Skip to main content

ကောက်ရိုးတွင် ကျန်ရှိနေသောအာဟာရဓာတ်များ

စပါးခင်း/ ပဲခင်းတွေ ရိတ်သိမ်းပြီးလို့ ကျန်ခဲ့တဲ့ ကောက်ရိုး/ ပဲရိုးတွေထဲမှာ ဘယ်လိုအာဟာရဓာတ်တွေ အဓိက ကျန်နေမလဲ။ 


တချို့တောင်သူတွေဆိုရင် ဘယ်သီးနှံမှာ ဘာဓာတ်က ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး ဇယားတွေနဲ့ပါ ပြတာကို အားရစရာ တွေ့ရှိရပါတယ်။ တချို့လည်း ကောက်ရိုး/ ပဲရိုးတွေကို လယ်ကွက်အနှံ့ဖြန့်တယ်ဆိုတာကို ဝမ်းသာစရာ တွေ့ရပါတယ်။ တချို့ကေမန့်တွေမှာတော့ ဖျက်ပိုး/ ရောဂါကျတာမို့လို့ အာဟာရဓာတ်တွေ ပါဝင်နေတာကို သိလည်းပဲ မတတ်နိုင်ဘဲ မီးရှို့ရမှာဆိုတာကို ဖတ်လိုက်ရပါတယ်။


ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကောက်ရိုး/ပဲရိုးထဲ အဓိကကျန်နေသေးတဲ့ အာဟာရဓာတ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ ဒါပေမဲ့ မှတ်ရလွယ်အောင် လိုတိုရှင်း ပြောရရင် ကောက်ရိုး/ပဲရိုးတွေထဲမှာ မိတ်ဆွေတို့ သီးနှံရာသီတိုင်း သေချာတွက်ချက်ပြီး ဝယ်သုံးနေရတဲ့ အများလို အာဟာရဓာတ် (၃) မျိုးလုံး ပါနေပါတယ်။ 


**အများလို အာဟာရဓာတ် (၃) မျိုးက ဘယ်လောက်စီ ပါတာလဲ?** လို့ တွေးနေမိပြီလား…


တစ်ဧကလယ်ကွက်ကနေ ထွက်လာတဲ့ **ကောက်ရိုး**တွေမှာဆိုရင် **ပုလဲ (၁၉) ပြည်၊ တီစူပါ (၂) ပြည်၊ ၊ပိုတက်ရှ် (၂၂) ပြည်ခန့်**


**ပဲရိုး/ပဲမှော်**တွေထဲမှာလည်းပဲ **ပုလဲ (၁၆) ပြည်၊ တီစူပါ (၆) ပြည်၊ ၊ပိုတက်ရှ် (၂၂) ပြည်ခန့်** ပါဝင်နေပါတယ်။



ဒီပါဝင်မှု နှုန်းထားတွေကို သေချာကြည့်မယ်ဆိုရင် ကောက်ရိုး/ပဲရိုးထဲမှာ အပင်တွေ ကျန်းမာကြံ့ခိုင်ဖို့ အဓိက လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်က အများဆုံးပါဝင်နေတာကို တွေ့ရမှာပါ။ ဒီပိုတက်စီယမ်ဓာတ်တွေကိုသာ ပြန်ထည့်နိုင်မယ်ဆိုရင် မိတ်ဆွေတို့နောက်စိုက်မယ့် စပါးပင်တွေရဲ့ တောင့်တင်းခိုင်မာမှုအတွက် အထိုက်အလျောက်အားဖြည့်နိုင်မှာဖြစ်လို့ ပိုးမွှားရောဂါကျရောက်မှုကိုလည်း မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီးသား ဖြစ်နေမှာပဲပေါ့။ ဒါကြောင့် လာမယ့် မိုးစပါးမှာ ရာသီမစခင်ကတည်းက ခြေတစ်လှမ်း၊ နှာတစ်ဖျားသာနေစေဖို့ လယ်ယာထဲက ထွက်ရှိလာတဲ့ ကောက်ရိုး/ပဲရိုး/ပဲမှော်/ရိုးပြတ်တွေကို လယ်ထဲပြန်ထည့်ပေးကြဖို့ တိုက်တွန်းလိုပါတယ် (ဖျက်ပိုး/ရောဂါဆိုးရွားစွာ ကျရောက်ခဲ့သော စိုက်ခင်းမှ ကောက်ရိုး/ပဲရိုးများမပါ။)

မူရင်း-ရေတံခွန်


Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့