ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းအကြောင်း လာမေးထားလို့ တင် ပေး လိုက် ပါ တယ် ။
ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း
-ပါ၀င်ပစ္စည်းများ
အသင့်သုံးEM 1လီတာ
တင်လဲရည် 1 လီတာ
ရေ ဂါလံ ၂၀
ကောက်ရိုး၊လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ
၁၀ပေပတ်လည်ပလတ်စတစ်အကြည်စ တစ်ခု
-ပြုလုပ်နည်း
အလျား၆ပေ အနံ၃ပေ ထု ၆ပေ ရှိတဲ့မြေဆွေးပုံတစ်ခုကိုပြုလုပ်ပါမယ်။
ကောက်ရိုးသို့ စွန့်ပစ်ပစ္စည်းများကို အရင်ပုံပါ။
အပေါ်မှEMဖျော်ရည်၃ဂါလံဖျန်း၍ နွားချေး+ဖွဲနု အပြည့်ဖြူးပါ။
ဤကဲ့သို့ ၆လွှာ ပြုလုပ် ပါ။
ပလတ်စတစ် အုပ်ပါ။
၄-၅ရက်အကြာ ပူလွန်းလျှင်အထက်အောက်လှန်ပေးပါ။ ခြောက်လျှင်ရေဖြန်းပါ။
၇-၁၀ရက်ကြာတစ်၀က်တစ်ပျက်ဆွေးလျှင် စတင်သုံးနိုင်ပါသည်။
တစ်ဧက ၂တန် ( ၈ပုံ) မှ ၅တန် ( ၂၀ပုံ) အသုံးပြု နိုင် ပါ သည် ။
*မြေဆွေးပုံကို အရိပ်အောက်တွင် ပြုလုပ်ပေးပါ။
Comments
Post a Comment