Skip to main content

မွှားပင့်ကူနီအကြောင်း

 “မွှားပင့်ကူနီ” 


မြန်မာအမည် - မွှားပင့်ကူနီ


အင်္ဂလိပ်အမည် - Red spider mite


သိပ္ပံအမည် - Tetranychus urticae 


 သီးနှံပင်များတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည့် ဖျက်ပိုးပေါင်းများစွာတွင် “မွှားပင့်ကူနီ” သည် အပါအဝင်ဖြစ်သည်။ မွှားပင့်ကူနီ ကျရောက်ပါက သီးနှံပင်များ၏ ပင်ရည်များကိုစုပ်ယူစားသောက်ပြီး အရွက်များတွန့်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း စသည်တို့ဖြစ်ပေါ်တတ်ပြီး သီးနှံပင်အရည်အသွေး ကျဆင်းကာ အထွက်နှုန်းကိုပါ လျော့ကျထိခိုက်စေနိုင်သည်။ 


မွှားပင့်ကူနီသည် အရွယ်အစား (၁) မီလီမီတာထက်သေးငယ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီမှာ အဝါရောင် (သို့) အဝါဖျော့ရောင် အစက်လေးများရှိသည့် ပင့်ကူငယ်လေးများဖြစ်သည်။ ၎င်းအကောင်ငယ်လေးများကို အပင်ရဲ့အရွက်အောက်မျက်နှာပြင်များတွင် အမြောက်အများတွေ့ရှိနိုင်ပါသည်။ ဆိုးရွားစွာကျရောက်ချိန်တွင် အပင်အရွက်များပေါ်တွင် ပင့်ကူမျှင်လေးများကိုပါ တွေ့ရှိနိုင်သည်။ နေ့တာတိုသည့်ဆောင်းရာသီတွင် ပိုးကောင်လေးများသည်အနီရောင်ရင့်ရင့်သို့ပြောင်းသွားပြီး ဆောင်းခိုရန်အတွက် သီးနှံပင်များကို စွန့်ခွာသွားတတ်ကြသည်။



 မွှားပင့်ကူနီသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် မျိုးပွားနှုန်း နှင့် အသက်ရှင်သန်နိုင်မှုနှုန်း များပြားသည်။ မွှားပင့်ကူနီများသည် ကြီးထွားမှုအဆင့် (၅) ဆင့်ရှိပြီး ဥအဆင့် မှ အကောင်ကြီး အဆင့်အထိ (၇ မှ ၁၄) ရက်အထိ ကြာမြင့်နိုင်ပါသည်။ အမတစ်ကောင်သည် သုံးပတ်အတွင်းမှာ ဥပေါင်း ၁၀၀ ကျော်ကို အုနိုင်ပါသည်။ ဥတွေကို အရွက်ရဲ့အောက်မျက်နှာပြင်မှာ အုကြပြီး မွှားပင့်ကူနီ (၁၀) ကောင်မှ တစ်လအတွင်း အကောင်ရေ ၁,၀၀၀ မှ နှစ်လအတွင်း အကောင်ရေ ၁၀၀,၀၀၀ ထိ မျိုးပွားနိုင်ကြပါသည်။ ပတ်ဝန်းကျင် အစိုဓာတ်မြင့်မားခြင်းက မွှားပင့်ကူနီများ ဥအုနှုန်းကို လျော့ကျစေပါသည်။ မွှားပင့်ကူနီသည် ခြေချောင်းများဖြင့် နေရာတိုင်းပြန့်နှံ့နိုင်သလို လေနှင့် အင်းဆက်ခန္ဓာကိုယ်များမှတစ်ဆင့် ကပ်တွယ်၍လည်း အဝေးသို့ပြန့်နှံ့နိုင်သည်။ 


မွှားပင့်ကူ၏ ဖျက်ဆီးပုံလက္ခဏာမှာ အရွက်အောက်မျက်နှာပြင်မှနေ၍ အပင်ဆဲလ်များကို ထိုးဖောက်ခြစ်စားသဖြင့် အရွက်များအောက်သို့ တွန့်ကုပ်သွားသည်။ ၎င်းပိုးစကျသည့်အချိန်တွင် အရွက်အပေါ်မျက်နှာပြင်၌ အဖြူရောင်အစက်အပြောက်များကိုတွေ့ရပြီး အကောင်ရေများပြား လာသည်နှင့်အမျှ အဖြူရောင် အစက်အပြောက်များ ပိုမိုများပြားလာပြီး အရွက်အရောင်ပျောက်ကာ နောက်ဆုံးမှာ အပင်သေဆုံးသွားနိုင်ပါသည်။ သီးနှံပင်အရွက်အောက်မျက်နှာပြင်များတွင် မွှားပင့်ကူနီ အမြောက်အများရှိနိုင်သော်လည်း မှန်ဘီလူးဖြင့်ကြည့်မှသာ သေချာကွဲပြားစွာ မြင်တွေ့နိုင်ပါသည်။ အကောင်ရေများပြားလာမှသာ အကောင်အစုအဝေးများစွာနှင့် ပင့်ကူမျှင်များကို တွေ့မြင်နိုင်မှာ ဖြစ်သည်။


 မွှားပင့်ကူနီများသည် အစာမစားပဲ ဆောင်းခိုနိုင်ပြီး နွေနှင့်မိုးရာသီများတွင် သီးနှံပင်များကိုပြန်လည်ဖျက်ဆီးတတ်ကြပါသည်။ အထူးသဖြင့် မတ်လ မှ အောက်တိုဘာလအတွင်း သီးနှံပင်များပေါ်တွင် ကျရောက် ဖျက်ဆီးနိုင်ပါသည်။ 


 “မွှားပင့်ကူနီ”ကျရောက်မှုကို ကာကွယ်နှိမ်နင်းရန် .....


☑️ မွှားပင့်ကူနီ ကျရောက်ထားသောအခင်း၏ လေအောက်ကျသောနေရာများတွင် သီးနှံခင်းအသစ် စိုက်ပျိုးခြင်းကိုရှောင်ကြဉ်ပါ။

 

☑️ ပိုးကျထားသော အပင်များကို နှုတ်၍ မီးရှို့ဖျက်ဆီးပြီး (၁-၂)ပတ် မြေလှပ်ထားပါ။ 


☑️ စိုက်ခင်း နှင့် စိုက်ခင်းဘေးပတ်လည်တွင် ပေါင်း၊မြက်များ ပြောင်စင်အောင်ရှင်းလင်းထားရမည်။


☑️ ဓာတုပိုးသတ်ဆေးအသုံးပြုရန်

-Emmamectin Benzoate

-Lambda Cyhlothrin

ဆေးများမှ တစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုပေးနိုင်ပါသည်။


#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့