တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့
စိုက်ပျိုးစရိတ်၊ သွင်းအားစု ၊ မျိုးစေ့စျေးနှုန်းများကြီးမြှင့်လာသည်နှင့်အမျှ တောင်သူများသည်လည်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အလေအလွင့်မရှိစေရန် ဂရုတစိုက် လုပ်ဆောင်လာ ကြပါတယ်။ ကျွန်တော့်မိတ်ဆွေ တောင်သူဦးကြီးများနဲ့ စကားလက်ဆုံ ပြောမိခဲ့အခါမှာ ယခင်နှစ်များက ထက် မျိုးနှုန်းထား ကို လျော့ သုံးစွဲ လာကြတာကိုတွေ့ရတဲ့အတွက်များစွာ ၀မ်းသာရပါတယ်။ "ပုံမှန်ဆို ၂၊၃ တင်း ကြဲတာ အခု တော့ Seederနဲ့ ချမယ်ကွာ ၊အပင်ပေါက်လဲကောင်း လိုချင်သလိုမျိုးစေ့အထူအပါး ချိန်လို့လဲ ရတဲ့အတွက် အဆင်ပြေ တယ် " ဆို တဲ့ စကားသံတွေ ကြားသိ ခဲ့ ရပါတယ်။ ကြဲခင်း လည်း တကယ် ကောင်းရင် အထွက်ပိုနိုင်ပါတယ်။သို့သော် ကြဲခင်းမှာ ကြွက်၊ငှက် များဖျက်ဆီးမှု မှ ကာမိစေရန် မျိုးစေ့ ကိုလိုတာထက်ပိုသုံးကြပါတယ်။ ကျွန်တော် တောင်သူ တစ်ယောက် ပြောတာလေး သဘောကျ လို့ "ဦးလေးတို့က သေချာ တာ ကို ပဲ လုပ်တယ်၊မျိုးမှာ များ များ သုံး ပြီး အပင်ပေါက်စုံမှ တွက်ခြေကိုက်တယ် " ဆို တဲ့ စကားလေးပေါ့။ သူ့စကားသူ က ဟုတ်နေ သည်။ ဒါပေမယ့် မျိုးစေ့ ၁တင်း ကုန်မယ့် ကိစ္စ ၂ဆ ၃ဆ ကုန်နေတာတော့ လက်မခံပါ။ကျွန်တော်ရှင်းပြတော့မှ သဘောပေါက် ပြီး Seederနဲ့မျိုးစေ့ချမယ်ကွာ တ