတ်ပါတယ်။ ပုလဲမြေသြဇာလွန်ကဲစွာအသုံးများတဲ့မြေ၊အာဟာရချို့တဲ့သောမြေ၊အပုပ်လွန်တဲ့မြေ၊ရေသွင်းရေထုတ်ညံ့တဲ့မြေ များ မှာ ရောဂါပိုဖြစ်စေပါတယ်။ တိမ်ထူပြီးမိုးမပြတ်ရွာနေတဲ့အချိန်တွေမှာရောဂါပြန့်ပွားမှုပိုမြန်စေပါတယ်။ 🌾ဘယ်လိုကာကွယ်မလဲ? -ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုး ကို စိုက်ပျိုးပါ။ -ရောဂါကျအပင်အကြွင်းအကျန်များကိုမီးရှို့ပါ။ -ပေါင်း မြက် များ ရှင်း ပါ။ -သဘာ၀မြေသြဇာ ပိုမို သုံးစွဲပါ။ -ဓာတ်မြေသြဇာနှင့်အနည်းလိုအာဟာရဓာတ်များအချိုးညီစွာသုံးစွဲပါ။ -ရေသွင်းရေထုတ် စနစ်တက

နှံစား သီးနှံ များ( cereals)

  Cereals - နှံစားသီးနှံပင်များ *********************** 1. Wheat                - ဂျုံ 2. Maize                 - ပြောင်းဖူး 3. Sorghum            - နှံစားပြောင်း 4. Common Millet - လူး 5. Italian Millet       - ဆပ် 6. Barley                  - ဘာလီ နှံစားသီးနှံပင်အမျိုးအစားများထဲမှ မူလတန်း & အလယ်တန်းဆင့် ပထဝီဝင် သင်ခန်းစာတွေမှာ အများဆုံးပါတဲ့ အပင်တွေကို ရှာဖွေတင်ထားခြင်းဖြစ်ပါတယ်။             #credit #တောင်သူဦးကြီး_taungthuoogyi                        

🍄မှိုစိုက်ပျိုး နည်း

🍄 မိူစိုက်ပျိုးနည်း 1. ကောက်ရိုး၊ ရိုးဖြတ်ဖြင့်မိူစိုက်ပျိုးနည်း 2. စပါးခွံဖြင့် မိူစိုက်ပျိုးနည်း 3. ဗေဒါ၊ နွားချီးဖြင့် မိူစိုက်ပျိုးနည်း  ယခုကောက်ရိုး၊ ရိုးဖြတ်ဖြင့် မိူစိုက်ပျိုးနည်းကို ပြောပြမေးမှာဖြစ်ပါတယ်  မှိုစိုက်ပျိုးပုံ အဆင့်ဆင့်  အဆင့်- ၁ - ကောက်ရိုးများကို အလျား (၃) ပေ၊ အချင်း (၈ မှ ၁၀) လက်မ အရွယ် အထုံးများ ရရှိစေရန် ကျစ်လစ်စွာ ထုံးရပါမည်။  အဆင့်- ၂ - ကောက်ရိုးထုံးများကို ရေ (၁) ညအိပ် စိမ်ပါ။ - ရေစိမ်ပြီး ကောက်ရိုးထုံးများကို (၁ မှ ၂) နာရီခန့်ကြာအောင် ရေစစ်ရပါမည်။  အဆင့်- ၃ - ကောက်ရိုးထုံးများကို အလွှာလိုက် စီရမည်ဖြစ်ရာ၊ ပထမအလွှာအတွက် ကောက်ရိုးထုံး (၇) ထုံးကို ကပ်၍စီပါ။ - ထိုအလွှာ၏ ဘေးပတ်လည်အနားမှ (၃) လက်မ အကွာခန့်မှ စ၍ မှိုမျိုးထုပ် (၁) ထုပ်ကို ညီညီညာညာ ဖြူးထည့်ပေးရပါမည်။  အဆင့်- ၄ - ပထမ ကောက်ရိုးထုံး အလွှာအပေါ်တွင် ဒုတိယ ကောက်ရိုးထုံးအလွှာကို ကန့်လန့်အနေအထား စီချရမည်ဖြစ်ပါသည်။ - ထို့နောက် ပထမအလွှာကဲ့သို့ပင် မှိုမျိုးထုပ် (၁) ထုပ်ကို ညီညာစွာ ဖြူးထည့်ပေးရပါမည်။ - ထိုကဲ့သို့ ကောက်ရိုးထုံးအလွှာပြုလုပ်၍ မှိုမျိုးထုပ် ဖြူးခြင်းကို စတုတ္ထအလွှာ ရသည်အထိ ပြုလုပ်ရပါမည်ဖြစ်ခြင်းကြေ

လူးစိုက်ပျိုးနည်း

လူးကိုပူပြင်းခြောက်သွေ့သောဒေသ၊ မြေဆီသြဇာ မထက်သန်သောမြေမျိုးတွင် အဓိကထား၍စိုက်ပျိုးကြသည်။ လူးသည် နှံစားပြောင်းထက် မိုးခေါင်ဒဏ်ခံနိုင်သော်လည်း ရေဝပ်ဒဏ်မခံနိုင်ပေ။ လူးသီးနှံကို တစ်မျိုးတည်းစိုက်ပျိုးလေ့မရှိဘဲ ပဲတီစိမ်းနှင့် ရောနှောစိုက်ပျိုးကြသည်။     ယာထယ်ရေးပြင်ပြီး ပဲတီစိမ်း (၄) ပြည်နှင့် လူးစေ့ (၂) ပြည်ကိုရောပြီး ကြဲပက်စိုက်ပျိုးကြသည်။ ကြဲပက်ပြီး ထွန်နှင့်မွှေ၍ ဖုံးပေးရမည်။ သြဂုတ်လ၊ စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး နိုဝင်ဘာလနှင့်​ ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းရသည်။ သက်တမ်းမှာ ရက်ပေါင်း (၁၂၀) ခန့်ရှိသည်။     အနှံများကိုဖြတ်ယူရိတ်သိမ်းပြီး နေလှန်းရသည်။ ခြောက်သောအခါ စပါးနယ်သကဲ့သို့ နွားဖြင့်နယ်၍ အစေ့ထုတ်ယူရသည်။ အပင်အမြင့်မှာ (၇-၈) ပေခန့်ရှိပြီး အနှံမှာ နှံစားပြောင်းပုံစံနှင့်တူသည်။​အစေ့ကို အခွံဖုံးနေပြီး ပြောင်ချောနေသည်။    အစေ့ကို ဆန်ဖွတ်သကဲ့သို့ မောင်းမြင့်ထောင်း၍ ပြာစင်ရသည်။ တစ်ဧကအထွက်နှုန်းမှာ (၄-၁၂) တင်းခန့်ရှိသည်။ လူးကြီးနှင့်လူးသေးဟူ၍ (၂) မျိုးရှိသည်။ အောင်ဝင်းထွဋ်၏ “လယ်ယာသီးနှံ စိုက်ပျိုးနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

🌱 အရိုးမှုန့်မြေဩဇာအကြောင်း

 း အရိုးမူန်မြေသြဇာက ဘာအရိုးကနေထုတ်ထားလဲဆိူတော့ နေစဉ်စားသုံးနေသော နွား ဆိတ် သတ္တ္တဝါ များ၏အရိုးများအားကြိတ်ခွဲပြီးအမူန့်လုပ်ကာ မွေးမြူအစာပြုလုပ်ရာတွင် အထူးသဖြင့် ကြက်စာတွင်ရောစပ်ထည်ုကျွေးပါတယ်။ပါဝင်တယ်။ကြက်ဥနူန်း အသားတိုးနူန်းကောင်းစေဖို့ ဖြည်စွက်အစားအာအဖြစ် ရောနှောကျွေးခြင်းအတွက် ထုတ်လုပ်ရောင်းချပါတယ်။ စိုက်ပျိုးရေးမှာတော့ မြေချမြေသြဇာအဖြစ် အသုံးများကြပါတယ်။ အရိုးမူန်မှာ ဖော့စဖိတ်(P)မြင့်မားပြီး နိက်ထရိုဂျင် မျတစွာပါ။ဝင်ပြီး မဂ္ဂနီဆီယမ် ကယ်လ်စီယမ်အဓိကပါဝင်တယ်။ စိုက်မြေများအတွင်း ရေအစိုဓာတ်နှင့်အတူ မြေဆီလွှာအတွင်း တစိမ့်စိမ့်ပျော်ဝင်ကာအပင်အတွက်ပန်းပွင့်ခြင်း အသီးတင်ခြင်းအတွက်သဘာဝမြေသြဇာဖြစ်ပါတယ်။ သစ်ခွအတွက် ဘယ်လိုအသုံးဝင်လဲ သုံးသင့်လား အကျိုးကျေးဇူး ဘေးထွက်ဆိုးကျိုးဘာရှိလဲ မမေးဘဲ ဘာအရိုးနဲ့လုပ်တာလဲမေးသူများကိုတော့ ဖြေပေးပါ့မယ့်။ FAAခေါ် (ငါးအမိုင်နှိအက်ဆစ်)(ဇီဝရွက်ဖျန်းအားဆေး)(အမိုင်နိပါဝါ)(စွမ်းအာမြင့် အပင်အားဆေး) အမည်ပေးခေါ်ကြပါတယ်။တကယ်တမ်းရိုးရှင်းစွာရေးမည်ဆိုလျင် (ငါးပုတ်ရည် )!မြေသြဇာရွက်ဖျနိးပေါ့။ဒီလိုဒဲ့ရေးမယ်ဆို အာနိသင်ဘယ်လောက်ကောင်းကောင်း ခင်ဗျားတိူ့မသုံးဘူး။ကြားတာနဲ့တင်အော်ဂလီ

သစ်စိမ်းမြေသြဇာ

 မြေကို အနားပေးမလား(သို့) မြေ အားနေချိန်လေး အားဖြည့်ပေးမလား?  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအများစု ကြုံ ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒေသတော်တော်များများမှာ မိမိစိုက်ပျိုးမြေမှာ ရာသီအလိုက် သီးနှံတွေအလှည့်ကျစိုက်ရင်း မြေကို အနားပေးရမယ့်အချိန်မရှိတာမျိုး ၊ မြေကို အားပြန်ဖြည့်ဖို့ ကြိုးစားချိန်မရဘဲ မြေမှာ ဆက်တိုက်စိုက်ပျိုးနေရတာမျိုးတွေ၊ ပြီးတော့ ရေမရလို့ သီးနှံစိုက်ပျိုးမှုမလုပ်နိုင်ဘဲ မြေကို အနားပေးထားရတဲ့ အချိန်မှာ  မြေကို ဘယ်လိုပုံစံအနားပေးထားရမှန်းမသိ အားပြန်ဖြည့်ရင် လှပ်ထားရမှန်းမသိတဲ့ အခြေအနေလေးတွေပါ ။အခု မျှဝေပေးသွားချင်တာကတော့ မိမိစိုက်ပျိုးမြေကို ဘာကြောင့် အနားပေးသင့်သလဲ ၊ အားပြန်ဖြည့်ပေးသင့်သလဲ ၊ သဘာဝနည်းအတိုင်းကုန်ကျစရိတ်နည်းနည်းနဲ့ထိထိရောက်ရောက် ဘယ်လို မြေကို အားပြန်ဖြည့်မလဲ ဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသွားပါ့မယ်။   စိုက်ပျိုးမြေမှာ ရာသီမလပ် ဆက်တိုက်စိုက်ပျိုးရေးလုပ်ကိုင်လာရင်းနဲ့ မူလစိုက်ပျိုးမြေအတွင်း ရှိတဲ့ ဓာတ်ပါဝင်မှု အနည်းအများ မညီမမျှဖြစ်လာတာမျိုးတွေ ၊ စက်ကြီးနဲ့ ထွန်ယက်စိုက်ပျိုးလာရင်း မြေရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပျက်စီးလာတာ မျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မြေကို

ကိုင်းကူးကိုင်းဆက်နည်းများ

 

မြေသြဇာကျွေးလျှင် ဤသို့ကျွေးပါ

 " မြေသြဇာကျွေးလျှင် ဤသို့ကျွေးပါ " (1) စိုက်ပျိုးထားသော သစ်ပင်အတွက် သင့်လျော်သော မြေသြဇာမျိုးကို ရွေးချယ်ပြီးနောက် သင့်လျော်သောအချိန် ကျွေးရမည်ဖြစ်ပါသည်။ (2) တိရစ္ဆာန်ချေးများအား အမိုးအကာနှင့် ကျနစွာသိမ်းထား ရပေမည်။ နေပူ မိုးရွာတွင် ပစ်မထားရပါ။ မြေသြဇာပုံကို မြေဖြင့်ဖုံးထားပါက အကောင်းဆုံးဖြစ်ပါသည်။ (3) မြေသြဇာများကို တစ်ခါတည်းများများ သုံးသည်ထက် မကြာမကြာ နည်းနည်းသုံးခြင်းက ပို၍ကောင်းသည်။ ပိုစိတ်ချရပါသည်။ (4) မပုပ်ဆွေးသေးသော တိရစ္ဆာန်ချေး သဘာဝမြေသြဇာ များသည် အပူလောင်စေသောဟသတ္တိရှိသဖြင့် ၄င်းတို့ကို လပ်လပ်ဆပ်ဆပ် မကျွေးရပါ။ (5) အရည်ပျော်လွယ်သော ဓာတ်မြေသြဇာများကို မိုးများသော ဒေသများ မိုးရာသီတွင်မကျွေးပဲ မိုးကုန်မှ ကျွေးခြင်းက ပိုမိုထိရောက်ပါမည်။ (6) မြေသြဇာများကို တစ်ခုနှင့်တစ်ခု အရမ်းရောနှောခြင်း မပြုပါနှင့်။ ဥပမာ- ထုံးနှင့် နိုက်ထရိုဂျင်ပါသော မြေသြဇာများကို ရောနှောလျှင် နိုက်ထရိုဂျင်သည် အာမိုနီးယားဓာတ်ငွေ့ဖြစ်၍ လေထဲသို့လွှင့်ပါသွားသဖြင့် ဆုံးရှုံး၏။ (7) ဓာတ်မြေသြဇာများသုံးသည့်အခါ ရေကိုများများ လောင်းပေးပါ။ (8) ဓာတ်မြေသြဇာများကို သစ်ပင်၏အမြစ်များနှင့် တိုက်ရိုက်မထိတွေ့စေရပါ။ (

ဂျစ်ပ်ဆမ်(ကျောက်မှုန့်) သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ

  ဂျစ်ပ ်ဆမ်(ကျောက်မှုန့်) သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ ယနေ့ခေတ်စိုက်ပျိုးရေးလောကမှာ ဂျစ်ပ်ဆမ်လို့ခေါ်တဲ့ ကျောက်မှုန့်မြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်ပါတယ်။ ဒါကြောင့်ခုလိုတောင်သူဦးကြီးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတဲ့ ဂျစ်ပ်ဆမ် ကျောက်မှုန့် မြေဩဇာရဲ့ အကျိုးကျေးဇူးနဲ့ အကျိုးပြုပုံ တစ်စိတ်တစ်ပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဂျစ်ဆမ် ကျောက်မှုန့်မြေဩဇာမှာ ကယ်လ်ဆီယမ်(ထုံး)ဓါတ်နဲ့ ဆာလဖာ(ကန့်) ဓါတ်တို့ ပါဝင်ပါတယ်။ ကျောက်မှုန့်မြေဩဇာရဲ့ အကျိုးကျေးဇူးတွေကတော့ (၁) ဂျစ်ပ်ဆမ်ကျောက်မှုန့် မြေဩဇာမှာပါတဲ့ ထုံးဓါတ်ဟာ အပင်ဆဲလ်နံရံများ တောင့်တင်းခိုင်မာစေရန်အတွက် ကူညီပေးနိုင်တဲ့အပြင် အပင်များ အမြစ်ထိပ်ဖျား သန်မာစေရန်အတွက်လည်း ကူညီပေးပါတယ်။ (၂) ဂျစ်ပ်ဆမ်ကျောက်မှုန့်မှာပါတဲ့ ကန့်ဓါတ်ဟာ အပင်များအတွက် အာဟာရထောက်ပံ့ပေးရုံသာမက နိုက်ထရိုဂျင်ဓါတ်ကို အပင်က ကြာရှည်စွာစားသုံးနိုင်ရန် ထိန်းထားပေးနိုင်တဲ့အတွက် နိုင်ထရိုဂျင်ဓါတ်များ လေလွင့် ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။ (၃) ဂျစ်ပ်ဆမ် ဟာ ရွှံ့မြေများ၊ ဆားပေါက်မြေများ၏ မြေဆီလွှာဂုဏ်သတ္တိကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် မြေအက်ကွဲမှုကိ

နှစ်ရှည်ပင်တွေ အတွက် အထူးသင့်လျော်သောနည်းစနစ်လေးတစ်ခုပါ🤡 #တောင်သူဦးကြီး_taungthuoogyi

နှစ်ရှည်ပင်တွေ အတွက် အထူးသင့်လျော်သောနည်းစနစ်လေးတစ်ခုပါ🤡 #တောင်သူဦးကြီး_taungthuoogyi  

" နွားချေး နွားသေး အသုံးပြုခြင်း "

" နွားချေး နွားသေး အသုံးပြုခြင်း " တစ်ဧကစာအတွက်  (1) နွားချေး (5) တင်း (2) နွားသေး (5) လီတာ (3) ထန်းလျက် (15)ကျပ်သား (4) ရေ (25)ဂါလံ အထက်ပါပစ္စည်းများရောစပ်ပြီး (3)ရက်ကြာ ထားပါ။ ထို(3)ရက်အတွင်း တစ်နေ့လျှင် အထက်အောက် (6)ကြိမ်ဖြင့် စုစုပေါင်း (18)ကြိမ် လှန်ပေးရမည်။  (4) ရက်မြောက်နေ့တွင် မိမိစိုက်ခင်း လယ်မြေများအတွင်း ထည့်သွင်းနိုင်ပါပြီ။ ၎င်းမြေသြဇာကို မိမိစိုက်ခင်း လယ်ယာမြေ အတွင်းသုံးစွဲရန်မှာ - (1) ပထမနှစ်တွင် တစ်ပါတ် တစ်ကြိမ် (2) ဒုတိယနှစ်တွင် တစ်လ နှစ်ကြိမ် (3) တတိယနှစ်တွင် တစ်လ တစ်ကြိမ် (4) စတုတ္တနှစ်မှစ၍ သုံးလ တစ်ကြိမ် မှတ်ချက်။ ဤနည်းကိုဆောင်ရွက်ရာတွင် သုံးရက်နှပ်ပြီး လေးရက်မြောက်နေ့တွင် စတင်သုံးစွဲရမည် ဖြစ်ပါသည်။ (လေးရက်မြောက်နေ့တွင် နွားချေးအတွင်းရှိ အနုဇီဝပိုးများ စွမ်းဆောင်ရေအမြင့်မားဆုံး အချိန်ရောက်ရှိပြီး စိုက်ခင်းလယ်ယာ အတွက် အာဟာရဓာတ်များ ပေးစွမ်းနိုင်သော ကာလဖြစ်ပါသည်။) နွားချေးတွင် (N,P,K,Ca,Mg,S,Carbon) များပါဝင်ကြပြီး ကာဗွန် နှင့် နိုက်ထရိုဂျင် အချိုးမှာ 24:1 ရှိပါမည်။ နွားသေးတွင် (N,S) အမိုနီယမ်၊ အမိုးနီးယား၊ မဂ္ဂနစ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ကယ်စီယမ်၊ ရေ၊ ဖော့စဖိတ်၊

သစ်စိမ်းမြေသြဇာ

 "သစ်စိမ်းမြေဩဇာ" **************   သစ်စိမ်းမြေဩဇာ (Green Manure) အဖြစ် အသုံးပြုသောအပင်များသည် စိုက်ပျိုးမြေဆီလွှာအား မြေဆီဩဇာထက်သန်စေရန်နှင့် မြေဆီလွှာတိုက်စား ပြုန်းတီးခြင်း (Soil Erosion) မှ ကာကွယ်ရန် စိုက်ပျိုးသော ကြီးထွားမှုမြန်သည့် အပင်များ (ပဲမျိုးရင်းဝင်အပင်များနှင့် ပဲမျိုးရင်းဝင်မဟုတ်သော အပင်များ) ဖြစ်ကြသည်။ ၎င်းအပင်များသည် များသောအားဖြင့် အပင်ပု အပင်ပြန့် အမျိုးအစားဖြစ်ကြပြီး စိုက်ပျိုးနောက် မြေပြင်အား လျှင်မြန်စွာပင် ဖုံးလွှမ်း/ဖုံးအုပ်သွားတတ်သည်။ ၎င်းအပင်များအား ကြီးထွားနေချိန် (သို့) ရိတ်သိမ်းချိန်အနေအထားတွင် ထယ်ထိုးမြေလှန်ပြီး  ဆွေးမြေ့သွားစေရန် အပင်များအား မြေအောက်ရောက်သွားသည်အထိ ထယ်မှောက်ပေးရမည်ဖြစ်သည်။ သို့မှသာ မြေကြီးမှ အာဟာဓာတ်များကိုရရှိပြီး မြေဆီသြဇာထက်သန်မှု ကောင်းမွန်လာစေမည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာအပင်များသည် မြေဆီလွှာအား အဖက်ဖက်မှ ထိန်းသိမ်းပြုပြင်ကောင်းမွန်စေပါသည်။ ပဲပုပ်၊ မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းကဲ့သို့ ပဲမျိုးရင်းဝင်အပင်များသည် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူ၍ ၎င်းတို့စားသုံးနိုင်သော ပုံစံဖြင့် အပင်တွင်း၌ ထိန်းသိမ်းထားပေးသည်။ လေထုမှ နိုက်ထရို

စပါးမှိုသီးရောဂါ(false smut)

 စပါးမှိုသီးရောဂါ(false smut)ဘာကြောင့်ဖြစ််ရသလဲ?🌾 -အပူချိန်25-35°Cနှင့်လေထုစိုထိုင်းဆ ၉၀%ကျော်လျှင်အဖြစ်များတတ်ပါတယ်။ -ပန်းပွင့်ချိန် မိုးရွာလျှင်အဖြစ်များတတ်သောကြောင့် ဂရုစိုက်ရန်လိုပါတယ်။ -လေ ဆောင် ရောဂါ ဖြစ် တဲ့ အတွက် လေ မှတစ်ဆင့်ကူးစက်ပြန့်နှံ့ လွယ်ပြီး ပုလဲမြေသြဇာအသုံးများတဲ့ အခင်းမှာအကျ များတတ်ပါတယ်။ -ရောဂါကျ အခင်းက မျိုးပြန်သုံးတာကြောင့်လဲဖြစ်တတ်ပါတယ်။🌾 ဘယ်လိုကာကွယ် နိုင်မလဲ?🌾 -ရောဂါရအပင်များ၊အနှံများ နှင့်အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။ -ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကောင်းမျိုးသန့်ကို သာစိုက်ပျိုးပါ။ -ပုလဲမြေသြဇာ ကို အလွန်အကျွံ မသုံးစွဲသင့်ပါ။ -စပါးဖုံးလုံးချိန်၊အလံရွက်စထွက်ချိန် တွင် ကြိုတင် ကာကွယ် ရန် အရေးကြီး ဆုံးဖြစ်သည်။ (စပါးဆားရည် စိမ်ခြင်းနည်းဖြင့်လည်း ကာကွယ်နိုင်သည်။) #ကိုဇေ(တောင်သူဦးကြီး)🌾 တောင်သူ ဦးကြီး များ အဆင်ပြေ အောင်မြင်ကြပါစေ။🙏🏻🌾

ပဲတီစိမ်း တွင် ကျရောက်တတ်သော ရောဂါများကိုကာကွယ်နှိမ်နင်းနည်း များ

 တောင်သူဦးကြီးများအတွက်  ပဲတီစိမ်း တွင် ကျရောက်တတ်သော ရောဂါများကိုကာကွယ်နှိမ်နင်းနည်း များ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ . ၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum lindemuthianum) ရောဂါလက္ခဏာများ . • ဤမှိုသည် အပင်ကြီးထွားမှု၏ မည်သည့်အဆင့်မဆို လေပေါ်ပိုင်းအစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။ • ရောဂါလက္ခဏာများသည် အရွက်များနှင့် ပဲသီးတောင့်များပေါ်တွင် စက်ဝိုင်းပုံဖြစ်ကာ အနက်ရောင်ဗဟိုနှင့် တောက်ပသည့် လိမ္မော်နီရောင်အနားသားနှင့်အတူ အနက်ရောင်နေလောင်စက်များဖြစ်သည်။ • ဆိုးဝါးစွာကျရောက်ပါက ရောဂါကျအပိုင်းများ ညှိုးနွမ်းသွားသည်။ အစေ့အညှောင့်ပေါက်သည်နှင့် ရောဂါကျ ရောက်မှုကြောင့် ပျိုးပင်ပေါက်များခြောက်သွားကြသည်၊၊ . ကာကွယ်နှိမ်နင်းနည်း ----------------------- အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။ - ကာဘင်ဒါဇင်  (Carbendazim) - မန်ကိုဇက်ဘ်  (Mancozeb) . ၂။ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight: Xanthomonas phaseoli) . • ဤရောဂါလက္ခဏာသည် အရွက်မျက်နှာပြင်ပေါ်တွင် မြောက်မြားစွာသော အညိုရောင်ခြောက်သွေ့သည့် ဖောင်း ကြွ အစက်ပြော

ဗီယက်နမ် နိုင်ငံ သား များ လာဘ်မြင်တတ်ပါပေ့ စပါးခင်းထဲမှာ ပုဇွန်မွေးပြီး ဝင်ငွေရှာတယ်တဲ့ဗျာ။🌾🦀🦐 #တောင်သူဦးကြီး_taungthuoogyi

 
 နှံစုပ်ပိုး ခေါ် နှံစုပ်ဂျပိုး(Rice ear bug) ဒါက ဖိလစ်ပိုင်လယ်သမားတဦးရဲ့ လုပ်နည်းလေးဖြစ်ပါတယ်ခင်ဗျ ။ သူပြောတာကတော့ ပိုက်ကွန်မှာပိုးကောင်တွေလာကပ်တဲ့အခါ ပိုးသတ်ဆေးကို လယ်ထဲလျောက်ဖျန်းစရာမလိုတော့ ပါဘူးတဲ့  အဲ့နေရာလေးကိုဖျန်းရုံပါပဲတဲ့  အချိန်ကုန်သက်သာတာပေါ့ အဲ့ပိုက်ကွန်ထဲမှာ ငါးအသေတွေ ပုစွန်အသေတွေ စသည်ဖြင့်အပုတ်နံ့ထွတ်မယ့်ဟာတွေထည့်ထားရုံပါပဲတဲ့ ။ နှံစုပ်ပိုးဟာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာ လယ်သမားကြီးများသိကြမှာပါခင်ဗျာ ။ အဲ့တော့ စပ်သပ်လုပ်ကြည့်ကြပါလို့တိုက်တွန်းပါရစေ ကျနော်လည်း ဒီနည်းကိုစမ်းသပ်ပြုလုပ်စေချင်ပါတယ်။ ပုံ-Internet #တောင်သူဦးကြီး_taungthuoogyi

စိုက်ပျိုးသီးနှံများအတွက်အနည်းလိုအများလို အာဟာရဓာတ်များ ပုံ-Internet #တောင်သူဦးကြီး_taungthuoogyi

 

ဂျပန်နိုင်ငံတွင်တီထွင်အသုံးပြုနေသောစပါးစိုက်စက်

  ဂျပန်နိုင်ငံတွင်တီထွင်အသုံးပြုနေသောစပါးစိုက်စက် တပိုင်တနိုင်လေးဆိုတော့အပန်းမကြီးဘူးပေါ့ဗျာ🌾🌾 ပုံ-Internet #တောင်သူဦးကြီး_TaungThuOoGyi

ပဲမြစ်ဖုမြေသြဇာ

  ပဲသီးနှံများတွင်ပဲမြစ်ဖုဇီဝမြေဩဇာအသုံးပြုနည်း ပဲမြစ်ဖုမြေဩဇာဆိုတာ ပဲမြစ်ဖုမြေဩဇာဟာ ပဲပင်များ၏အမြစ်များတွင် မြစ်ဖုကလေးများကိုဖြစ်ပေါ်စေပါတယ်။အဲဒီမြစ်ဖုကလေးတွေဟာလေထဲမှနိုက်ထရိုဂျင်ကိုစုပ်ယူပြီးပဲပင်ကိုအကျိုးပြုနေတာဖြစ်ပါတယ်။ပဲမြစ်ဖုဇီဝမြေဩဇာထဲတွင် ရိုက်ဇိုဘီယမ်လို့ခေါ်တဲ့ဘက်တီးရီးယားများပါဝင်တာဖြစ်ပါတယ်။သို့သော်ပဲတစ်မျိုးနဲ့တစ်မျိုး မျိုးကွဲများမတူနိုင်ပါ။ ဒီတော့ပဲစိုက်ပျိုးရင်မြေကြီးထဲမှာစိုက်တဲ့ပဲမျိုးနဲ့ကိုက်ညီတဲ့ ပဲမြစ်ဖုဖြစ်ပေါ်စေတဲ့ဇီဝမြေဩဇာတည်ရှိမှုဟာအလွန်နည်းပါးပါတယ်။ဒီအခါမှာပဲစိုက်လိုက်ရင် ပဲပင်အမြစ်တွေမှာ ဇီဝမြေဩဇာအမြစ်ဖုကလေးတွေ မဖြစ်ပေါ်တော့ပါဘူး။အမြစ်ကလေထဲမှနိုက်ထရိုဂျင်ဓာတ်ကိုစုပ်ယူပြီးအပင်ပေးပို့မှုမှာလည်းချို့တဲ့သွားပြီးအပင်ဖြစ်ထွန်းမှုကိုနှေးကွေးသွားစေပါတယ်။ဒါကြောင့်ပဲမြစ်ဖုဇီဝမြေဩဇာကိုမဖြစ်မနေအသုံးပြုသင့်တာဖြစ်ပါတယ်။သို့မှသာ ပဲမြစ်ဖုဇီဝမြေဩဇာတွင်ပါရှိသောဘက်တီးရီးယားများဟာမြေတွင်းမှာရှိနေပြီးပဲပင်အမြစ်မှာ အမြစ်ဖုကလေးများဖြစ်‌ပေါ်မှုကို အကျိုးပြုနေမှာဖြစ်ပါတယ်။ အသုံးပြုနည်း ပဲမြစ်ဖုမြေဩဇာကိုမျိုးစေ့နှင့်လူးနယ်စိုက်ပျိုးရပါသည်။လူးနယ်ရာတွင်ပဲစေ့များနှင့်ပဲမြစ်ဖုမြေဩဇာ
 စိုက်ခင်းမီးရှို့ခြင်းက ကောင်းသလား/ဆိုးသလား?   သီးနှံစိုက်ခင်းတွေရိတ်သိမ်းပြီးချိန်မှာ မီးရှို့တဲ့အလေ့အထကို ကျင့်သုံးတဲ့ တောင်သူတွေရှိကြပါတယ်။ အခုလိုပြုလုပ်ခြင်းဟာ သီးနှံအကြွင်းအကျန်များကို အလွယ်တကူရှင်းလင်းရန်အတွက် ပြုလုပ်ကြခြင်းပါ။ ယနေ့မှာတော့ ရိတ်သိမ်းပြီးနောက် စိုက်ခင်းကိုမီးရှို့ခြင်းဟာ ကောင်းသလား ဆိုးသလားဆိုတာကို ဗဟုသုတရစေရန် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အကျိုးကျေးဇူးများ- သီးနှံအကြွင်းအကျန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလုပ်မရှုပ်ပဲ လွယ်ကူလျင်မြန်စွာရှင်းလင်းနိုင်ပါတယ်။ - မြေဆောင်ရောဂါများကို နှိမ်နင်းပေးနိုင်ပါတယ်။- မီးရှို့လိုက်တဲ့အခါ ပေါင်းမျိုးစေ့တွေကို သေစေပါတယ်။- မြေဆီလွှာအတွက် ဖော့စဖောရပ်နှင့် ပိုတက်စသော အာဟာရဓါတ်များကို ပြာမှတစ်ဆင့် ရရှိနိုင်ပါတယ်။ ဆိုးကျိုးများ- မီးရှို့ခြင်းကြောင့် သီးနှံအကြွင်းအကျန်များမှ ရရှိနိုင်သောအာဟာရများနှင့် မြေကြီးအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။- အကျိုးပြုအဏုဇီဝပိုးတွေကို သေစေနိုင်ပါတယ်။- မီးရှို့လိုက်တဲ့အခါမှာ မြေအပူချိန်တက်လာပြီး မြေမျက်နှာပြင်ကိုမာစေပါတယ်။- မြေကျပ်သွားသည့်အတွက် မြေကြီးအတွင်းသို့ ရေစိမ့်ဝ

ပဲတီစိမ်းစိုက်ပျိုးနည်းစနစ်

  ပဲတီစိမ်းစိုက်ပျိုးနည်းစနစ် - မြေ၏ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိ နုန်းမြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးပါ။ - စိုက်ချိန်မှန် စိုက်ပျိုးပါ။ မိုးကြိုရာသီ    - ဖေဖော်ဝါရီလလယ် မှ မတ်လထိ မိုးရာသီ          - မေလ မှ ဇွန်လလယ်ထိ မိုးနှောင်းရာသီ- အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်ထိ - အပင်ပေါက်ရာခိုင်နှုန်း ကောင်းသောမျိုး (၈၅- ၉၀) ရာခိုင်နှုန်းအထက်၊ အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများကို အသုံးပြုပါ။ - စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုတ်နှုန်း မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။ - တစ်ဧကလျှင် အပင်ဦးရေ (၁၀၀၀၀၀၀) အပြည့်အဝရရှိစေရန် တန်းကြား (၁.၅) ပေ၊ ပင်ကြား (၃ မှ ၄) လက်မကြား ထား၍ စိုက်ပျိုးပါ။ - မြေသြဇာနှုန်းထား ယူရီးယား (ပုလဲ)       ဓာတ်မြေသြဇာ    - ၂၈ ပေါင်/ဧက (မြေခံ) တီစူပါ (ကြွက်ချေး)   ဓာတ်မြေသြဇာ     - ၅၆ ပေါင်/ဧက (မြေခံ) ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ    - ၅၆ ပေါင်/ဧက (မြေခံ) နွားချေး (သဘာဝ) မြေသြဇာ               -  လှည်း (၅) စီး မှ (၁၀) စီး - ပေါင်းမြက်များကို အပင်ငယ်စဉ်တွင် နှိမ်နင်းပါ။ - အပင်ငယ်စဉ်တွင် ပင်စည်ထိုးယင်၊ ရွက်လိပ်

ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်း

  ကြက်သွန်နီ စိုက်နည်းအကြောင်းတင်ပြီးပြီဆိုတော့ ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်းအကြောင်းထပ်တင်ပေးလိုက်ပါတယ်။ ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်း တောင်သူကြီးများ အသုံးပြုလိုက်သော အစာအာဟာရများကို ကြက်သွန်ပင်မှ ပြည့်ပြည့်ဝဝ စားသောက်ပြီး ကောင်းစွာကြီးထွားနိုင်စေရန်အတွက်  ပေါင်းနှိမ်နှင်းရန် အထူးလိုအပ်ပါသည်။ စိုက်ပြီးကတည်းက ပေါင်းမပေါက်နိုင်စေရန် ပေါင်းအုပ်ဆေးသုံးခြင်း၊ လက်ပေါင်းလိုက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ အရွက်များစတင် ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး၊ ထပ်မံထည့်ပေးပါ။ ကြက်သွန် ပန်းဖူးများကို အပတ်စဉ် ချိုးပေးပါ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပြီး ရေသွင်းချိန်ရောက်၊ မရောက်ကို ကြက်သွန်ပင် အခြေအနေကိုကြည့်၍ သိနိုင်သည်။ ကြက်သွန်ပင် ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်ခွံ အက်ကွဲတတ်သည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေသွင်ပေးရသည်။ ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ရေပေးသွင်းရန်လိုသည်။ အရွက်များ စတင်ကျလာချိန်တွင်
 တောင်သူဦးကြီး_TaungThuOoGyi pageကို ယုံကြည် အားကိုးစွာဖြင့် လာရောက် မေးမြန်းကျသော တောင်သူဦးကြီးများ အားကျေးဇူးအထူးတင်ရှိပါသည်။🙏🏻🙏🏻 တောင်သူဦးကြီး_TaungThuOoGyi  pageမှ စိုက်ပျိုး ရေးဗဟုသုတများ ၊သဘာ၀ဆေးရည်ဖော်စပ်နည်းများ၊ သီးနှံ စိုက်နည်းစနစ်များ🌽🌶၊မိုးလေ၀သအခြေအနေများ🌅 ၊သီးနှံဈေးနှုန်းများ🌾 တင်ပြပေးခြင်းနှင့် ဦးကြီး တို့ သိ ရှိ လို သမျှ ဖြေကြားပေးနေပါပြီ။   တောင်သူဦးကြီး_TaungThuOoGyi pageမှ ဖြေဆိုပေးမှု နောက်ကျလျှင်သော်လည်းကောင်း၊comment replyမပြန်မိလျှင်သော်လည်းကောင်း နားလည် ပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။😊 ဦး ကြီး တို့ ၏စိုက်ခင်းများ၊သီးနှံများ အောင်မြင်ဖြစ်ထွန်းကြပါစေ။🌾🙏🏻

ကြက်သွန် စနစ်တကျ စိုက်ပျိုးနည်း

  ကြက်သွန် စနစ်တကျ စိုက်ပျိုးနည်း မျိုး ရွှေဖလား၊ ဘောင်စောက်မျိုးများကို စိုက်ပျိုးပါ။ စိုက်ပျိုးမည့် မျိုးစေ့သည် (၁) ပြည်လျှင် (၇၅-၈၀) ကျပ်သား ရှိရမည်။ ပျိုးထောင်ခြင်း ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (ဝ.၀၅) ဧက ရှိရပါမည်။ မျိုးစေ့နှုန်း (၂-၄) ပြည် အသုံးပြုရပါမည်။ ပျိုးခင်းမြေပြင်ရာတွင် တမန်းညက်ရပါမည်။ ပျိုးခင်းတွင် နွားချေးနှင့် မြေဆွေးများ ထည့်ပေးရပါမည်။ ပျိုးဘောင် (၃'×၁၈') ဘောင်အတွက် မျိုးစေ့နို့ဆီ (၁) ဘူး လိုအပ်ပါသည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်ပြီး နွားချေး (သို့) မြေဆွေးပါးပါး ဖြူး၍ ဖုံးအုပ်ပေးပါ။ မျိုးစေ့အပင်ပေါက် ညီညာစေရန် ကောက်ရိုး၊ သစ်ခက်များ ဖုံးအုပ်ပေးရပါမည်။ ပျိုးသက် (၁၅) ရက်သားတွင် ကောမက်စပိဒ်လိုက်ကို ၃' အကျယ် ၈' အရှည် တစ်ဘောင်လျှင် နို့ဆီ (၂) ဘူးထည့်ပေးပါ။ စိုက်ခင်းမြေပြင်ခြင်း ဥစားသီးနှံဖြစ်၍ မြေမပြင်မီ နွားချေး၊ အမှိုက်ဆွေးများများ ချပေးပါ။ ကြီးထွားမှု နှေးသော သီးနှံဖြစ်သည့်အတွက် ထယ်အကြိမ်ကြိမ် ထိုးရပါမည်။ ထွန်ရေးညက်အောင် ထွန်၍ ကြမ်းရိုက်ပြီး မိမိစိုက်လိုသော နည်းစနစ်အတိုင်း ပြုပြင်ရမည်။ ဘောင်စနစ်ဖြင့်လည်းကောင်း၊ ကန်သင်း ဖော်၍ လ

EM

  EM ပြုလုပ်နည်း တောင်းဆိုထားသော တောင်သူဦးကြီးများအတွက် ပြုလုပ်နည်းဖြစ်ပါတယ် အလွယ်တကူ လိုက်ပြီး ပြုလုပ်နိုင်ကြပါစေ EM ပြုလုပ်နည်း (Effective Microorganism) လိုအပ်သောပစ္စည်းများ (၁)ငှက်ပျောသီးမှည့် - ၁ ပိဿာ (၂)သင်္ဘောသီးမှည့် - ၁ ပိဿာ (၃)ဖရုံသီး - ၁ ပိဿာ (၄)တင်လဲရည် သို့မဟုတ် ထန်းလျက်ရည်ကြို  - ၂ လီတာ (၅) ကြက်ဥ - ၅ လုံး (၆) ဖွဲနု နို့ဆီ ၁ဗူး  / ၁၀၀ ဂရမ် (၇) ရေ - ၃ လီတာ (၈) ရေသန့်ပုံး / စဥ့်အိုး / ပလက်စတစ်ပုံး (ရေ၂၀လီတာဆန့်သော) ပြုလုပ်နည်းအဆင့်ဆင့်များ ငှက်ပျောသီး၊ သင်္ဘောသီး၊ ဖရုံသီးတွေကို ၁လက်မအရွယ်လေးတွေ ခုတ်စင်းပါ။ (အသီးတွေ ရေဆေးစရာမလိုပါဘူး၊ သဘာဝသီးများ ပိုကောင်းပါတယ်) တင်လဲရည်နဲ့ ရေ ၃လီတာထည့်မွှေထားပါ။ အသီးများကိုပြုလုပ်မယ့်ပုံးထဲသို့ထည့်ပါ။ ကျန်သောပါဝင်ပစ္စည်းများဖြစ်တဲ့ ကြက်ဥ၊ဖွဲနုကိုလည်း ထည့်ပါ။ တင်လဲရည်နှင့်ရေဖျော်ထားတာကိုထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးနောက် အဖုံးအောက် ပလက်စတစ်စ တစ်ထပ်ခံပြီး လေလုံအောင်ဖုံးပေးပါ။ အခန်းအပူချိန်နဲ့ မှောင်သောနေရာတွင်ထားပါ။ ၅ ရက်ခြားတစ်ခါ / ၁ပတ်တစ်ခါ မွှေပေးပါ။ ဆန်ဆေးရည်ချန်ထားပြီးထည့်မွှေပေးလို့ရပါတယ်။ ၂ လကြာရင

စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ

 စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ ကြဲပက် စိုက်ပျိုးသည်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင် စိုက်ပျိုးသည်ဖြစ်စေ၊ အပင်ပေါက်နှုန်း ကောင်းမွန်ပြီး၊ မျိုးစေ့ဆောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရုံသာမက၊ အောင်မြင်ပြည့်ဖြိုးသော စပါးစေ့များရရှိ၍ အထွက်နှုန်းကောင်းမွန်စေရန် မျိုးစပါးကို အညှောင့်မဖောက်မီ ဆားရည်စိမ်ရန် လိုအပ်ပါသည်။ လိုအပ်သော ပစ္စည်းများ (၁) ကျောက်စည် (သို့) အဝကျယ် ပလပ်စတစ်ပုံး (သို့) စည်ပိုင်းပြတ် တစ်ခု၊ (၂)  အိမ်သုံးဆား (သို့) ဆားကြမ်း၊ (၃)  ဆားရည်ပြင်းအားကို တိုင်းတာရန် ဘဲဥ (သို့) ကြက်ဥ တစ်လုံး၊ (၄)  မွှေရန်အတွက် ဝါးခြမ်းပြား တစ်ခြမ်း၊ (၅)  မျိုးစေ့များကို ဆယ်ယူရန် နိုင်လွန် ပိတ်ဇကာ (သို့) ပိတ်စိမ်း နှစ်ကိုက်၊ (၆) ပေါင်းမျိုးစေ့များကို ဆယ်ယူရန် ရေစစ် (သို့) ပိတ်ပါးစ။ ဆားရည်စိမ်နည်း အဆင့်ဆင့် (၁)  အိမ်သုံးဆား (၅၀) ကျပ်သားကို ရေ (၁) ဂါလံနှုန်းဖြင့် ဖျော်၍ စပါးတစ်တင်းအတွက် ရေ (၈) ဂါလံနှင့် ဆား (၄) ပိဿာ လိုအပ်ပါသည်။  (၂)  ဆားရည်စိမ်ရန် စည်ပိုင်းပြတ် တစ်ခုထဲသို့ ရေ (၈) ဂါလံ နှင့် အိမ်သုံးဆား (၄) ပိဿာထည့်ပြီး သမအောင် မွှေပေးပါ။  (၃) ဆာ

စပါးအထွက်မြင့်မားရေးနှင့် နိုက်ထရိုဂျင်မြေသြဇာ

  စပါးအထွက်မြင့်မားရေးနှင့် နိုက်ထရိုဂျင်မြေသြဇာ ----------------------------------- နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။ နိုက်ထရိုဂျင်သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်သည်။ တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်၊မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကို ရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးပါ။ သက်လျင်အထွက်ကောင်း စပါးမျိုးများတွင် သုံးကြိမ်၊ သက်လတ်အထွက်ကောင်းစပါးမျိုးများတွင်မူ လေးကြိမ်လီ၍ကျွေးပေးပါ အဲဒီလိုရေးခဲ့ပါသည်။ မိတ်ဆွေလယ်သမားကြီးတစ်ဦးကကျွန်တော့်ကိုမေးလာသည်။စပါးစိုက်ခင်းကို တစ်ကြိမ်တည်းနိုက်ထရိုဂျင်မြေသြဇာ ကျွေးမယ်ဆိုရင် ဘယ်အချိန်ကျွေးရမှာလဲ၊ နှစ်ကြိမ်ဆိုလျှင်ဘယ်အချိန်တွေ ကျွေးရမှာလဲဖြစ်နိုင်ပါသည်။ အချို့သောတောင်သူလယ်သမားကြီးများ အတွက် စပါးစိုက်ခင်းတိုင်းကို သုံးကြိမ်၊ လေးကြိမ် အခါခါသွားပြီး မြေသြဇာကျွေးဖို့ဆိုတာ တကူးတကကြိုးစားရပါလိမ့်မည်။ ဒါ့ကြောင့် ဤမေးခွန်းကိုမေးလာခြင်း ဖြစ်နိုင်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာဆိုတာ လေလွင့်ဆုံးရှုံးနိုင်တာဖြစ်လို့ တစ်ကြိမ်တည်းကျွေးခြင်းကို ကျွန်တော်မထောက်ခံလိုပါ။နှစ်ကြိမ်ကျွေးခြင်းကိုတော့ ထောက်ခံပါမည်။