Skip to main content

Posts

Showing posts from December, 2021

ပေါင်းသတ်ဆေးပြုလုပ်နည်း သဘာဝပေါင်းသတ်ဆေး။

 ပေါင်းသတ်ဆေးပြုလုပ်နည်း  သဘာဝပေါင်းသတ်ဆေး။ ပါဝင်ပစ္စည်းများ ------- ၁။ ဆား ၂။ရှာလကာရည် ၃။ပုလဲ(နိုက်တြိုဂျင်ဓာတ်မြေဩဇာ) ပြုလုပ်ပုံ ----- ဆား* ၆၀ကျပ်သား၊ပုလဲ* ၆၀ကျပ်သား၊ရှာလကာရည်*နို့ဆီဗူးတစ်ဗူး၊ ရေ၁၀လီတာတို့ကိုသမအောင်မွှေပေးပါ၊ပြီးလျှင်တစ်ညအိပ်ထားပါ။ အဖုံးကိုလေလုံအောင်ပိတ်ပါ၊ အသုံးပြုပုံ ------ ဆေးရည်နို့ဆီဗူးတဝက်ကိုဆပ်ပြာရည်၂ဇွန်း၊ရေကလီတာ၂၀နဲ့ရောပြီးဖြန်းပေးပါ၊ဆပ်ပြာရည်ကစွဲကပ်အောင်ဖြစ်ပါတယ်။ ပေါင်းပင်ထူလျှင်ပထမအကြိမ်ဖြန်းပြီးအပင်များငြှိုးသွားချိန်နောက်တကြိမ်ပေါင်းပင်အောက်ခြေကိုထိအောင်ဖြန်းပေးပါ၊ဆားနဲ့ရှာလကာရည်ကပေါင်းပင်တွေကိုသေစေပြီးပုလဲကတော့သေသွားတဲ့ပေါင်းပင်တွေကိုမြေဩဇာပြန်ဖြစ်အောင်ပါ။ (သတိပြုရမှာကကိုယ်စိုက်ပျိုးထားတဲ့အပင်တွေကိုမထိပါစေနဲ့၊လောင်တတ်ပါသည်။) အကောင်းဆုံးကမြေပြင်ချိန်မှာပေါင်းထူလျှင်အသုံးပြုတာပိုကောင်းပါတယ်။ ဩဂဲနစ်တောင်သူများသိလိုတဲ့သဘာဝမြက်သတ်ဆေး၊သဘာဝပေါင်းသတ်ဆေးအကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။(မှတ်ချက်ပေါင်းပင်ထူလျှင်ဆေးအချိုးပိုထည့်နိုင်ပါသည်။) မူရင်း-ဆရာဦးဝင်းမြင့်(IQ)  #ကိုဇေ_တောင်သူဦးကြီး
 ဘာကြောင့်တောင်သူတိုင်း မြေချဉ်ငံတိုင်း ကိရိယာရှိသင့်တာလဲ? မြေချဉ် / မြေငံ ပြုပြင်နည်း အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။ မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊ မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။ ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊ နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင် မြေပျက်တာ ပိုနေဦးမှာပါ။ ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ္ကုန္တယ်ဆိုပဲ။ အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။ အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရော
  ဂျပန်နိုင်ငံရဲ့စပါးစိုက်နည်း🇯🇵🌾 =================== ဂျပန်နိုင်ငံကလယ်တစ်ဧကလျှင်စပါးတင်း၃၀၀နဲ့၄၀၀ ကြားထွက်တယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ထင်ကျပါ လိမ့်မယ်တကယ်တော့အမှန်တကယ်ကိုထွက်ပါတယ်။ အဲ့လိုထွက်တာကျွန်တော်တို့မြန်မာနိုင်ငံကအရင်ဆုံး ထွက်တာပါ။ယခုဂျပန်နိုင်ငံရဲ့စိုက်နည်းကယခင်မြန်မာနိုင်ငံရဲ့စိုက်နည်းစနစ်ပါ။ တောင်သူတွေအနေနဲ့သိထားသင့်တာကစပါးပင်ဟာPH5.5မှ7.5ကြားမြေကိုအကြိုက်နှစ်သက်ဆုံးပါ။     1⃣ပထမအဆင့်အနေနဲ့ထယ်မထိုးခင်ကိုနွားချေးအစိုကိုထင်းပြာနဲ့ရောနယ်ပြီးနေရိပ်မှာလေသလပ်ခံပါ။ ထိုအခြောက်ခံပြီးသားနွားချေးထင်းပြာကိုတစ်တင်းတစ်ဧကနှုန်းနဲ့ပက်ပေးပါ။    2⃣ဒုတိယအဆင့်ကတော့ဘိုကာချီ(သို့)ဒိုချပ်ကင်းမြေဆီတစ်ဧကကို၅အိတ်နှုန်းနဲ့ပက်ပါ။    3⃣တတိယအဆင့်ကတော့မြေအောင်းပိုးနဲ့မှိုရောဂါကာကွယ်ရန်မဖောက်ထုံးတစ်ပိဿာဆေးရွက်ကြီး၅၀သားဒုထ္တာ၂၀သားကိုအရည်ဖျော်ပြီးတစ်ဧကဖျန်းပါ။ပြီးရင် ထယ်ရေးနက်နက်ထိုးပါ။ပြီးရင်ထွန်မွှေ ဂျုတ်ဆွဲ စတာတွေလုပ်ပါတော့။   လယ်ထွန်သမန်းပုတ်စောင့်နေချိန်မှာ ရေအ ခြောက်ပျိုးထောင်ထားပါ။ရေအခြောက်ပျိုးထောင်ဆိုသည်မှာဆနွမ်းမကင်းဗန်းတွေနဲ့ပျိုးထောင်တာကိုပြော တာပါ။ တစ်ဧကလျှင်မျိုးစပါးသုံးပြည်ပါ။ မ
 ဘိစပ် သစ်စိမ်းရည်။ ဘိစပ်အရွက်နု ၁ ပိသာကို  ညှက်ညှက်ကြေအောင်ထောင်း ပြီးရင်ရေ ၂. လီတာနဲ့ရောလိုက်ရင် ဘိစပိသစ်စိမ်းရည်ရပါပြီ။ အရွက်များကိုရနိုင်သလောက်အရည်ညစ်ချပါ ကျန်နေတဲ့အနည်များကို ပိတ်စပါးပါးနဲ့ စစ်ယူသိမ်းပါ အနည်းလိုအဟာရတွေ ကြွယ်၀စွာ ပါ၀င်နေတဲ့ သစ်စိမ်းစိမ်ရည်ရပါပြီ များများလုပ်ပေါပေါသုံးပေါ့ အခုချိန်ဟာဘိစပ်အပင်ဟာ အပွငိ့တွေပွင့်နေချိန်ဖြစ်ပါတယ် အပွင့်များပါထည့်သွင်းနိုင်ပါမယ် ဆေးဖျန်းတစ်ပုံးစာအတွက် 150/ 200  စီစီနှူန်းပက်ဖျန်းနိုင်ပါတယ်။ ဘိစပ်ရွက်အစားမည်သည့်အရွက်စိမ်းကိုမဆို အသုံးပြုနိုင်ပါတယ် အပင်၏အစာသည်အပင်ဖြစ်၏ဆိုတာ မမေ့ပါနဲ့၊ အပင်မှန်သမျှ၏ အစိပ်အပိုင်းမှန်သမျှအားလုံး အသုံးပြုနိုင်ပါမယ်။ ဘိစပ်ရွက်နဲ့ အာနိသင် တော့မတူနိုင်ဘူးပေါ့ လုံး၀အသုံးမပြုတာထက်စာရင် အပုံကြီးသာပါတယ်။ တောင်သူအားလုံး အလွယ်တကူ ဖေါ်စပ်အသုံးပြုနိုင်ပြီး အကျိုးများပြားတာကြောင့် ဖေါ်စပ်သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ မူရင်း-ခွန်တူး #တောင်သူဦးကြီး_taungthuoogyi
 ကုက္ကိုလ်သီးခြောက်ကို အပင်အားဆေးပြုလုပ်သုံးနည်း ================================== ၁။   (က)ကုက္ကိုလ်သီးခြောက်(၁)ပိသာ။         (ခ)ထန်းလျှက်ညို(သို့)သကြားညို              (၁)ပိသာ။         (ဂ) ဆန်ဆေးရည်(ဦးရေ)  (၄)လီ               တာ။        (ဃ) EM ၁၀၀ စီစီ။ ၂။   ကုက္ကိုလ်သီးကို ထောင်းထုပြီး၊ထန်း လျှက် ဆန်ဆေးရည်(EM)တို့ကို ပလပ်စ တစ်ပုံးတခုတွင်အဖုံးပိတ်၍  စိမ်ထားပြီး (၁၅) ရက်ခန့်အကြာမှာ  အသုံးပြုနိုင်ပါ သည်။ ၃။   ကုက္ကိုလ်သီးတွင် -        (က)    N  3.62%         (ခ)     P  0.27%         (ဂ)     K  2.23%  အသီးသီးပါဝင်                   သည်။ ၄။   အသုံးပြုလိုပါက   ရေစစ်ဖြင့်စစ်၍ ယူပါရေ(၁)ဂါလံတွင်(၅၀)စီစီနှုန်းထည့် ဖြန်းနိုင်သည်(၂)လခန့်အထိထားသုံးနိုင် သည်    မည်သည့်သီးနှံမဆိုအသုံးပြုနိုင် သည်။ ၅။      ကုက္ကိုလ်သီးခြောက်များ ပေါ်ချိန် တွင်    စုဆောင်းကောက်ထားယူထားပြီး အရိပ်အောက်တွင်စုပုံထားပါ     လိုအပ် ချိန်တွင်      ထုတ်ယူအသုံးပြုနိုင်သဖြင့် အကုန်အကျသက်သာသော   နည်းလမ်း တခုဖြစ်ပါသဖြင့်      တင်ပြပေးလိုက်ပါ သည်။ Credit : ရိုးမ ရိုးမ

EM-5

  အီးအမ် (EM) အမျိုးအစားကတော့ (၄) မျိုးရှိတယ်။ အဲဒီ (၄) မျိုးတွေကတော့ - ပင်မအီးအမ် (Original EM, OEM) - အီးအမ်အပြင်း (EM Concentrate, CEM) - အသင့်သုံးအီးအမ် (Instant EM) -အီးအမ် - ၅ (EM-5) တို့ဖြစ်ပါတယ်။ အခုမျှ၀ေသွားမှာကတော့ အီးအမ် - ၅ (EM-5)အကြောင်းပဲဖြစ်ပါတယ်ဗျ။ ⚠️ယခုဖော်ပြပေးထားသောပါ၀င်ပစ္စည်းအချိုးမှာ 5 ဂါလံ အတွက်သာ... ပါ၀င်ပစ္စည်းများ Emအပြင်း 1 လီတာ တင်လဲရည်1 လီတာ အရက်ဦးရေ 1 လီတာ ရှာလကာရည်1 လီတာ ကြက်သွန်ဖြူ 10ကျပ်သား ရေ 15 လီတာ အသုံးပြု နည်း အီးအမ်-၅ ကို အင်းဆက်ပိုးများနဲ့ ရောဂါများကို ကာကွယ်တဲ့အနေနဲ့အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အီးအမ်-၅ သည် အင်းဆက်တွေရဲ့ အစားအစာကို စားသောက်၍မရတဲ့ အညစ်အကြေးတွေအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အင်းဆက်တွေဟာအစာမစားနိုင်တော့ပဲ တဖြည်းဖြည်းနဲ့ အရေအတွက်တွေ လျော့နည်းသွားစေပါတယ်။ အင်းဆက်တွေကိုတိုက်ရိုက် သေစေနိုင်တဲ့ ဆေးမဟုတ်ပါဘူး။ ⚠️ဆေးတပုံး၃၀မှ၄၀စီစီသုံးနိုင်ပါတယ်ဗျ။ ⚠️နှစ်ပေါက်အောင် ထားနိုင်သည်။ သင်ဆရာ မြင်ဆရာ ကြားဆရာ များအားလေးစားလျက်... #ကိုဇေ_တောင်သူဦးကြီး

ကောက်ရိုးမှိုစိုက်ချင်ကြတဲ့ တောင်သူဦးကြီး များအတွက်

  ဂျပ်စက္ကူအသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးနည်း လိုအပ်သောအရာများ - မြေဘောင် အနက် ခြောက်လက်မှမှတစ်ပေ အလျားအနံ 12'×3'/10'×3'/7'×4' - မှိုမျိုး မြန်မာမျိုးထုပ်အသေးငါးထုပ်မှခုနှစ်ထုပ် အထုပ်ကြီးလေးထုပ် - ဂျပ်စက္ကူအချိန်တစ်ဆယ် - နွားချီးမြင်းချီး အသုံးပြုပါကဆယ်တင်း ဗေဒါအသုံးပြုပါကဆယ့်နှစ်တင်း - ဖွဲနု နို့ဆီသုံးလုံး - ထုံးနှစ်ဗူး ဆေးရွက်ကြီးအနည်းငယ် - ပလပ်စတစ် စိုက်ဘောင်အရှည်ထက်သုံးပေအပိုယူ၍ဝယ်ပါ - ဝါးတစ်လုံး စိုက်ပျိုးပုံအဆင့်ဆင့် မြေဘောင်အနက်ခြောက်လက်မသို့မဟုတ်တစ်ပေခန့် အလျားအနံအပေါ်မှာပြထားသေားအညွှန်းအတိုင်းကြိုက်နှစ်သက်ရာအတိုင်ဘောင်တင်ပါ။ ဘောင်တင်ပြီးပါကနွေရာသီတွင်ရေဂါလံဆယ်ဂါလံခန့် ပက်ဖြန်ပါ။ ဆောင်းရာသီတွင်လျှော့ဖြန်၍ မိုးရာသီတွင်မဖြန်လည်းရပါသည်။ ထုံးနို့ဆီနှစ်ဗူးကိုဆေးရွက်ကြီးနှင့်ရောမွှေ၍ဘောင်ဘေးနှင်ဘောင်တွင်ပက်ဖြန်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြောက်တင့်ခန့် ဗေဒါဖြစ်ပါက 7တင်းခန့်လက်လေးလုံး ငါးလုံးခန့်ခုတ်ဖြတ်၍အောက်ခံအဖြစ်ခင်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြေဖြင့်နင်းကာ ရေအားလုံးစိမ့်ဝင်သွားသည်အထိပက်ဖြန်ပါ။ ဂျပ်စက္ကူ အချိန်တစ်ဆယ်ကိုရေစွတ်၍လက်တစ်ဝါးအရွယ

ကြက်သွန်ဖြူ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း

 ကြက်သွန်ဖြူ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း ပါ၀င်ပစ္စည်းများ ကြက်သွန်ဖြူ ၆၀ ကျပ်သား အရက်ဦးရေ ၁ လီတာ ရှာလကာရည် ၅၀၀ စီစီ ပြုလုပ်ပုံ ကြက်သွန်ဖြူများ ကို ကျေညက် အောင် ကျိတ်/ထောင်းပါ။ ၅ ဂါလံ ဆံ့ ပုံး အလွတ်ထဲသို့ ကျိတ်ပြီးသား ကြက်သွန်ဖြူ များ ကို ထည့်ပါ  ။ ပြီးနောက် အရက်ဦးရေ၊ ရှာလကာရည်များကိုထည့်ပါ။ ထို့နောက် ရေထည့်ပြီး အ၀တ်ပါးပါးနဲ့အုပ်ပါ ။ တစ်နေ့တစ်ကြိမ် မွှေပေးပါ။ ၇ ရက်ပြည့်လျှင်အသုံးပြုလို့ရပါပြီဗျ။ အသုံးပြု ရန် နှုန်း ဆေးဖျန်းပုံး ၅ဂါလံ တစ်ပုံးလျှင်  အပင်သက်တမ်းငယ်ပါက ၂၀မှ ၃၀ စီစီ အပင်သက်တမ်းကြီးပါက ၄၀ စီစီ အသုံး ပြု နိုင်ပါတယ်။ ဆေးနှုန်းထား များ ရင် အပင်တွေလောင်တတ်ပါတယ်ဗျ။ ပြုလုပ် ပြီး ၃ပတ် ခန့်အထိ သိုလှောင် နိုင်ပါတယ်။ မှတ်ချက်-အသုံးပြုချိန်တွင် အဖတ်များကိုစစ်ပြီးမှ   အသုံးပြုပါဗျ။ မဟုတ်ရင် ဆေးဖျန်းပိုက်ထဲ မှာကြက်သွန်ဖြူဖတ်တွေပိတ်တတ်ပါတယ်။ တောင်သူများ အဆင်ပြေ အောင်မြင်ကြပါစေ။
  ကျတော့်တောင်သူဦးကြီးတွေ စပါးရိတ်ပြီးရိုးပြတ်တွေမီးရှို့တတ်ကြတယ်။ အရင်လဲ မီးရှို့တာကောင်း၊မကောင်း ဆိုတာPostတင်ပြီးမေးဖူးပါတယ်။ ကျတော့်သဘော အရဆိုမရှို့စေချင်ပါဘူး။ ဘာလို့လဲဆိုတော့လယ်တစ်ဧကမှာကောက်ရိုး ၃-၄.၅တန် လောက်ထွက်ရှိပါတယ်။ ကောက်ရိုးတွေထဲမှာ Organic Materials  အနေနဲ့....    - N  ၄၀%    - P  ၃၀-၃၅%    - K   ၈၀-၈၅%    - S.   ၄၀-၅၀% ပါဝင်ပါတယ်။ နောက်ပြီး အဟာရဓာတ်အနေနဲ့ ... ပိုတက်ဆီယံက ၁.၅၈% အများဆုံးပါဝင်တာမိုပိုးမွှားရောဂါကျတဲ့လယ်မှအပ....  မီးမရှို့ကြဖို့ဆို​တာကို တောင်သူတွေ သိကြပေမဲ့... ရိုးပြတ်တွေ ဘာကြောင့်မီးရှို့နေကြပါသလဲ...     - ထွန်ယက်စဥ် ထွန်သွားပတ်လို့...    - မီးရှို့ရင် ပြာဓာတ်ရတယ်ဆိုလို့...    - သက်လတ်သက်ကြီးစပါးများက      ရိုးပြတ်ရှည်တဲ့အတွက် ငုတ်က လမိုင်း      ထွက်သလို ကြိတ်ဘီးနဲ့လိုက်မြှုပ်နေရတာမို့      ခရီးဖင့်လို့... ဘယ်လိုဖြေရှင်းကြမလဲ...     - အားကောင်းတဲ့ လယ်ထွန်စက်ကြီးနဲ့ထွန်ပါ။     - အသေးစား ရိုးပြတ်ခုတ်စက်နဲ့ဝင်ပါ။     ( အခုကာလကြီးမှာ မြေဆီစျေးက မိုးထိအောင် ခေါင်ခိုက်နေသမို့ အကြံပြု တင်ပြ လိုက်ရကြောင်းပါ...) #ကိုဇေ_တောင်သူဦးကြီး #တ

Effective Microorganisms

 အကျိုးပြု အနုဇီ၀ (အီးအမ်) ==================   စိုက်ပျိုးရေးမှာ အသုံးပြုနိုင်တဲ့ အကျိုးပြု အနုဇီ၀ (အီးအမ်) {Effective Microorganisms (EM)} နည်းပညာကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ ပါမောက္ခဒေါက်တာ ဟီဂါရီက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ အီးအမ်ကို သဘာဝစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့အခါမှာ သီးနှံတွေက ဓာတုဆေးမသုံးဘဲ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဓာတုမြေဩဇာတွေ၊ ပိုးသတ်၊ ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ မှိုသတ်ဆေးတွေကြောင့် မြေဆီလွှာအတွင်းမှာရှိတဲ့ အကျိုးပြုပိုးတွေ သေကြေ ပျက်ဆီးသွားတာကို ပြန်လည်းမွေးမြူပြီး မြေဆီလွှာအတွင်းထည့်ပေးဖို့ အီးအမ်ကို ထုတ်လုပ်တာဖြစ်ပါတယ်။  ဓာတုဆေးမသုံးစွဲဘဲ စိုက်ပျိုးနိုင်တဲ့ စနစ်တွေကို ၁၉၃၅ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက ပညာရှင်တွေ စမ်းသပ်လေ့လာခဲ့ရာမှာ သိပ်မအောင်မြင်ခဲ့ကြပါဘူး။ အီးအမ်ကိုတွေ့တော့မှ အောင်မြင်လာတာဖြစ်ပါတယ်။ သီးနှံပင်တစ်ပင် အောင်မြင်ဖြစ်ထွန်းဖို့ သီနှံပင်ရဲ့ ပတ်ဝန်းကျင်နဲ့ ဒီအပင်ပေါက်တဲ့ မြေကြီးထဲက အနုဇိဝတွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အနုဇီဝတွေ အစွမ်းထက်ရင် ထက်သလောက် အလုပ်လုပ်ရင်လုပ်သလောက် သီး

သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ?

သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။ ၁။ နေရောင်ခြည် သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။ ၂။ ရေ အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး အမြဲခြောက်သွေ့နေတဲ့မြေမှာ မစိုက်သင့်ပါဘူး။ မြေကိုလည်း အမြဲစမ်းစစ်သင့်ပြီး အနက်(၂) လက်မလောက်ထိ မြေကခြောက်နေတယ်ဆိုရင်တော့ ရေများများပေးဖို့ လိုအပ်နေပါပြီဗျ။ အရွက်တွေ ငိုက်ကျနေတယ်ဆိုရင်လည်း ရေလိုအပ်နေပါပြီ

မြေဆီလွှာ

 မြေဆီလွှာ မြေဆီလွှာ ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် တစ်နေရာနှင့်တစ်နေရာ အထူအပါးချင်း မတူဘဲ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ ဖုံးလွှမ်းနေသော မြေလွှာပင်ဖြစ်သည်။ မြေဆီလွှာသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပေသည်။ မြေဆီလွှာသာ မရှိပါက အသီးအနှံများလည်း ဖြစ်ထွန်းတော့မည် မဟုတ်ချေ။ အသီးအနှံကို မှီဝဲစားသောက်နေရသော သက်ရှိသတ္တဝါများလည်း အသက်ရှင်နေနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤမျှအရေးကြီးသော မြေဆီလွှာတွင် မည်သည့်အရာများ ပါဝင်၍ မည်သို့ဖြစ်ပေါ်လာသည်ကို ဆင်ခြင်ကြည့်ကြစို့။ မြေဆီလွှာတွင် အလွန်သေးငယ်သော အမှုန်ကလေး အမြောက်အမြားပါသည်။  မြေမှုန့်တစ်ဆုပ်ကို ယူ၍ သေချာစွာကြည့်လျှင်ထိုမြေမှုန့်ကလေးတို့သည် ကျောက်အစအနကလေးများဖြစ်သည်ကို တွေ့ရသည်။ အချို့မြေမှုန့်တို့မှာ ကျောက်မှုန့်ကလေးမှန်း မသိရအောင်ပင် သေးငယ်ပေသည်။ ဤကျောက်မှုန့် ကလေးများသည် ကျောက်တုံးကျောက်ခဲများ ကြေပျက်၍ ဖြစ်လာကြသည်။ အလွန်မာကျောသော ထိုကျောက်တုံးကျောက်ခဲများကို မြေမှုန့်ဖြစ်ရအောင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေသည့် သဘာဝ အင်အားစုများမှာ ရေ၊ လေ၊ အပူ၊ အအေး၊ အပင်များ၊ တီကောင်များနှင့် ပုရွက်ဆိတ်များ ဖြစ်ကြသည်။  ရေသည် ကျောက်ခဲများကို အနည်းနည်

ပြောင်းစိုက်ပျိုးနည်း🌽🌽

  ပြောင်း စိုက်ပျိုးခြင်း🌽 စိုက်ပျိုးချိန် - မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။ မိုးနှောင်းကာလ - မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။ မြေပြုပြင်ခြင်း - ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး မြေဩဇာကျွေးခြင်း - တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။ - စိုက်ပျိုးပြီး ၁၅ - ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင်    နှင့် ၃၅ - ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။ အပင်မှုန်းခြင်း - စိုက်ပြီး ၁၀-၁၅ ရက်သား (အရွက် ၄-၆ရွက်) တွင် တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းရပါမည်။ ပေါင်းနှိမ်နင်းခြင်း - လက်ပေါင်းလိုက်ခြင်း (သို့) လက်တွန်းပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်း။ - အပင်မှုန်းပြီး ၁၀-၁၅ရက်သားတွင်တစ်ကြိမ်၊ ၃၅-၄၀ ရက်သားတွင်တစ်ကြိမ် ကြားပေါင်းလိုက်ခြင်း။ - ရိတ်သိမ်းသည့်တိုင်အောင် နှစ်လခြားတစ်ကြိမ် ပေါင်းရှင်းခြင်း။ - စိုက်ပြီး ၃-၅ ရက်တွင် Atra

ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း

 ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းအကြောင်း လာမေးထားလို့ တင် ပေး လိုက် ပါ တယ် ။ ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း -ပါ၀င်ပစ္စည်းများ အသင့်သုံးEM 1လီတာ တင်လဲရည် 1 လီတာ ရေ ဂါလံ ၂၀ ကောက်ရိုး၊လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ ၁၀ပေပတ်လည်ပလတ်စတစ်အကြည်စ တစ်ခု -ပြုလုပ်နည်း အလျား၆ပေ အနံ၃ပေ ထု ၆ပေ ရှိတဲ့မြေဆွေးပုံတစ်ခုကိုပြုလုပ်ပါမယ်။ ကောက်ရိုးသို့ စွန့်ပစ်ပစ္စည်းများကို အရင်ပုံပါ။ အပေါ်မှEMဖျော်ရည်၃ဂါလံဖျန်း၍ နွားချေး+ဖွဲနု အပြည့်ဖြူးပါ။ ဤကဲ့သို့ ၆လွှာ ပြုလုပ် ပါ။  ပလတ်စတစ် အုပ်ပါ။ ၄-၅ရက်အကြာ ပူလွန်းလျှင်အထက်အောက်လှန်ပေးပါ။ ခြောက်လျှင်ရေဖြန်းပါ။ ၇-၁၀ရက်ကြာတစ်၀က်တစ်ပျက်ဆွေးလျှင် စတင်သုံးနိုင်ပါသည်။ တစ်ဧက ၂တန် ( ၈ပုံ) မှ ၅တန် ( ၂၀ပုံ) အသုံးပြု နိုင် ပါ သည် ။ *မြေဆွေးပုံကို အရိပ်အောက်တွင် ပြုလုပ်ပေးပါ။