Skip to main content

Posts

Showing posts from May, 2022
 ကြဲခင်းလည်းစိုက်ခင်းလောက်ထွက်နိုင်ပါသည် ကွင်းဆင်း သွား တိုင်းမေးကြည့်လိုက်တဲ့အခါ "ဦးလေးတို့ကတော့ ကြဲပစ်လိုက်တာပဲ" ဆို တဲ့ စကား တွေ ကတော့ ၁၀၀မှာ ၉၀လောက်ကြားခဲ့ရပါတယ်။(တစ်ချို့ဆိုကြဲပြီးမှကြွက်၊ငှက်၊ပုရစ် စား လို့ ပြန်ကြဲရတာမျိုးတွေလဲရှိပါတယ်။ အဲ့ဒီတော့ မျိုးဖိုး ၂ခါကုန်ရတာပေါ့။) အချိန်မှီစိုက်ပြီးချင်တာကတစ်ကြောင်း၊ငွေကြေးကုန်ကျစရိတ်လျော့လိုသည်အတွက်တစ်ကြောင်း ကျွန်တော် တို့တောင်သူတွေက အမြဲ ဘာသီးနှံ၊ဘာမျိုးစေ့ ပဲစိုက် စိုက် ကြဲပစ်လိုက်ကြတော့တယ်။ ကြဲ စိုက်တော့ဘာဖြစ်သလဲ?။သီးနှံမထွက်ဘူးလားဆိုတော့ လည်းထွက်ပါသည်။ ဒါ့ကြောင့်လည်း တောင်သူအများစုက အလွယ်တကူလုပ်နေကြခြင်းဖြစ်ပါတယ်။ အမှန်တကယ်သေချာစနစ်တကျလုပ်မည်ဆိုပါက ကြဲပက်စိုက်ခြင်းသည်အတန်းလိုက်စိုက်ပျိုးခြင်းလောက်ပင်သီးနှံအထွက်နှုန်းကောင်းမွန်ပါသည်။ ကြဲပက်စိုက်ပျိုးခြင်းရဲ့ကောင်းကျိုးများအနေနဲ့ အချိန်မှီစိုက်ပျိုးနိုင်ခြင်း လုပ်အားခ သက်သာခြင်း အကျိုးတွေရရှိနိုင်ပါတယ်။ ကြဲပက်စိုက်ပျိုးခြင်းရဲ့ဆိုးကျိုး များ အနေနဲ့  ပေါင်းမြက်ရှင်းလင်းရာမှာခက်ခဲခြင်း တိရစ္ဆာန်ဖျက်ဆီးမှုရှိခြင်း မျိုးနှုန်းထားပိုမိုသုံးစွဲရခြင်း အပင်ကြပ်တဲ့အတွက်လေ၀င်လေထွက်မ

Urea

 တချို့တောင်သူတွေလာလာမေးကြတဲ့ပုလဲကိုရေဖျော်ဖျန်းတဲ့အကြောင်း ပုလဲခေါ်  ယူရီးယားဟာ Nitrogen ဓာတ်ကိုအားပေးတဲ့မြေသြဇာဖြစ်တယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဓာတ်မြေသြဇာတွေစျေးကြီးလာတာနဲ့ အမျှတောင်သူတွေလည်းကြံဆပြီး စျေးပေါတဲ့မြေဆီတွေ၊မြေသြဇာကိုရေဖျော်ဖျန်းတာတွေလုပ်လာကြပါတယ်။ အဲ့ဒီအထဲမှာ ၀မ်းသာစရာတစ်ခုကတောင်သူတွေ  Organicဆေးတွေ၊EMကိုအသုံးပြုလာကြပြီးတော့(မြေဆွေးပုံ၊EM၅၊EMဘိုကာရှီ )အစရှိတဲ့ ဓာတုကင်းလွတ်မြေဆွေး၊ပိုးသတ်ဆေးများကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာပဲဖြစ်ပါတယ်။ [ခြွင်းချက် အနေနဲ့ ကတော့သီးနှံတွေ၀ုန်းဒိုင်းဆိုပြီးတဟုန်ထိုးအထွက်ကောင်းလာတာမျိုးမဟုတ်ပဲ တစ်ရာသီပြီးတစ်ရာသီ တဖြေးဖြေး ချင်းအထွက်နှုန်းတိုးတက်လာစေမှာဖြစ်ပါတယ်။] ရွက်ဖျန်းအားဆေးကစျေးကြီးတာတစ်ကြောင်းသီးနှံပင်ကိုအာဟာရဓာတ်မြန်မြန်ရောက်နိုင်စေရန်ယူရီးယား ကိုရေဖျော်ဖျန်းကြတော့တာပဲ။ ယူရီးယားသာမက တစ်ခြားမြေဆီများကိုလည်းရေဖျော် မဖျန်းစေလိုပါ။ ဘာကြောင့်လဲဆိုတော့ယူရီးယားကိုရေဖျော်ဖျန်းလိုက်တဲ့အခါ အရွက်တွေစိမ်းစိုလာခြင်းကြောင့်ပိုးများပိုမိုကျရောက်ခြင်း၊ကိုင်းဆတ်ခြင်း စတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ #ကိုဇေ_တောင်သူဦးကြီး
 မြေဆွေးကိုတော့ ငွေ၃သောင်းကျော် ပေးမ၀ယ်စေ လိုပါ။ ကျွန်တော် တို့နိုင်ငံမှာတောင်သူလယ်သမားတွေက စီးပွားရေးသမားတွေလှည့်သမျှပတ်သမျှခံနေရပါတယ် မတိုးတက်မဖွံ့ဖြိုးသေးတဲ့ရွာလေးတွေကတောင်သူလယ်သမားတွေဆိုပိုတောင်ခံရပါသေးတယ် ပြီးခဲ့တဲ့ရက်ပိုင်းက.... ကျွန်တော် ရွာဘက် ကွင်းဆင်း တော့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။ တောင်သူကြီးတယောက်အိမ်ရောက်သွားတဲ့အခါ မြေသြဇာ ပက်ဖို့ တဲ့ ၀ယ်ထားတဲ့မြေသြဇာအိတ်က ၃၃၀၀၀ကျပ် အကြွေးယူတော့၃၆၀၀၀ကျပ် တဲ့။ ကျွန်တော် ကြည့်လိုက်တဲ့အခါမြေဆွေးသာသာရယ်ပါ မြေဆွေးထဲ ကျောက်မှုန့်၊ကွန်ပေါင်းအနည်းငယ်ရောထားတယ်ထင်ပါရဲ့။ မြေဆီ စျေးတွေကကြီး  ငွေကရှာရခက်တော့ တောင်သူတွေလည်းစျေးသင့်တယ်ဆိုပြီးသုံး၊ လက်တလော Facebook ပေါ် မှာ MLMစနစ်တွေနဲ့ရောင်းနေတဲ့မြေဆီတွေက ပေါ် လာ တော့ မသိနားမလည်တဲ့တောင်သူတွေ ကို "ဂျင်း"ထည့်ချင်တိုင်းထည့်နေကြတော့တာပေါ့။ အဲ့လို ရောင်းတဲ့အထဲ စိုက်ပျိုးရေးသမားတွေပါ  ပါလာတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် လည်းတောင်သူဦးကြီးတွေလွယ်လွယ်ကူကူနဲ့ပြုလုပ်သုံးစွဲစေနိုင်ဖို့ သဘာ၀မြေသြဇာလုပ်နည်း၊အီးအမ်ဘိုကာရှီပြုလုပ်နည်းတွေကိုPageမှာဖော်ပြခဲ့ပါတယ်။အကယ်၍များဦးကြ