မြေဆွေးကိုတော့ ငွေ၃သောင်းကျော် ပေးမ၀ယ်စေ လိုပါ။
ကျွန်တော် တို့နိုင်ငံမှာတောင်သူလယ်သမားတွေက စီးပွားရေးသမားတွေလှည့်သမျှပတ်သမျှခံနေရပါတယ်
မတိုးတက်မဖွံ့ဖြိုးသေးတဲ့ရွာလေးတွေကတောင်သူလယ်သမားတွေဆိုပိုတောင်ခံရပါသေးတယ်
ပြီးခဲ့တဲ့ရက်ပိုင်းက....
ကျွန်တော် ရွာဘက် ကွင်းဆင်း တော့ ကြုံခဲ့ရတဲ့
အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။
တောင်သူကြီးတယောက်အိမ်ရောက်သွားတဲ့အခါ
မြေသြဇာ ပက်ဖို့ တဲ့ ၀ယ်ထားတဲ့မြေသြဇာအိတ်က ၃၃၀၀၀ကျပ် အကြွေးယူတော့၃၆၀၀၀ကျပ် တဲ့။
ကျွန်တော် ကြည့်လိုက်တဲ့အခါမြေဆွေးသာသာရယ်ပါ မြေဆွေးထဲ ကျောက်မှုန့်၊ကွန်ပေါင်းအနည်းငယ်ရောထားတယ်ထင်ပါရဲ့။
မြေဆီ စျေးတွေကကြီး ငွေကရှာရခက်တော့ တောင်သူတွေလည်းစျေးသင့်တယ်ဆိုပြီးသုံး၊
လက်တလော Facebook ပေါ် မှာ MLMစနစ်တွေနဲ့ရောင်းနေတဲ့မြေဆီတွေက ပေါ် လာ တော့ မသိနားမလည်တဲ့တောင်သူတွေ ကို "ဂျင်း"ထည့်ချင်တိုင်းထည့်နေကြတော့တာပေါ့။
အဲ့လို ရောင်းတဲ့အထဲ စိုက်ပျိုးရေးသမားတွေပါ ပါလာတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်တော် လည်းတောင်သူဦးကြီးတွေလွယ်လွယ်ကူကူနဲ့ပြုလုပ်သုံးစွဲစေနိုင်ဖို့ သဘာ၀မြေသြဇာလုပ်နည်း၊အီးအမ်ဘိုကာရှီပြုလုပ်နည်းတွေကိုPageမှာဖော်ပြခဲ့ပါတယ်။အကယ်၍များဦးကြီးတို့ အနေနဲ့ မြေဆွေးပုံလုပ်နည်းများကိုသိလိုပါကမေးမြန်းနိုင်ပါတယ်။
⚠️မြေဆွေးကိုတော့ ငွေ၃သောင်းကျော် ပေးမ၀ယ်စေ လိုပါ။⚠️
#ကိုဇေ_တောင်သူဦးကြီး
Comments
Post a Comment