Skip to main content

နွေစပါးသီးနှံတွင် ကျရောက်သော ဖြုတ်ညို ပိုးမွှားများကို ကာကွယ်နှိမ်နင်းခြင်း

 

နွေစပါးသီးနှံတွင် ကျရောက်သော ဖြုတ်ညို ပိုးမွှားများကို ကာကွယ်နှိမ်နင်းခြင်း

ဘယ်သီးနှံမဆို ပိုးမွှားကျရောက်လာပြီဆိုလျှင် အထွက်နှုန်းလျော့ကျသွားစမြဲဖြစ်ပါသည်။ နွေစပါးသီးနှံတွင် ကျရောက်သော ပိုးမွှားများ နှင့် ရောဂါများမှာ လေ၊ ရေ၊ မြေ၊ မျိုးစေ့၊ ရောဂါကျ အပင်အစိတ်အပိုင်းများ၊ လူ၊ တိရစ္ဆာန် နှင့် အသုံးပြုဆက်စပ်ပစ္စည်းများမှ ကူးစက်ခြင်းဖြစ်စေပါသည်။ ထိုပိုးများသည် မြေကြီး၊ အပင်နားနေသော အမြစ်ကဲ့သို့ အစိတ်အပိုင်းများ၊ ပေါင်းမြက်များ၊ ရောဂါရ အပင်အကြွင်းအကျန်များ စသည်တို့၌ ခိုအောင်းနေနိုင်ပါသည်။



နွေစပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားများကို နှိမ်နင်းရာဝယ် ကင်းထောက်စစ်ဆေးခြင်း၊ မီးထောင်ခြောက်ပြုလုပ် ထွန်းထားခြင်း၊ ဥမြုံများကို လက်ဖြင့် ဖယ်ရှားခြင်း၊ ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးရမည်ဖြစ်သည်။

နွေစပါးတွင် အဓိကကျရောက်တတ်သော ဖြုတ်ညိုမှာ ပျိုးခင်းမှ အနှံစတင်ချိန်ထိ ကျရောက်နိုင်ပြီး ပင်ပွားထွက်ချိန်နှင့် အနှံစတင်ချိန်မှာ ပိုမို ဖျက်စီးတတ်ပါသည်။ စပါးပင်ခြေ ရေစပ်နားမှာ နေထိုင် စားသောက်လေ့ရှိပါသည်။ ဖြုတ်ညိုကျရောက်ပြီ ဆိုလျှင် ဖြုတ်လောင်ရောဂါကို ဖြစ်စေပြီး ဗိုင်းရပ်စ်ကူးစက်စေ နိုင်ပါသည်။

ဖြုတ်ညိုမကျရောက်စေဖို့အတွက် ရှောင်ကြ ်ဥ    ရမည် များမှာ မျိုးစေ့နှုန်းပိုသုံးခြင်း၊ အပင်စိပ်စိပ်စိုက် ခြင်း၊ ပတ်ဝန်းကျင်စိုက်ခင်းများထက် ရက်များစွာနောက်ကျ၍ စိုက်ပျိုးခြင်းတို့ဖြစ်သည်။

N မြေဩဇာတစ်မျိုးတည်းမသုံးပဲ ပိုတက်ရှ် မြေဩဇာကိုပါ အသုံးပြုပေးရမည်။ ပင်ပွားထွက်ပြီး ရေသွင်းရေထုတ် တစ်လှည့်ဆီ ပြုလုပ်ပေးရမည်ဖြစ်သည်။ စပါးပင်အောက်တွင် ဖြုတ်ညိုများရှိမရှိ တစ်ပတ်တစ်ခေါက် အနည်းဆုံးစစ်ဆေးပေးရမည်။ ဖြုတ်ညိုကိုတွေ့လျှင် အရင်ဆုံးရေထုတ်ရမည်ဖြစ်ပြီး လေကြောင်းခွဲပေးရမည်ဖြစ်သည်။ စပါးရုံတစ်ရုံတွင် ဖြတ် (၁၀-၁၅) ကောင်နှင့် အထက်တွေ့မှသာ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေး တစ်မျိုးမျိုးကို သုံးပေးပါ။ ထိသေ/ စားသေ ပိုးသတ်ဆေး တစ်မျိုးကို သုံးမည်ဆိုပါက ဖြုတ်ညိုကို တိုက်ရိုက်ထိစေရန် အပင်အောက်ခြေထိ ရောက်အောင် ဆေးဖျန်းပေးရမည်။
#တောင်သူဦးကြီး_Taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့