Skip to main content

Posts

Showing posts from February, 2022

အရွက်ဖျန်း ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ဆောင်ရန်/ ရှောင်ရန်များ"

  "အရွက်ဖျန်း ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ဆောင်ရန်/ ရှောင်ရန်များ" (၁) အရွက်ဖျန်းဓာတ်မြေဩဇာများသည် မြေချမြေဩဇာများကို အစားထိုးရန် (Substitute of Replacement) မဟုတ် ထိရောက် သောအကူပြုခြင်း (Effective Supliment)သာဖြစ်သည်။ (၂) ဓာတ်မြေဩဇာများ ခေတ်စားခါစအချိန်က ဓာတ်မြေဩဇာ အသုံးပြုလျှင် အခြားမြေဩဇာများသုံးရန်မလိုတော့ဟု လွန်လွန် ကဲကဲအမွှန်းတင်ခဲ့ကြသကဲ့သို့ အရွက်ဖျန်းဓာတ်မြေဩဇာများ ခေတ်စားလာသောအခါ၌လည်း ထိုသို့အလွန် အကျွံကြော်ငြာခြင်း များမှာလည်း အခြေအမြစ်မရှိပေ။ (၃) အရွက်ဖျန်းဓာတ်မြေဩဇာမှ အာဟာရများသည် စတိုမာ (Stoma) လေပေါက်၊ အရွက်ကိုဖုံးနေသော ကြူတီကယ်အလွှာ အကြား သွယ်တန်းနေသောအက်တိုဒက်(စ်) မာတာ (Ectodes mata) အမျှင်များမှ ဝင်ရောက်ခြင်းဖြစ်သည်။ စတိုမာခေါ် လေပေါက်များမှ အစားဝင်ရောက်မှုမှာ (၉၅)ရာနှုန်းရှိသော ကြောင့် အရွက်ဖျန်းဓာတ်မြေဩဇာကို ပက်ဖျန်းသောအခါ အထက် အောက် အရွက်မျက်နှာပြင်အားလုံးကို ထိရန်အရေးကြီးသည်။ (၄)အရွက်ဖျန်းဓာတ်မြေဩဇာမှ အာဟာရများသည် (၂)နာရီအတွင်း (၉ဝ)ရာနှုန်းဝင်ရောက်နိုင်သည်။ ထို့ကြောင့် ထိုအချိန်မလွန်မီ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ နေပူပြင်းထန်ခြင်းမရှိစေအပ်ပေ။