Skip to main content

Posts

Showing posts from October, 2021

ကျွဲကောစိုက်ပျိုးနည်း

  ကျွဲကောပင် စိုက်ပျိုးနည်း   ၁။ မူရင်းဒေသ အမေရိက၊ တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍ သိရပါသည်။ ကျွဲကောပင်ကို အင်္ဂလိပ်လို pummelo၊ ရုက္ခဗေဒအမည်မှာ Citrus Grandis၊ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။ ၂။ ရာသီဉတု နေ့အပူချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တော်သောအပူချိန်မှာ ၁၅ - ၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်။ အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန်အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်းနှင့် အရောင်မလှခြင်းများ ဖြစ်ပါသည်။ အထူးသဖြင့် နံနက်ပိုင်းတွင် စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီးအရည်ရွှမ်းခြင်းကို ဖြစ်စေပါသည်။ အသီးဆွတ်ခူးချိန်ရှိ အသီးအရည်အသွေးကို အလင်းရောင်အားပြင်းက အကျိုးသက်ရောက် မှုရှိသည်။ အလင်းပြင်းအား အသင့်အတင့်ရှိပါက တောက်ပသောအဝါရောင်အသီးခွံကို ဖြစ်စေပြီး အလင်းပြင်း အားများခြင်းက အဝါဖျော့ရောင် အသီးခွံကိုဖြစ်စေပါသည်။ မှည့်ခါနီးအသီးကို အိတ်စွပ်ပေးခြင်းက အသီး၏အသားကို နူးညံ့စေပြီး အရည်ရွှမ်းစေပါသည်။ လေတိုက်ခြင်းက အကိုင်းမကြီးများကို ကျိုးစေနိုင်ပြီး အသီးကြွေကျခြင်းကိုဖြစ်စေပါသည်။ ထိုကြောင့် အပင်များ

NPK

 N-P-K ဆိုသော N (Nitrogen) P (Phosphate) K (Potassium) တို့ဖြစ်ပါတယ်။ Nitrogen (နိုက်ထရိုဂျင်) ၏ အကျိုးပြုပုံ  နိုက်ထရိုဂျင် သည် - အပင်များ ကျန်းမာသန်စွမ်းကြီးထွားခြင်း - အရွက်များကို အစိမ်းးရောင်ခြယ်စေခြင်း - အစာချက်ခြင်းအတွက်  တို့အတွက် အကျိုးပြုပါသည်။ P (ဖော့စဖိတ်) ၏ အကျိုးပြုပုံ ဖော့စဖိတ် သည် - အမြစ်များ ကြီးထွားစေခြင်း - ပန်းများ ပွင့်စေခြင်း - အသီများလျှင်မြန်ကောင်းမွန်စွာ ရင့်မှည့် ခြင်း တို့အတွက် အကျိုးပြုပါသည်။ K (ပိုတက်ဆီယမ်) ၏ အကျိုးပြုပုံ ပိုတက်ဆီယမ် သည်  - အပင်များ ကျမ်းမာ သန်စွမ်းစေခြင်း - ရောဂါကာကွယ် စေခြင်း - အပူ၊ အအေး စသော ရာသီဥတု ဒဏ် ခံနိုင်ခြင်း တို့အတွက်  အကျိုးပြပါသည်။  ထို့ကြောင့် N-P-K ချို့တဲ့ခြင်းမရှိစေရန် ကောင်းမွန်သော မြေဩဇာ ကို ရွေးချယ်၍ သုံးစေချင်ပါသည်။ #photo_from_internet #တောင်သူဦးကြီး_taungthuoogyi

သီးနှံစိုက်ပျိုးရေးတွင် ယူရီးယား (ပုလဲ)နှင့်လက်ချားရော၍သုံးစွဲနည်း"

 "သီးနှံစိုက်ပျိုးရေးတွင် ယူရီးယား (ပုလဲ)နှင့်လက်ချားရော၍သုံးစွဲနည်း" တစ်ဧကတစ်ကြိမ်ဖျန်းရန်အတွက်ယူရီးယား(၄)ပေါင်ခန့်နှင့် လက်ချား ၀.၅ ပေါင်ခန့် လိုအပ်ပါသည်။ ဖျော်စပ်နည်း- ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်း (၄)ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း(၁)ဇွန်းကို ပျော်အောင်ဖျော်ပါ။ (မှတ်ချက်-ပရဆေးဆိုင်မှ လက်ချားအားအပူပေးပြီး ပေါက်ပေါက်ကဲ့သို့ဖြစ်လာ ချိန်တွင် ပုလင်းဒလှိမ့်တုံးဖြင့် အမှုန့်ပြုလုပ်ပြီးမှ အသုံးပြုပါ)၊ (သို့မဟုတ်) လက်ချားအမှုန့်ကို ဝယ်ယူ အသုံးပြုပါ။  -ဖျန်းရန်အကြိမ် - ပန်းဖြိုင်ဖြိုင်ပွင့်ချိန် (၁)ကြိမ်၊ - ဖျန်းရန်ပမာဏ - တစ်ဧကလျှင် ၂၀ ဂါလံနှုန်း၊   - ဖျန်းရန်အချိန် - နံနက်စော၊ ညနေစောင်း၊ နေအေးသောအချိန်  ပဲမျိုးစုံသီးနှံအပေါ် အကျိုး သက်ရောက်မှု- - ကုလားပဲ ၂၀ % ၊ ပဲတီစိမ်း- ၂၅ % ၊ မတ်ပဲ - ၃၀ % ၊ ပဲပုပ် ၄၀ % ပိုမိုထွက်ရှိနိုင်ပါသည်။  အကျိုးကျေးဇူးများ - ကုန်ကျစရိတ်နှင့် လုပ်အားခသက်သာခြင်း၊ အာဟာရဓာတ်ပါဝင်မှု သေချာခြင်း၊ ပန်းပွင့်များ၍ ပန်းပွင့်ကာလ ရှည်ခြင်း ၊ သီးတောင့်များ၍ အစေ့ အရည်အသွေးကောင်းခြင်း၊ ပိုးမွှား ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း။  ဖော်ပြပါနည်းလမ်းသည် ကုန်ကျစရိတ

စိုက်ပျိုရေးသုံးရေအကြောင်း

စိုက်ပျိုရေးသုံးရေအကြောင်း  ( အပင်ကလည်းလူလို ရေသန့်မှကြိုက်တာ)            အားဆေးဖျော်ဖို့  သုံးတဲ့ရေရဲ့ပြင်းအားသို့ အခြားသောအာဟာရတွေများစွာ ပျော်ဝင်နေတဲ့ရေ ဥပမာ ရေငန်တာချဉ်တဲ့ရေ မှာဖျော်ရင် ရေမှာ ပျော်ဝင်တဲ့အာဟာရတွေ များနေလို့ကိုယ်ဖျော်တဲ့ရွက်ဖျန်းအားဆေးသို့မြေဆီတွေရေပျော်ဖို့ခက်တာကြုံဖူးကြပါလိမ့်မယ်။ ကိုယ့်အပင်အတွက်ကျွေးချင်တဲ့အာဟာရရေမှာပျော်မှုနည်းလာတာနဲ့  ဆေးအာနိသင်ကို ပြည့်ဝစွာကျွေးနိုင်ဖို့ကရေနဲ့ဖျော်စပ်ရာမှာတင် အလေအလွင့်များနေပါတယ် ။ နောက်ဖျော်ပြီးဖျန်းတဲ့အချိန်မှာလည်း အလေအလွင့် များဖြစ်စေတဲ့   (1)နေအပူကြောင့်အငွေ့ပျံလွယ်ခြင်း  (2)လေနဲ့လွင့်ပါခြင်း (3)ဖျန်းနည်းစနစ်မမှန်ခြင်း                                 ကြောင့် မိမိအသုံးပြုမည့်ဆေးကမိမိစိုက်ခင်းအတွက်အကျိုးရှိစေမှုဟာအလွန်နည်းပါနေပါလိမ့်မယ်။တစ်ချို့ကြားဖူးမှာပါ ရွှံပါသောရေနဲ့ဖျော်ရင်ပေါင်းသတ်ဆေး အာနိသင်ပျက်တယ်ဆိုတာ။ ရေမှာ (1)ကယ်ဆီယမ် (calcium) (2) မက္ကနီဆီယမ် (mg) (3) ကလိုရင်း (Chlorine )နှင့် (4) အခြားသောဒြပ်စင်တွေပါဝင်ပါတယ် ။             အချို့သောပေါင်းသတ်ဆေး၊ပိုးသတ်ဆေး  မှိုသတ်ဆေး(amine  saltပါသော ဆေးများ)ဟာ ရေမှာပ

ဆပ်ပြာပေါက်မြေများအကြောင်း

 #ဆပ်ပြာပေါက်မြေများအကြောင်း ဆပ်ပြာပေါက်မြေတွေမှာ ကယ်ဆီယမ်နဲ့ သံဓာတ်ချို့တဲ့မှု၊ အဆိပ်သင့်မှုများကြောင့်အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အမြစ်ပွားမှုနည်းခြင်း၊အပင်အာဟာရဓာတ်လှုပ်ရှားမှုပေါ်အစာချက်လုပ်မှုကျဆင်းလာခြင်းတို့ဖြစ်ပေါ်စေပါတယ်။ #ဆပ်ပြာပေါက်မြေဘာကြောင့်ဖြစ်ရတာလဲ မြေသားတည်ဆောက်မှုညံ့ဖျင်းပြီး ရေဝင်ရေထွက်ညံ့ဖျင်းတဲ့မြေကို ဆပ်ပြာပေါက်မြေအဖြစ်သတ်မှတ်ပါတယ်။ဆပ်ပြာပေါက်မြေတွေကိုတော့ အောက်မြန်မာပြည်မှာမတွေ့နိုင်ဘဲ မန္တလေး၊ မကွေး၊စစ်ကိုင်းကဲ့သို့သော အညာဒေသတွေမှာ မိုးရွာသွန်းမှုနည်းခြင်းနဲ့ တွင်းရေမှ ဆားပါဝင်မှုများခြင်းတို့ကြောင့်မူလဆားပေါက်မြေကနေ ဆား-ဆပ်ပြာပေါက်မြေတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ PH (၈.၅ - ၁၁) ရှိသောမြေများကိုဆပ်ပြာပေါက်မြေအဖြစ်သတ်မှတ်ပါတယ်။ထိုကဲ့သို့ဆပ်ပြာပေါက်မြေတွေမှာ ကမ်ဆီယံ နှင့် သံဓာတ်ချို့တဲ့မှု အဆိပ်သင့်မှုများကြောင့် အပင်ကြီးထွားမှု နှေးကွေးခြင်း အမြစ်ပွားမှုနည်းခြင်း၊အပင်အာဟာရ ဓာတ်လှုပ်ရှားမှုအပေါ် အစာချက်လုပ်မှုကျဆင်းလာခြင်းတို့ဖြစ်တတ်ပါတယ်။လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘာဝပတ်တဝန်းကျင်ပျက်စီးယိုယွင်းမှုဟာ တော

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ ============================ ငရုတ်ကို သာမန်အားဖြင့် ငရုတ်အစပ်မျိုးနဲ့ ငရုတ်အချိုမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ မျိုးအလိုက် အချို့ငရုတ်သီး  တွေဟာ မိုးပေါ်ကိုထောင်ပြီး အချို့က အောက်ကို ငိုက်ပြီးသီးပါတယ်။ ငရုတ်သီးပုံသဏ္ဍာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြပါတယ်။ ငရုတ်ကို စိုက်ပျိုးတဲ့ရာသီအလိုက် မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဆို ပြီးရှိပါတယ်။ မိုးကြိုငရုတ်ကို  ဖေဖော်ဝါရီ၊ မတ်လမှာ ပျိုးထောင်ပြီး ဧပြီ၊မေလမှာပြောင်းရွှေ့စိုက်ပျိုးကာ ဇူလိုင်၊ သြဂုတ်မှာ ခူးပါတယ်။ မိုးငရုတ်ကိုတော့ ဧပြီ၊မေလမှာ ပျိုးထောင်၊ ဇွန်လမှာ ပြောင်းရွှေ့စိုက်ပျိုးပြီးရင် စက်တင်  လမှာခူးဆွတ်ပါ တယ်။ ဆောင်းငရုတ်ကိုတော့ အောက်တိုဘာလမှာပျိုးထောင်ပြီး နိုဝင်ဘာမှာ စိုက်ပျိုးကာ  ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခူးဆွတ်ပါတယ်။ ကြိုက်နှစ်သက်သောရာသီဥတုနှင့်မြေအမျိုးအစား ------------------------------------------------------ ငရုတ်ဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် (၂၅-၅၀)လက်မရွာသွန်းတဲ့ဒေသမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။ ပူပြင်းတဲ့ဒဏ်ကိ

စပါးအနှံအောင်အသီးအဆံပြည့်သော EC(chemical) နည်းလေးပြောပြပေးချင်ပါတယ်

 မြန်မာပြည်တွင် အခက်ခဲ မျိုးစုံဖြင့် စိုက်ပျိုးရေးကို အားထားနေရသော တောင်သူဉီးကြီးများအတွက်ရည်ရွယ်ကာ စပါးဗိုက်ဖောင်းချိန် အစာကျွေးရန်အခက်ခဲဖြစ်နေသူ တို့အတွက် စပါးအနှံအောင်အသီးအဆံပြည့်သော EC(chemical) နည်းလေးပြောပြပေးချင်ပါတယ် လိုအပ်ရင်ယူ မလိုအပ်ပါကျော်ဖတ်ပါ လိုအပ်သောကုန်ကြမ်းများ ယူရီယား N 46-0-0. 2kg နွားနို့တလီတာ (ရေသန့်ဘူးတဘူး) နို့ချဉ်ဒိန်ချဥ်  50ccတဘူး အချိုမုန့်  80-100gmတထုတ် ကျွဲရိုင်း-လစ်ပို -m-150(2ပုလင်း) မ ည်သည့်အချိညရည်မဆိုရပါတယ် ကြက်ဉဂျူလင်စီ-3 ဇွန်း မရှိပါက ကြက်ဉတလုံးခေါက်ထ ည့်ပါ ပြုလုပ်ပုံ 1-ယူရီးယား46-0-0 -2kgကို ပုံးတခုတွင်ထည့်ပါ 2-အချိုရ ည် 2ပုလင်းဖောက်ထ ည့်ပါကြေအောင်မွေပါ 3-နွားနို့တလီတာထည့်ပြီးမွှေပါ 4-နို့ချဉ်တဘူးထည့်မွှေပါ 5-အချိုမုန့် ထည့်ပါ အားလုံးကိုအရည်ပျော်သွားသည်ထိလက်မောင်းအောင့်ပါစေ မွှေသာမွှေပါ နောက်ဆုံးကြက်ဥဂျူလင်စီ 3ဇွန်းထည့်ပြီးထပ်မွှေပါ ဆေးရည်အားလုံးကိုရေသန့်ပုလင်းထဲထည့်ထားပါ ရေ20လီတာဆေးဖျန်းပုံးတပုံးကို ဆေး 3-4ဇွန်းထက်ပိုမထည့်ပါနဲ့ စပါးစတင်ဗိုက်ဖောင်းချိန်မှ 7-ရက်ခြားတကြိမ် နံနက်ပိုင်းနဲ့ ညနေသုံးနာရီနောက်ပိုင်းဖျန်

ဂန္ဓမာပန်းစိုက်ပျိုးနည်း

  #ဂန္ဓမာပန်းစိုက်ပျိုးနည်း ( Caltivation of Chrysanthemun) ___________________________ ၁။ နိဒါန်း အရောင်အသွေး စုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော ပန်းဖြစ်ပါ သည်။ ဂန္ဓမာပန်းသည် ကမ္ဘာတွင် တန်ဖိုးထား အမြတ်တနိုး သုံးစွဲပြီး စီးပွားဖြစ် ထုတ်လုပ် စိုက်ပျိုးသောပန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အိမ်တွင်း၊ အလှူ မင်္ဂလာဆောင်၊ အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသော ပန်းဖြစ်ပါသည်။ အရောင်သွေး စုံလင်သော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ၂။ မျိုး ဂန္ဓမာပန်းများတွင် မျိုးကွဲပေါင်း များစွာရှိသည်။ ပန်းမျိုးများအား ပန်းပွင့်၏ပုံစံ၊ ပန်းပွင့်၏အရောင်၊ အပင် အရွယ်အစားပေါ် မူတည်၍ အမည်အမျိုးမျိုး ရှိသည်။ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လက်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ ပုလဲဖြူမှအစ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးနေသော ဂန္ဓမာပန်းမျိုးများ များစွာရှိသည်။ အဓိကအားဖြင့် မေလနောက်ပိုင်းတွင် စိုက်ပျိုးရမည့်မျိုးနှင့်

စပါးရိတ်သိမ်းပြီးချိန်တွင် ပဲစိုက်ပျိုးပေးခြင်းဖြင့် တောင်သူကြီးတို့ရဲ့ ဝင်ငွေသာမကပဲ မြေဆီလွှာကပါအကျိုးအမြတ်တွေရနိုင်ပါတယ်

  စပါးရိတ်သိမ်းပြီးချိန်တွင် ပဲစိုက်ပျိုးပေးခြင်းဖြင့် တောင်သူကြီးတို့ရဲ့ ဝင်ငွေသာမကပဲ မြေဆီလွှာကပါအကျိုးအမြတ်တွေရနိုင်ပါတယ် . (၁) မြေဆီလွှာ အရည်အသွေးကောင်းမွန်ခြင်း ပဲပင်များသည် ပရိုတင်းဓာတ်မြင့်မားပြီး နိုက်ထရိုဂျင်ကြွယ်ဝပါသည်။ ပဲပင်မှထောက်ပံ့ပေးသောနိုက်ထရိုဂျင်သည် မြေဆီလွှာမှကောက်ပဲသီးနှံများကိုပြိုကွဲစေပြီး သဘာဝမြေအဖြစ်အသွင်ကူးပြောင်းစေသည်။ . (၂) မြေဆီလွှာအစိုဓာတ်ကိုပြန်လည်ဖြည့်တင်းပေးခြင်း များသောအားဖြင့် ပဲပင်များတွင်ရှိသည့်ပြင်းထန်သောအမြစ်များသည် မြေကြီးထဲရှိ လမ်းကြောင်းများကိုဖွင့်ပေးသည်။ အမြစ်လမ်းကြောင်းများသည် မြေဆီလွှာကိုစိမ့်ထွက်စေခြင်း ၊လေထုရွေ့လျားမှုကို မြှင့်တင်ပေးပြီး မြေဆီလွှာအတွင်းသို့ရေများ ဝင်ရောက်ခြင်းကိုဖြစ်စေသည်။ . (၃) မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်ပုံကို တိုးတက်ကောင်းမွန်စေခြင်း ပဲပင်၏အမြစ်ရှိပရိုတင်းပါဝင်မှုကြောင့် မြေဆီလွှာကို ထိန်းထားစေနိုင်ပြီး စိမ့်ဝင်မှုပိုကောင်းစေသလို မြေဆီလွှာတိုက်စားမှုကိုလည်းလျော့ကျစေသည် . (၄) PH ကျဆင်းခြင်း ပဲပင်များသည် PH ကိုနိမ့်ကျစေသောကြောင့် အပင်ဖွံ့ဖြိုးမှုကို အကောင်းဆုံးမြှင့်တင်ပေးသည်။ ဒီအချက်လေးတွေအပြင် ပဲပင်များသည်ရ

ငှက်ပျောသီးခွံမြေသြဇာ🍌🍌

 ငှက်ပျောသီးခွံကို နောက်ဆိုမလွှင့်ပစ်ပါနဲ့ ----------------------------- ကျွန်တော်တို့ ငှက်ပျောသီးကို စားသုံးတဲ့ အခါမှာ ငှက်ပျောခွံ(Banana peel)ကို စွန့်ပစ်လေ့ ရှိတယ်။ လေ့လာတွေ့ရှိချက်အရ စွန့်ပစ် ငှက်ပျောခွံမှာ အပင်များအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တွေ များပါဝင်နေပါတယ်။ ငှက်ပျောခွံကို ရေထဲ၌(၃)ရက်ခန့်ကြာသည့်တိုင်အောင် စိမ်ထားပြီး ၄င်းရေကို အပင်တွေအတွက် လောင်းပေးနိုင်သလို၊ငှက်ပျောခွံကို အပင်ခြေ၌ အုံပေးထားရုံဖြင့် အပင် ကျန်းမာရေးအတွက် မရှိမဖြစ် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ် နှင့် မဂ္ဂနီဆီယမ် အဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် ပြောပြချင်တာက အပင်တွေမှာ ဖြုတ်ပိုး၊ပျပိုး(Aphid)လို့ခေါ်တဲ့ အပင်ကိုဖျက်ဆီးတတ်တဲ့ ပိုးတွေကျရောက်နေပါက ငှက်ပျောခွံကို အပင်၌ ချိတ်ဆွဲထားပါက ကင်းစင် သွားပါလိမ့်မယ်။ သစ်ခွ နဲ့ နှင်းဆီပင် တွေအတွက် အရမ်းအသုံးဝင်ပါတယ်။ #တောင်သူဦးကြီး_TaungThuOoGyi

ကွမ်းပင်မျိုးယူရာတွင် ရွေးချယ်ရမည့်အချက်များ

  ကွမ်းသည်ဆေးဖက်ဝင်ရုံသာမက ဘာသာရေးပွဲများ၊ အထင်ကရပွဲများတွင်လည်း မပါမဖြစ်အသုံးပြုရသောအရွက်ဖြစ်ပါသည်။ ထို့ပြင်သရေစာကဲ့သို့ပင် ရှေးယခင်မြန်မာဘုရင်များလက်ထက်က စားသုံးခဲ့သောကွမ်းသည် မြန်မာနိုင်ငံတွင် လွန်စွာစီးပွားရေးအရအရေးပါသော အရွက်တစ်မျိုးအဖြစ်ရပ်တည်နေပါသည်။ ယနေ့ခေတ်တွင် ကွမ်းတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ၆၀၀၀ကျပ်အထိ ပေါက်ဈေးရှိပါသည်။ ပေါက်ဈေးသည် ကွမ်း၏အရည်အသွေးပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။ ထို့ကြောင့်အရည်အသွေးကောင်းသောကွမ်းမျိုးများရရှိရန် မျိုးကိုမှန်ကန်စွာရွေးချယ်တတ်ရန်လိုအပ်ပါသည်။ကွမ်းမျိုးယူရာတွင် ထိပ်မျိုးညွန့်များ (သို့) ၃၀-၄၀စင်တီမီတာခန့်ရှိသောမျိုးဆစ်ပိုင်းများကိုအသုံးပြုရပါသည်။ ထိပ်ဘက်မှယူသောမျိုးညွန့်များသည် အမြစ်ထွက်လွယ်သောကြောင့် မျိုးယူရန်ပိုမိုသင့်တော်ပါသည်။ ကွမ်းမျိုးယူရာတွင် အောက်ပါအချက်အလက်များကိုကြည့်ပြီးရွေးချယ်ရပါမည်။ - မိမိစိုက်ပျိုးမည့်ကွမ်းအမျိုးအစား - မိခင်ခြံ၏သက်တမ်း - မိခင်ခြံ၏ရောဂါပိုးမွှားကျရောက်မှုအခြေအနေ - မိခင်ခြံ၏မြေသားဖွဲ့စည်းတည်ဆောက်ပုံ - မိခင်ခြံ၏မှတ်တမ်း - မိခင်ခြံ၏စိုက်ပျိုးပြုစုမှုပုံစံ စိုက်ပျိုးမည့်ကွမ်းအမျိုးအစား      မြန်မာနိုင်ငံတွင်အစိုက

စပါးပင်ကြီးထွားမှုအဆင့်အလိုက် ရေသုံးစွဲနည်း

  စပါးပင်ကြီးထွားမှုအဆင့်အလိုက် ရေအနက်ဘယ်လောက်ထားမလဲ? • ရေသည်ပေါင်းပေါက်ရောက်မှု ပမာဏနှင့် သဘာဝမြေဆီလွှာအာဟာရ ဓါတ်တည်ရှိမှု၊ စပါးပင်၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများစသည်တို့အပေါ် သက်ရောက်မှုရှိပါတယ် • သီးနှံပင် မှန်ကန်သော အဆင့်လိုက်ရေဖြည့် ဆည်းပေးခြင်းသည် အထွက်နှုန်းမြင့်မြင့်မားမာရရှိရန်အတွက် အရေးကြီးပါတယ်။ • ပေါင်းပေါက်ရောက်ကြီးထွားမှုကို ဖိနှိပ်၊ဟန့်တားပေးပါတယ်။ • အာဟာရဓါတ်များစုပ်ယူမှု ကိုတိုးမြှင့်ပေးပါတယ်။ ရေ အဓိကလိုအပ်တဲ့ အဆင့်များ • ပင်ပွားချိန် - အစိုဓါတ်ပြတ်ခဲ့ပါက အထွက် ၃၀% လျော့နိုင် • မှို့ကပ်ချိန် • ပန်းပွင့်ချိန် • အနှံသန္ဓေကြီးထွားချိန် • အနှံထွက်ချိန် - ပက်ကြားအက် အောင်ရေပြတ်ပါက ဗိုက်ဖြူခြင်း၊ ဆန်သားအက်ကြောင်း ဖြစ်ပေါ်နိုင် အပင်ကြီးထွားမှု အဆင့်အလိုက် ထားရှိသင့်သည့် ရေအနက် • မျိုးညှောင့်ပေါက်အဆင့် - စိုစွတ်ရုံ • ပျိုးပင်(စိုက်ပျိုး ၁၀-၂၀)ရက် - ရေမထည့်၊စိုစွတ်ရုံ (အစေ့ကြဲပြီး ဝ-၂၁)ရက် • ပင်ပွားအဆင့် - (၁ မှ ၂လက်မ) • ပင်စည်ရှည်ထွက်ချိန် -(၂ လက်မ) • မှို့ကပ်ချိန်မှ ဗိုက်ဖောင်းချိန် - (၂ မှ ၃ လက်မ) • အနှံထွက်ချိန် - (၂ မှ ၃ လက်မ) • ပန်းပွင့်ချိန် -( ၂ မှ ၃ လ

သဘာ၀မြေသြဇာ

  သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 ▶️ ဆွေးနွေး အကြံပြုလိုတာကတော့ သဘာ၀မြေသြဇာ၊ နွားချေး၊ မြေ ဆွေး၊ နုန်း စတဲ့မြေဆွေးတွေကို လယ်မြေ ယာမြေတွေထဲကို ထည့်ဖို့အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီလို မိုးဦးမကျတကျ အချိန်လေးဟာ သဘာဝမြေသြဇာ နွားချေး၊ မြေ ဆွေး၊ နုန်း၊ အမှိုက် သရိုက်တွေကို လယ်မြေ ယာမြေတွေထဲ ချဖို့ အသင့်တော်ဆုံးအချိန်ပဲ ဖြစ်တယ်။ သဘာ၀မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ နုန်းနဲ့ အမှိုက်သရိုက်တွေကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေ ချပေးရမှာ ဖြစ်ပါတယ်။ ▶️ ဘာဖြစ်လို့လဲဆိုတော့ တစ်ရာသီ၊ တစ်ရာသီမှာ သစ်ပင်တွေ စိုက်ပျိုးလိုက်ရင် တစ်ရာသီကုန်ဆုံးသွားတဲ့ အချိန်မှာ မြေကြီးထဲမှာရှိတဲ့ အာဟာရတွေကို နုတ်ယူ စားသုံးသွားကြလို့ပါပဲ။ ဒီလိုတစ်ရာသီ သစ်ပင် စိုက်တိုင်း အပင်က ထုတ်နုတ် စားသုံးသွားတဲ့ အာဟာရ တွေကိုမြေကြီးထဲကို ပြန်ထည့်မပေးဘူးဆိုရင် မြေကြီးဟာ ဘာမှမကျန်ခဲ့ပဲ ဘူးခွံသဖွယ် ဖြစ်သွားပြီး မြေကန်းသွားပါတော့တယ်၊ မြေဆီလွှာလည်း ပျက်သုဉ်း သွားတော့ တာပေါ့။ ▶️ သစ်ပင်တွေဟာ သူတို့ အသက်ရှင် ကြီးထွား ဖွံ့ဖြိုးဖို့အတွက် မြေကြီးထဲက နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပို တက်စီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊

ပဲစိုက်တောင်သူများ ကြုံတွေ့လေ့ရှိသော ခါးရိရောဂါ 🧑‍🌾 🧑‍🌾 🧑‍🌾 🧑‍🌾

🌿ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများ နှစ်စဉ်နှစ်တိုင်း မိမိတို့၏ စိုက်ခင်းများတွင် ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ ခါးရိရောဂါပင်ဖြစ်သည်။ ခါးရိရောဂါသည် 🌿သီးနှံ အပင်ဦးရေကို လျော့နည်း‌စေရုံသာမက အထွက်နှုန်းကိုပါ လျော့ကျစေသည့်အတွက် ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးချိန်တွင် ထိုရောဂါကို မလွဲမသွေ ရင်ဆိုင် ကြုံတွေ့နိုင်သည့်အတွက်  ကြိုတင်ပြင်ဆင်နိုင်ရန် မျှဝေပေးခြင်းဖြစ်သည်။ 🌿ခါးရိရောဂါသည် မြေဆောင်ရောဂါ တစ်မျိုးဖြစ်ပြီး ပဲတီစိမ်း၊ မတ်ပဲ အပင်အောက်ခြေပိုင်းဖြစ်သည့်  ပင်စည်နေရာတွင် ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ 🌿နောက်ပိုင်းတွင် အပင်ခါးရိလာပြီး အပင်အပေါ်ပိုင်းအလေးချိန်ကို မခံနိုင်သည့်အတွက် ယိုင်လဲမှုများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ရောဂါဒဏ်ကို မခံနိုင်သည့်အတွက်ကြောင့် စိုက်ခင်းများထဲတွင် အကွက်လိုက်သေဆုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ 🌿မျိုးတစ်မျိုးကို တစ်နေရာတည်း နှစ်စဉ်စိုက်ပျိုးပါက ခါးရိရောဂါ ကျရောက်တတ်ပါသည်။ ရောဂါဖြစ်စေသည့် သက်ရှိမှာ မြေကြီးထဲတွင် တစ်နှစ်ပတ်လုံးနေနိုင်သည့်အတွက် နောက်နှစ်မျိုးစေ့ချချိန်တွင် ကူးစက်ပြီး အပင်ငယ်စဉ် မြေတွင်းအစိုဓာတ်များချိန်တွင် အဓိကအားဖြင့်

အမြစ်ပွားဆေး (အမြစ်သန်ဆေး )

  အမြစ်ပွားဆေးကိုဘယ်နေရာတွေမှာသုံးဘဲဆိုရင် အကိုင်းကူး! အကိုင်းဆက် ! အပင်အမြစ်အားဆေးအဖြစ်လည်းသုံးနိုင်ပါတယ် စိုက်ခင်းနဲ့သစ်ပင်တွေကိုလည်းအားဆေးမြေသြဇာအနေနဲ့သုံးနိုင်ပါတယ်  အမြစ်ပွားဆေးလုပ်ရတာလွယ်ပါတယ်လိုအပ်သောပစ္စည်းများ (1)စိမ်းစားငပိ(ပုစွန်ငါးပိ ! မြိတ်ငပိခေါ် ဂွေးငပိပါ)             ထမင်းစားဇွန်းတစ်စွန်း  (2)M150 အချိုရည်တစ်ပုလင်း(မရှိပါက vitamin B12 ပါဝင်သောအချိုရည်များ  shark ! ကျွဲရိုင်း   ) တခုခုဆိုလည်းအဆင်ပြေပါတယ် (3) ဟင်းချက်အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း   အဲတာဆိုရင် ငါးပိတစ်ဇွန်းရယ် M150အချိုရည်တစ်ပုလင်းရယ် အချိုမှုန့်တစ်ဇွန်းရယ် ခွက်တစ်လုံးထဲမှာအားလုံးရောမွှေပါမယ် မြစ်ပွားဆေးရပါပြီခင်ဗျ အသုံးပြုပုံကတော့ !!!!!!!!!!!!  အကိုင်းကူး ! အကိုင်းဆက်ရာမှာသုံးမယ်ဆိုရင်တော့ အထက်ဖော်ပြပါရောသမွှေပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေတစ်လီတာလောက်နဲ့စပ်လိုက်ရင်တော့အသုံးပြုနိုင်ပါပြီ   စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန်အားဆေးအနေနဲ့သုံးချင်ရင်တော့ အထက်ပါဖျော်စပ်ပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေငါးလီတာနှုန်းနဲ့ရောပြီးလောင်းနိုင်ပါတယ် အသုံးပြုပုံကတော့တစ်ယောက်နဲ့တစ်ယောက်မတူတော့ ကိုယ်သုံးတာပေါ

သီတင်းကျွတ် ဆုတောင်း

  သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး စိုက်သမျှ သီးနှံတွေ ဈေးကောင်းရကြပါစေ လို့ "တောင်သူဦးကြီး_TaungThuOoGyi"မိသားစုမှ ဆု မွန် ကောင်း တောင်း လိုက်ပါတယ် ခင်ဗျာ။🙏🏻🙏🏻

“ကြံ စိုက်ပျိုးနည်း”

နိဒါန်း ----- ကြံသည် ပူနွေး စိုစွတ်သောဒေသနှင့် သမနွေးပိုင်း ဒေသများတွင် ဖြစ်ထွန်းတတ်ပြီး ပုံမှန်အားဖြင့် အပင်မြင့် ၉ပေ နှင့် ၁၅ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂လက်မခန့်ရှိတတ်ပြီး အပင်ခြေတွင် ပင်စည်ပွားများစွာ ထုတ်လုပ်ရန် ဘေးတက်ကဲ့သို့ ပုံစံများစွာ ရှိနေသည့် နှစ်ရှည်ပင်တစ်မျိုးဖြစ်သည်။ ပင်စည်သည် ကြံရိုးဖြစ်လာပြီး ကြီးထွားလာသောအခါ အပင်တစ်ပင်လုံး၏ ၇၅ရာခိုင်နှုန်းသည် ကြံရိုးသာ ဖြစ်သည်။ ကောင်းစွာကြီးထွားလာသော ကြံရိုးတချောင်းတွင် အမျှင်ဓာတ် (၁၁-၁၇) ရာခိုင်နှုန်း၊ ပျော်ဝင်လွယ်သော သကြားဓာတ် (၁၂-၁၆) ရာခိုင်နှုန်း၊ အချိုဓာတ်မဟုတ်သော အခြားပါဝင်မှု(၂-၃) ရာခိုင်နှုန်း နှင့် ရေဓာတ် (၆၀-၇၀) ရာခိုင်နှုန်းခန့် ပါဝင်သည်။ ကြံစိုက်ပျိုး ထုတ်လုပ်ရာတွင် အထွက်နှုန်း မြင့်မားရန်အတွက် ကြံပင်သည် ရာသီဥတုအနေအထား၊ မြေအမျိုးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ်နှိမ်နင်းမှု နှင့် ရိတ်သိမ်းချိန် အပေါ်များစွာမူတည်သည့်အတွက် အကောင်းဆုံး သီးနှံ စီမံခန့်ခွဲမှုစနစ်များကို အလေးထားပြုလုပ်ပေးရန် လိုအပ်ပါသည်။ ကြံစိုက်ပျိုးခြင်းသည် ကမ္ဘာတွင်အများဆုံး စိုက်ပျိုးကြသော စိုက်ပျိူးရေးစနစ်ကြီးတခု ဖြစ်သည်။ ကြံသည် ပိုးမွှားမျာ

မြေကြီးချဉ်၍ ဘယ်လိုပြုပြင်ပေးရမလဲ

  သီးနှံစိုက်ပျိုးမြေဆိုတာ သမမျှတမှုရှိမှ (မချဉ်၊ မငန်) အပင်က မြေကြီးထဲက မြေဩဇာနဲ့ စိုက်ပျိုးသူက ထည့်ကျွေးတဲ့ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာကို စားသုံးလို့ရနိုင်ပါတယ်။ ဒါကြောင့် မြေကြီးချဉ်လွန်းရင် မကောင်းသလို ငန်လွန်းရင် ဆားပေါက်မြေ ဆပ်ပြာပေါက်မြေဖြစ်သွားရင် ဘာစိုက်စိုက် ကောင်းကောင်းဖြစ်မလာတော့ပါဘူး။ ချဉ်ငန်ကိန်းနဲ့ပြောရင်( ၁ )ကနေ( ၆ ) ကျော်ထိ ချဉ်တယ်။( ၇ )က သမမျှတတယ်။ (၇)ကနေ(၁၄) ထိက ငန်တယ်ဆိုတာ အရင်ဆုံးသိရပါမယ်။ ချဉ်တာဖြစ်တာ ဘာကြောင့်လဲ မြေကြီးထဲမှာ နဂိုကတည်းက သံဓာတ်တွေများရင် ကန့်ဓာတ်တွေများရင် ချဉ်ပါတယ်။ ဓာတ်မြေဩဇာ အသုံးပြုတာ အချိုးညီစနစ်မကျရင် ချဉ်ပါတယ်။ အထူးသဖြင့် ယူရီးယားလို့ခေါ်တဲ့ ပုလဲဓာတ်မြေဩဇာ တစ်မျိုးတည်းသုံးပြီး ကျန်တာမသုံးရင်ဖြစ်စေ၊ သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ရင် ဖြစ်နိုင်ပါတယ်။ မြေချဉ်မှုများရင် သံဓာတ်တွေအရည်ပျော်ဝင်ပြီး သံဓာတ်အဆိပ်အတောက်ဖြစ်နိုင်တယ်။ အရွက်တွေမစိမ်းပဲ နီ၊ ဝါ၊ ခရမ်းရောင် တွေဖြစ်မယ်။ အမြစ်တွေမကျန်းမာပဲ အားနည်းမယ်။ ဒီတော့လုပ်ရမယ့်နည်းတွေက ချက်ချင်းတော့ ကောင်းလာမှာ မဟုတ်ပေမဲ့ ထုံးထည့်မယ်။ ရေသွင်းရေထုတ်လုပ်ပေးမယ်။ ရေကို နည်းနည်းပဲသွင်းမယ်။ရေဝပ်တာရှောင်မ

မိုးစပါးအပြီး တောင်သူအများစိုက်ပျိုးကြတဲ့မတ်ပဲ(Black Gram)အကြောင်း

မျိုး -ရေဆင်း၂၊ရေဆင်း၄၊ရေဆင်း၆၊ပုလဲထွန်း -အပင်ပေါက်ရာခိုင်နှုန်း၇၅-၈၅ရှိတဲ့မျိုးကိုစိုက်ပျိုးပါ။ မြေ -မြေချဥ်ငံဓာတ် ၆.၅ - ၇  -ရေသွင်းရေထုတ်ကောင်းမွန်သော စနယ်မြေစေး၊သဲနုံးမြေ၊နှုန်းစနယ်မြေ စသည်တို့တွင်စိုက်ပျိုးပါ။ -မြေချဥ်ငံဓာတ် ၅.၅ထက်နိမ့်သောမြေများတွင်စိုက်ပျိုးပ်က အပင်ဖြစ်ထွန်းမှုညံ့ဖျင်းသည်။ -ဆားပေါက်သောမြေများတွင်မစိုက်ပျိုးသင့်ပါ။ ရာသီ -မိုးကြို၊မိုးနှောင်းကာလတွင်အပင်ဦးရေ၁၃၀၀၀၀ရရှိရန်တန်းကြားပင်ကြား(၁၂လက်မ ×၈လက်မ)ခြားပြီးမျိုးစေ့(၆-၈) ပြည်သုံးစွဲပါ။ -မိုးရာသီ တွင်အပင်ဦးရေ၈၇၀၀၀ရရှိရန်တန်းကြားပင်ကြား(၁၈လက်မ×၄လက်မ)ခြားပြီးမျိုးစေ့(၄-၆)ပြည်သုံးစွဲပါ။ မြေပြင်ချိန် -တစ်ဧက စာ နွားချေး ၁၀၀-၁၅၀ တင်း၊ ပုလဲ ၈ပြည်၊တီစူပါ ၂၄ပြည်၊ပိုတက် ၁၂ပြည် နှုန်းထည့်ပေးပါ။ စိုက်ချိန် -တဧကစာ ကျောက်မှုန့် ပြည် ၂၀ အသုံးပြုပေးပါ။ -အပင်နှစ်ပတ်သားမှပန်းပွင့်ချိန်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။ -မြေအောင်းပိုးကာကွယ်ရန် မျိုးစေ့လူးနယ်ဆေးသုံးပေးပါ။ ရောဂါ -အ၀ါရောင်မိုစေ့(ပင်၀ါ)ရောဂါမဖြစ်စေရေး ၄င်းရောဂါဖြစ်စေသော ယင်ဖြူကိုကာကွယ်ရန် ၂ပတ်သားမှ စ၍ပင်လုံးပြန့်အာနိသင်ရှိသည့်ပိုးသတ်ဆေးကိုအသုံးပြုပါ။ -ပန်းပြချိန်မှသီး