Skip to main content

Posts

Showing posts from February, 2023

ရွက်ဖျန်းအားဆေးများ ပက်ဖျန်းလျှင် သတိပြုစေချင် .....

 သီးနှံပင်များရှင်သန်ကြီးထွားရန်အာဟာရဓာတ်(၁၆)မျိုးလိုအပ်ပါသည်။ ၎င်းဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊  ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ ဖြစ်ပါသည်။ ထိုဓာတ်များထဲမှ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်တို့ကိုအများအားဖြင့် ဓာတ်မြေဩဇာ မှရရှိပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဓာတ်များကိုလေမှရရှိပါသည်။ ကျန်ဓာတ်များကိုတော့မြေဆီလွှာအတွင်းမှရရှိပြီး တစ်ချို့မြေဆီလွှာအတွင်း၎င်းဓာတ်များချို့တဲ့ နေလျှင်သီးသန့်ထည့်ပေးရတာလည်းရှိပါသည်။  သီးနှံပင်များအတွက်လိုအပ်သည့်ဓာတ်များကို မြေဆီလွှာအတွင်းထည့်ပေးလိုက်ပါက မြေဆီလွှာ အတွင်းမှာရှိသည့် ရေ(သို့မဟုတ်)အစိုဓာတ်နှင့်ပျော်ဝင်ပြီး ၎င်းဓာတ်များကိုအမြစ်များကစုပ်ယူကာ အပင်ကြီးထွား ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းရေးအတွက်အသုံးချပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့ဓာတ်များသည်မြေဆီလွှာထဲကိုထည့်ပြီး အမြစ်ကစုပ်ယူစေသည့်နည်းစနစ်ထက်အပင် အရွက် ပေါ်ကိုအရည်အဖြစ်နှင့်ဖျန်းပေးတာက အပင်ကပိုပြီးမြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြ

မွှားပင့်ကူနီအကြောင်း

 “မွှားပင့်ကူနီ”  မြန်မာအမည် - မွှားပင့်ကူနီ အင်္ဂလိပ်အမည် - Red spider mite သိပ္ပံအမည် - Tetranychus urticae   သီးနှံပင်များတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည့် ဖျက်ပိုးပေါင်းများစွာတွင် “မွှားပင့်ကူနီ” သည် အပါအဝင်ဖြစ်သည်။ မွှားပင့်ကူနီ ကျရောက်ပါက သီးနှံပင်များ၏ ပင်ရည်များကိုစုပ်ယူစားသောက်ပြီး အရွက်များတွန့်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း စသည်တို့ဖြစ်ပေါ်တတ်ပြီး သီးနှံပင်အရည်အသွေး ကျဆင်းကာ အထွက်နှုန်းကိုပါ လျော့ကျထိခိုက်စေနိုင်သည်။  မွှားပင့်ကူနီသည် အရွယ်အစား (၁) မီလီမီတာထက်သေးငယ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီမှာ အဝါရောင် (သို့) အဝါဖျော့ရောင် အစက်လေးများရှိသည့် ပင့်ကူငယ်လေးများဖြစ်သည်။ ၎င်းအကောင်ငယ်လေးများကို အပင်ရဲ့အရွက်အောက်မျက်နှာပြင်များတွင် အမြောက်အများတွေ့ရှိနိုင်ပါသည်။ ဆိုးရွားစွာကျရောက်ချိန်တွင် အပင်အရွက်များပေါ်တွင် ပင့်ကူမျှင်လေးများကိုပါ တွေ့ရှိနိုင်သည်။ နေ့တာတိုသည့်ဆောင်းရာသီတွင် ပိုးကောင်လေးများသည်အနီရောင်ရင့်ရင့်သို့ပြောင်းသွားပြီး ဆောင်းခိုရန်အတွက် သီးနှံပင်များကို စွန့်ခွာသွားတတ်ကြသည်။  မွှားပင့်ကူနီသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် မျိုးပွားနှုန်း နှင့် အသက်ရှင်သန်နိုင်မှု

ကြက်သွန်တွင် ကျရောက်သောရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း "

ကြက်သွန်စိုက်ခင်းတွေမှာ ကျရောက်တတ်တဲ့ရောဂါတွေအကြောင်းကို  တောင်သူဦးကြီးများအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါ --------------------------------------------- ရောဂါဖြစ်စေသည့် သက်ရှိ  - Peronospora desturctor ရောဂါကျရောက်သည့်အချိန် - ဆောင်းရာသီ၊ မိုးရာသီ ရောဂါလက္ခဏာ ။   ။  ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် ကြက်သွန်မျိုးရင်းဝင် အပင်များတွင် ကျရောက်နိုင်ပါသည်။ အရွက်ပေါ်တွင် ရွက်ပြောက်ဖြစ်ခြင်း၊ အရွက်တစ်ခုလုံးခြောက်ခြင်းတို့ ဖြစ်ပေါ်စေသည်။ အရွက် ထိပ်ဖျားမှ စတင်၍အောက်ဖက်သို့ ဘဲဥပုံရှိစိမ်းဝါဖျော့ရောင် (သို့) မီးခိုးရောင် အကွက်ကြီးများဖြစ်လာသည်။ အရွက်ထိပ်ဖျားမှာ အရောင်ဖြူ၍လိမ်ကောက် လာပြီး အောက်သို့ငိုက်ကျလာသည်။ ၎င်းလက္ခဏာမှာအရွက်ရင့်များတွင် စတင်ဖြစ်ပေါ်သည်။ အကွက်ရှည်များထဲတွင် မီးခိုးပြာ (သို့) ခရမ်းမှိုင်းရောင် မှိုအစုအဝေးကို တွေ့နိုင်သည်။ နောက်ပိုင်းတွင် ၎င်းနေရာများဖြူ၍ ခြောက်သွား သည်။ သိုလှောင်ထားသော ကြက်သွန်များတွင် ရောဂါကျပါကပုပ်၍ ရှုံ့တွလာ သည်။ အပြင်ဘက် ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီ  အညှောင့်ပေါက်လာနိုင်သည်။ ရောဂါသံသရာ ။  ။

နောက်ပိုင်းနှစ်များတွင်နေကြာသီးနှံများတွင်ကျရောက်နိုင်ခြေများသော ပိုးမွှား

  Sunflower Headclipping Weevil Scientific Name-Haplorhynchites aeneus  ဖျက်ကောင်၏လက္ခဏာများ ရှည်လျားပြီး ကွေးညွှတ်သော နှာမောင်းနှင့် ပျော့ပျောင်းသော တောင်ပံများ ဖုံးအုပ်ထားသော 1.0 စင်တီမီတာ (1/3 လက်မ) ခန့်ရှည်သော အနက်ရောင်ပိုးဖြစ်သည်။ အပင်ပျက်စီးမှု၏ထူးခြားသောပုံစံဖြင့် ရောဂါရှာဖွေခြင်းကို အလွယ်ဆုံးပြုလုပ်သည်။ ပန်း ခွဲထားသော ပန်းပွင့်ခေါင်းများကို ပွင့်သောအခါ ဝတ်မှုန်တွင် ဖုံးအုပ်ထားသော အရွယ်ရောက်ပြီးသော ပိုးကောင်များ၏ မိတ်လိုက်သည့် အစုအဝေးများကို တွေ့ရတတ်သည်။ ဘဝစက်၀န်းနှင့် နေထိုင်စားသောက်ပုံအပြုအမူ တစ်နှစ်လျှင် မျိုးဆက်တစ်ခုသာ ရှိသေးပြီး အရွယ်ရောက်ကောင် များသည် ဇူလိုင်လတွင် မျိုးပွားမှုအဆင့်သို့ ချဉ်းကပ်လာသောကြောင့် နေကြာပန်းများပေါ်တွင် ပေါက်လေ့ရှိသည်။ ပိုးကောင်များသည် တခါတရံ အရွက်ညှာများ မပွင့်သေးပါက အရွက်များ ဖြတ်သွားတတ်ပါသည်။ ညှပ်ထားသော အပြုအမူကို အမ များသာ လုပ်ဆောင်ကြသည်။ ပိုးကောင်များသည် အချိန်နှင့် စွမ်းအင်များစွာကို သုံးစွဲကြသည်။ ပိုးကောင်အတွဲများကို အပင်မှတွဲလောင်းထားချိန်တွင် ခွဲထားသောခေါင်းများအတွင်း ဝတ်မှုန်များ မိတ်လိုက်ခြင်းနှင့် ဝတ်မှုန်များကို မကြာခဏတွေ့နိုင်သည်။ ဥမျ