Skip to main content

NPK မှ ဖော့စ်ဖောရပ်(P)ပြုလုပ်နည်း

NPK မှ ဖော့စ်ဖောရပ်(P)ပြုလုပ်နည်း

=========================

၁။   စိုက်ပျိုးရေးလုပ်ငန်းမှာ မပါမပြီးသည့်

NPK မှ  ကယ်လ်စီယမ်  ဖော့စ်ဖောရပ် (P)

ပြုလုပ်နည်းလေးကို    တင်ပြပေးမှာဖြစ်ပါ

တယ်။

၂။   ယခုတင်ပြမည့်ကယ်လ်စီယမ်    ဖေါ့စ်

ဖောရပ်မှာ  အပင်များအတွက်လိုအပ်သော 

အသီးအပွင့်နှင့်   မျိုးစေ့များစိမ်ရာတွင် အ

ရေးပါသောမြေသြဇာတမျိုးဖြစ်ပါတယ်။

၃။   #လိုအပ်သောပစ္စည်းများ

       (က) အဖုံးပါပုံးတလုံး။ 

        (ခ) အရိုး /ခရုခွံ /ယောက်သွားခွံ  (၁)

              ကီလို။

        (ဂ)ဆန်ဆေးရည်(၅)လီတာ။



၄။   #ပြုလုပ်ပုံအဆင့်ဆင့်။  အရိုးဖြစ်ပါက

အရင်ပြုတ်ပြီးစစ်ယူပါ    အဆီများခြောက်

စေရန်နေလှမ်းပါ    ပြီးနောက်မီးဖြင့်ဖုတ်ပါ 

ခရုခွံ ယောက်သွားများဤနည်းအတိုင်းဖြစ်

ပါတယ်။

၅။   အရိုး / ခရုခွံ / ယောက်သွားများအေး

သွားပါက ပုံးထဲထည့်ပြီး ဆန်ဆေးရည် (၅)

လီတာထည့်ပြီးမွှေပေးပါ    အဖုံးလုံအောင်

ပိတ်ပြီး အရိပ်ထဲ(၁၀)ရက်ထားပါ။

၆။  (၁၀)ရက်ပြည့်ပါကအဖုံးဖွင့်ကြည့်လျှင်

မှိုများတက်နေသောဆေးရည်ကိုတွေ့ရမည်

အရိုး  ခရုမီးဖုတ်တို့မှဆန်ဆေးရည်နှင့်ဓာတ်

ပြု၍ထွက်ပေါ်လာသောကယ်လ်စီယမ် ဖော့

စဖိတ်ကို (P)ကိုအပင်များအတွက်အသုံးပြု

နိုင်ပြီဖြစ်ပါတယ်။

၇။   ဆေး(၂)ဇွန်းရေ(၁)လီတာ ဆေးဖြန်းပုံး

(၁)ပုံး(၂၀) လီတာကို ဆေး(၄၀)  ဇွန်းထည့်

ဖျော်အသုံးပြုနိုင်ပါတယ်။

၈။   ဓာတုဆေးများကဲ့သို့     ချက်ခြင်းအာနိ

သင်မပြသော်လည်း     တဖြည့်ဖြည်းသိသာ

လာပါလိမ့်မည်။


၉။   အပင်များမပွင့်မှီ (၁၀) ရက်ခန့်ကြိုဖြန်း

ပေးသင့်ပါတယ်  အပွင့်ကြွေသောဒါဏ်ကိုခံ

နိုင်ရည်ရှိပြီးအသီးများအရောင်အဆင်းလှ

ကာ အရသာရှိတာကိုတွေ့ရလိမ့်မယ်(၇/၁၀)

ရက်တကြိမ်အသုံးပြုနိုင်ပါတယ်  သုံးမကုန်

ပါက အဖုံးပိတ်၍ အရိပ်ထဲသိမ်းထားနိုင်ပါ

တယ် (၃/၆)လအထိသိမ်းထားနိုင်ပါတယ်။

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့