Skip to main content

Posts

Showing posts from March, 2022

မန်ဂျန်ရှား

 မန်ဂျန်ရှား စိုက်ပျိုးနည်း၊ အပင်ပြုစုထိန်းသိမ်းနည်းနှင့် အသုံးဝင်ပုံများ စိုက်ပျိုးနည်း Acacia မန်ဂျန်ရှား သည် အမြင့် ( ၉၈ ပေ) ရှိပြီး ဖြောင့်မတ်သောပင်စည်ရှိသည်။ မျိုးစေ့အနေဖြင့် တစ်ကီလိုတွင် ၁၄၂၀၀၀ ရှိသည်။ မျိုးစေ့အပင်ပေါက်ရန်အတွက် ရင့်မှည့်သောမျိုးစေ့ အစေ့ငုတ်ချိန်အား အညှောင့်မဖောက်ခင် ပြင်ဆင်သည့်အနေဖြင့် မျိုးစေ့မျက်နှာပြင်အား ခြစ်ခြင်း သို့ ရေဖြင့်ပြုတ်ခြင်း ပြုလုပ်ပါက မျိုးစေ့အညှောင့်ပေါက်ခြင်း မြန်ဆန်ပြီး ၇၅ % ထိ အပင်ပေါက်နိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ အခြား ပဲမျိုးနွယ်ဝင်အပင်များကဲ့သို့ လေထုထဲမှ နိုက် ထရိုဂျင်ကို မြေကြီးထဲသို့ ဖမ်းယူရရှိစေသည်။ သစ်တောစိုက်ခင်း ပြုလုပ်ရန်အတွက် အရေးပါသော မျိုးစိတ်တစ်ခုဖြစ်ပြီး ယခုအခါ သစ်တောသစ်ပင် ရောနှောစိုက်ပျိုးခြင်း ပရော့ဂျက်များအတွက် ပို၍ပို၍ သုံးစွဲလာကြသည်။ Acacia မန်ဂျန်ရှား နှင့် ရောပြီးစိုက်ပျိုးခြင်းဖြင့် Acacia မန်ဂျန်ရှားအပင်မှ ရရှိမည့် အကျိုးအမြတ်အပြင် မြေကြီးအတွင်းနိုင်ထရိုဂျင်ကိုလည်း ရရှိစေမည်။ Acacia မန်ဂျန်ရှားအပင်သည် ရေစီးဆင်းမှုညံ့ဖျင်း၍ မြေဆီအဟာရချို့တဲ့သော မြေတွင် ရှင်သန်နိုင်သော်လည်း ရေစီးဆင်းမှုကောင်းမွန်ပြီး မြေဆီထက်သန်သောမြေတွ

နွေစပါးသီးနှံတွင် ကျရောက်သော ဖြုတ်ညို ပိုးမွှားများကို ကာကွယ်နှိမ်နင်းခြင်း

  နွေစပါးသီးနှံတွင် ကျရောက်သော ဖြုတ်ညို ပိုးမွှားများကို ကာကွယ်နှိမ်နင်းခြင်း ဘယ်သီးနှံမဆို ပိုးမွှားကျရောက်လာပြီဆိုလျှင် အထွက်နှုန်းလျော့ကျသွားစမြဲဖြစ်ပါသည်။ နွေစပါးသီးနှံတွင် ကျရောက်သော ပိုးမွှားများ နှင့် ရောဂါများမှာ လေ၊ ရေ၊ မြေ၊ မျိုးစေ့၊ ရောဂါကျ အပင်အစိတ်အပိုင်းများ၊ လူ၊ တိရစ္ဆာန် နှင့် အသုံးပြုဆက်စပ်ပစ္စည်းများမှ ကူးစက်ခြင်းဖြစ်စေပါသည်။ ထိုပိုးများသည် မြေကြီး၊ အပင်နားနေသော အမြစ်ကဲ့သို့ အစိတ်အပိုင်းများ၊ ပေါင်းမြက်များ၊ ရောဂါရ အပင်အကြွင်းအကျန်များ စသည်တို့၌ ခိုအောင်းနေနိုင်ပါသည်။ နွေစပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားများကို နှိမ်နင်းရာဝယ် ကင်းထောက်စစ်ဆေးခြင်း၊ မီးထောင်ခြောက်ပြုလုပ် ထွန်းထားခြင်း၊ ဥမြုံများကို လက်ဖြင့် ဖယ်ရှားခြင်း၊ ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးရမည်ဖြစ်သည်။ နွေစပါးတွင် အဓိကကျရောက်တတ်သော ဖြုတ်ညိုမှာ ပျိုးခင်းမှ အနှံစတင်ချိန်ထိ ကျရောက်နိုင်ပြီး ပင်ပွားထွက်ချိန်နှင့် အနှံစတင်ချိန်မှာ ပိုမို ဖျက်စီးတတ်ပါသည်။ စပါးပင်ခြေ ရေစပ်နားမှာ နေထိုင် စားသောက်လေ့ရှိပါသည်။ ဖြုတ်ညိုကျရောက်ပြီ ဆိုလျှင် ဖြုတ်လောင်ရောဂါက