Skip to main content

Posts

Showing posts from April, 2022

စပါးစိုက်ပျိုးရေး နှင့် မီသိန်းဓာတ်ငွေ့

 စပါးစိုက်ပျိုးရေး နှင့် မီသိန်းဓာတ်ငွေ့ မီသိန်း : Methaneသည် ဓာတုဖော်မျူလာ CH4 (ကာဗွန်အက်တမ် ၁ လုံးနှင့် ဟိုက်ဒရိုဂျင်အက်တမ် ၄ လုံး) ဖြင့် ဖွဲ့စည်းထားသော ဒြပ်ပေါင်းဖြစ်သည်။ ယင်းသည် အရိုးရှင်းဆုံးသော အာကိန်းဖြစ်ကာ သဘာဝဓာတ်ငွေ့၏ ပင်မ ပါဝင်ပစ္စည်းဖြစ်သည်။ သို့သော် မီသိန်းဓာတ်ငွေ့သည် အငွေ့အဖြစ်သာ တည်ရှိသောကြောင့် သိမ်းထားရန်မှာ စိန်ခေါ်မှုတစ်ခုပင်တည်း။ ကမ္ဘမြေရှိ မီသိန်းဓာတ်ငွေ့သည် လောင်စာအဖြစ်အသုံးချရန် စိတ်ဝင်စားခြင်း ခံရလျက်ရှိသည်။ မီသိန်းအား မြေအောက်နှင့် ပင်လယ်ရေမျက်နှာပြင်တွင် သဘာဝအတိုင်း တွေ့ရသည်။ မီသိန်းအား ကမ္ဘာ့လေထုတွင် တွေ့ရပါက လေထု မီသိန်းဟု ခေါ်ဆိုသည်။ ကမ္ဘာ့လေထုရှိ မီသိန်း ပါဝင်မှုမှာ ၁၇၅၀ ခုနှစ်ကတည်းက ၁၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ စပါးစိုက်ပျိုးခြင်းမှ ကမ္ဘာကြီးပူနွေးစေသောမီသိန်း ဓာတ်ငွေ့ထွက်ရှိခြင်းမှာ - ၁။စပါးခင်းထဲ ရေအမြဲလှောင်ထားခြင်း စပါးခင်းထဲရေ အမြဲ ထည့် ထား ရင် ဖန်လုံအိမ်ဓာတ်ငွေ့ မီသိန်းဓာတ် ထုတ်လုပ်မှုပိုမိုအားပေးနိုင်တဲ့အတွက်ရေအမြဲ မလှောင်ထားသင့်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဆည်ရေသောက်လယ်မြေတွေရှိပါသော်လည်း ရေလိုတဲ့အချိန်မှာရေမရခြင်း၊ရေသွင်းရေထုတ်ခက်ခဲခြင်း စတဲ

ပေါင်းသတ်ဆေး

 ယခုဖော်ပြမယ့် နှုန်းထားက မိမိနေအိမ် ခြံဝန်းအတွင်း တနိုင်တပိုင် ပေါင်းနှိမ်နင်းရာမှာ အသုံးပြုရမယ့် နှုန်းထားဖြစ်ပါတယ်။ ထည့်သွင်းရမယ့်နှုန်းထားကတော့ - ရှာလကာရည် ၁ ဂါလံ (အက်စစ်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း) - အိမ်သုံးဆား ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး) - ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း ၎င်းတို့ကို ရောစပ်ကာ အပြည့်အဝ ပျော်ဝင်သည်အထိ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ အပြည့်အဝ ပျော်ဝင်ပြီဆိုရင်တော့ ဆေးဖျန်းနိုင်ပြီ ဖြစ်ပါတယ်။ ဒီသဘာဝပေါင်းသတ်ဆေးကို အသုံးမပြုခင် သိထားရမယ့် အချက်အလက်တချို့ရှိပါသေးတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ - ရှာလကာရည်ပေါင်းသတ်ဆေးမှာ ဓာတုဆေးတွေလို ရွေးချယ်ပေါင်းသတ်ပေးတဲ့ အာနိသင်မရှိတာကြောင့် အသုံးပြုရာမှာ အခြားသောအပင်တွေကို မထိခိုက်စေဖို့ သတိပြုသင့်ပါတယ် - လေမတိုက်ဘဲ နေသာတဲ့အချိန်မျိုးတွေမှာ ဆေးဖျန်းသင့်ပါတယ်။ နေရောင်ဟာ ရှာလကာရည်ကြောင့် ပေါင်းပင်တွေ ခြောက်သွေ့သွားအောင် ကူညီပေးနိုင်ပါတယ်။ လေတိုက်နေရင် မလိုတဲ့နေရာကို ဆေးတွေရောက်သွားနိုင်တာကြောင့် သတိပြုသင့်ပါတယ် - ရှာလကာရည်ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေရဲ့ အမြစ်ကိုတိုက်ရိုက်မထိတွေ့ပဲ အပေါ်ဘက် အစိတ်အပိုင်းတွေကိုသာ ထိခိုက်ပျက်စီးစေ