Skip to main content

ပေါင်းသတ်ဆေး

 ယခုဖော်ပြမယ့် နှုန်းထားက မိမိနေအိမ် ခြံဝန်းအတွင်း တနိုင်တပိုင် ပေါင်းနှိမ်နင်းရာမှာ အသုံးပြုရမယ့် နှုန်းထားဖြစ်ပါတယ်။


ထည့်သွင်းရမယ့်နှုန်းထားကတော့

- ရှာလကာရည် ၁ ဂါလံ (အက်စစ်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း)

- အိမ်သုံးဆား ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

- ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း


၎င်းတို့ကို ရောစပ်ကာ အပြည့်အဝ ပျော်ဝင်သည်အထိ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ အပြည့်အဝ ပျော်ဝင်ပြီဆိုရင်တော့ ဆေးဖျန်းနိုင်ပြီ ဖြစ်ပါတယ်။

ဒီသဘာဝပေါင်းသတ်ဆေးကို အသုံးမပြုခင် သိထားရမယ့် အချက်အလက်တချို့ရှိပါသေးတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။


- ရှာလကာရည်ပေါင်းသတ်ဆေးမှာ ဓာတုဆေးတွေလို ရွေးချယ်ပေါင်းသတ်ပေးတဲ့ အာနိသင်မရှိတာကြောင့် အသုံးပြုရာမှာ အခြားသောအပင်တွေကို မထိခိုက်စေဖို့ သတိပြုသင့်ပါတယ်

- လေမတိုက်ဘဲ နေသာတဲ့အချိန်မျိုးတွေမှာ ဆေးဖျန်းသင့်ပါတယ်။ နေရောင်ဟာ ရှာလကာရည်ကြောင့် ပေါင်းပင်တွေ ခြောက်သွေ့သွားအောင် ကူညီပေးနိုင်ပါတယ်။ လေတိုက်နေရင် မလိုတဲ့နေရာကို ဆေးတွေရောက်သွားနိုင်တာကြောင့် သတိပြုသင့်ပါတယ်

- ရှာလကာရည်ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေရဲ့ အမြစ်ကိုတိုက်ရိုက်မထိတွေ့ပဲ အပေါ်ဘက် အစိတ်အပိုင်းတွေကိုသာ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ကြီးမားတဲ့ ပေါင်းပင်တွေနှိမ်နင်းမယ်ဆိုရင် သေချာ အသုံးပြုသင့်ပါတယ်

- တစ်ရာသီခံပေါင်းပင်တွေကိုတော့ အလွယ်တကူနှိမ်နင်းနိုင်ပေမယ့် နှစ်ရှည်ပေါင်းတွေကို နှိမ်နင်းရာမှာတော့ ခက်ခဲနိုင်တာကြောင့် စနစ်တကျနဲ့ အကြိမ်ကြိမ်အသုံးပြုပေးဖို့ လိုအပ်ပါတယ်



 ပေါင်းသတ်ဆေးအသုံးပြုရာတွင် မနက်(၉)နာရီခန့်ဖျန်းပြီးမိုးရွာ/ရေလောင်းခြင်းကို ၆နာရီလွတ်လျှင်ဆေးအာနိသင်ပိုမိုထိရောက်ပါတယ် အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဆေးသည်နေရောင်ခြည်နှင့် ကောင်းစွာဓာတ်ပြုနိုင်ပြီး အရွက်များ၏ stomata များပွင့်ချိန်နှင့် တိုက်ဆိုင်ပြီး ဆေးရည်ကောင်းစွာ စိမ့်ဝင်ရန်အခြေနေကောင်းပါတယ်။


#တောင်သူဦးကြီး_Taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့