Skip to main content

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း

""""""""""""""""""'''''''''


ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။


ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ်

အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ


ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။


လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ

*"'''''''''''''''''''''''''''''''''''''''''''''''''''''''''''''

လှေးပိုးများက ပိုးသတ်ဆေးတစ်မျိုး (သို့မဟုတ်)

ပိုးသတ်ဆေးအမျိုးအစားများစွာကို တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ခံနိုင်ရည်ရှိလာကြပါတယ်။ 


ဒီလိုခံနိုင်ရည်ရှိလာစေနိုင်တဲ့အချက်တွေကတော့

⭕️  - လှေးပိုးအမတစ်ကောင်မှ အကောင်ငယ်များစွာကိုမျိုးပွားမျာနိုင်ခြင်း၊ 

⭕️  - Diploid females - ဒစ်ပလွိုက်အမများ (မျိုးအောင်ရန် မိတ်လိုက်ဖို့မလိုဘဲ မျိုးပွားနိုင် သောအမ) မှ ပိုးသတ်ဆေးဒဏ်ခံနိုင်သော မျိုးဆက်များစွာကိုမွေးထုတ်ပေးနိုင်ခြင်း၊

⭕️  - Haploid females - ဟက်ပလွိုက်အမများ (သာမန်အတိုင်း မိတ်လိုက်ပြီးမျိုးပွားတဲ့အမများ) မှ မျိုးဆက်များစွာကို မျိုးပြန့်ပွားစေခြင်း၊

ဒါကြောင့် လှေးများက

ပုံစံအမျိုးမျိုးနဲ့မျိုးပွားခြင်းဖြင့် အကောင်များစွာကို တစ်ရာသီအတွင်းမြောက်များစွာ မျိုးပွားပြီးပိုးသတ်ဆေးဒဏ်ကို လွယ်ကူစွာခံနိုင်ရည်ရှိလာကြတာပါ။ 


ဒါ့အပြင်လှေးပိုးများက 

(၁) ပိုးသတ်ဆေးများနဲ့ အလွယ်တကူထိတွေ့နိုင်ခြင်းမရှိအောင် ရှောင်ရှားနိုင်တဲ့အလေ့အထများပြောင်းလဲခြင်းဖြင့် ပိုးသတ်ဆေးဒဏ်ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ 


(၂) လှေးပိုးရဲ့ပေါ်ယံအကာအကွယ် အခွံမာများက ပိုးသတ်‌ဆေးများကို အတွင်းသို့ ထိုး‌ဖောက်ဝင်ရောက်မှု နှေးကွေးစေတာကလည်း ပိုးသတ်‌ဆေးအာနိသင်ကို များစွာလျော့နည်းစေပါတယ်။ 


(၃) လှေးပိုးများက ဝင်ရောက်လာသော ပိုးသတ်ဆေးများကိုလည်း အဆိပ်ကိုချေဖျက်နိုင်သောအင်ဇိုင်းများထုတ်ပြီး ချေဖျက်နိုင်ပါတယ်။ 


(၄) လှေးပိုးများက ပိုးသတ်ဆေး တိုက်ခိုက်သည့်နေရာ (Target site) ကိုပြောင်းလဲခြင်းဖြင့် ပိုးသတ်ဆေးဒဏ်ကိုပို၍ပို၍ ခံနိုင်လာကြတာပါ။ 



ဒါကြောင့်လှေးပိုးကို

ဓါတုပိုးသတ်‌ဆေးများကို အသုံးပြုပြီးနှိမ်နင်းမယ်ဆိုရင် အုပ်စုမတူတဲ့ ပိုးသတ်ဆေးများကို အလှည့်ကျ စံနစ်တကျပက်ဖျန်း အသုံးပြုဖို့လိုပါတယ်။


ဘယ်လိုကာကွယ်မလဲ

"""""""""""""""""""

-အပင်ထူပြီး၊လေဝင်လေထွက်ညံ့ခြင်းရှောင်ပါ

-ယူရီးယားအသုံးများခြင်းရှောင်ပါ

-အပေါ်ရေဖျန်းခြင်း၊ပြုလုပ်ပေးပါ

-ပေါင်းမြက်ရှ င်းလင်းပါ

-ဆေးအုပ်စုတူများ၊ထပ်ခါထပ်ခါဖျန်းခြင်းရှောင်ပါ

-outbreakဖြစ်ပါက၊နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းကို အကူအညီတောင်းပါ။

-ပိုးသတ်ဆပ်ပြာရည်နဲ့ တမာဆီ သို့မဟုတ် တမာရွက်၊တမာခေါက်ပြုတ်ရည်များကို ရေ၄-ဆရောဖျန်းနိုင်ပါတယ်။

ဘယ်​ပိုးသတ်ဆေး ​အုပ်စုဖျန်းရမလဲ

""""""""""""""""""""""""""""

လှေးအတွက် ၊အထိရောက်ဆုံးဆေးအဖြစ်၊

အပင်ထဲသို့လျင်မြန်စွာစိမ့်ဝင်ပြန့်နှံ့စေသော ပင်လုံးပြန့်အာနိသင် ​အုပ်စု​ ကို၊​ဆေးထိရုံဖြင့်သေစေသော ထိသေအာနိသင်ဆေးနှစ်မျိုးတွဲ ဖျန်းတာဟာ  ပိုမိုထိရောက်စေပါတယ်

-Thaimethoxam+Emameetin Benzoate ,

-Acetamiprid+Fipronal

....,စသဖြင့် ဆေးအုပ်စုများကို၊အလှည့်ကျ သို့မဟုတ်၊ပင်/ပြန့်+ထိသေ နှစ်မျိုးတွဲဖျန်းသင့်ပါတယ်။ကော်ရည်နဲ့တွဲဖျန်းပေးပါကပိုမိုထိရောက်ပါတယ်


#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့