Skip to main content

ဆပ်ပြာပေါက်မြေများအကြောင်း

 #ဆပ်ပြာပေါက်မြေများအကြောင်း

ဆပ်ပြာပေါက်မြေတွေမှာ ကယ်ဆီယမ်နဲ့ သံဓာတ်ချို့တဲ့မှု၊ အဆိပ်သင့်မှုများကြောင့်အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အမြစ်ပွားမှုနည်းခြင်း၊အပင်အာဟာရဓာတ်လှုပ်ရှားမှုပေါ်အစာချက်လုပ်မှုကျဆင်းလာခြင်းတို့ဖြစ်ပေါ်စေပါတယ်။


#ဆပ်ပြာပေါက်မြေဘာကြောင့်ဖြစ်ရတာလဲ


မြေသားတည်ဆောက်မှုညံ့ဖျင်းပြီး ရေဝင်ရေထွက်ညံ့ဖျင်းတဲ့မြေကို ဆပ်ပြာပေါက်မြေအဖြစ်သတ်မှတ်ပါတယ်။ဆပ်ပြာပေါက်မြေတွေကိုတော့ အောက်မြန်မာပြည်မှာမတွေ့နိုင်ဘဲ မန္တလေး၊ မကွေး၊စစ်ကိုင်းကဲ့သို့သော အညာဒေသတွေမှာ မိုးရွာသွန်းမှုနည်းခြင်းနဲ့ တွင်းရေမှ ဆားပါဝင်မှုများခြင်းတို့ကြောင့်မူလဆားပေါက်မြေကနေ ဆား-ဆပ်ပြာပေါက်မြေတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။

PH (၈.၅ - ၁၁) ရှိသောမြေများကိုဆပ်ပြာပေါက်မြေအဖြစ်သတ်မှတ်ပါတယ်။ထိုကဲ့သို့ဆပ်ပြာပေါက်မြေတွေမှာ ကမ်ဆီယံ နှင့် သံဓာတ်ချို့တဲ့မှု အဆိပ်သင့်မှုများကြောင့် အပင်ကြီးထွားမှု နှေးကွေးခြင်း အမြစ်ပွားမှုနည်းခြင်း၊အပင်အာဟာရ ဓာတ်လှုပ်ရှားမှုအပေါ် အစာချက်လုပ်မှုကျဆင်းလာခြင်းတို့ဖြစ်တတ်ပါတယ်။လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘာဝပတ်တဝန်းကျင်ပျက်စီးယိုယွင်းမှုဟာ တောင်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်လျက်ရှိပါတယ်။ ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးဒဏ်များက မြေဆီလွှာ ပျက်စီးမှုကိုဖြစ်ပွားစေသလို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာများကို စနစ်တကျ သုံးစွဲမှုမရှိခြင်းကြောင့်လည်း မြေဆီလွှာပျက်စီးမှု တွေဖြစ်ပေါ်လျှက်ရှိပါတယ်။

ဒါကြောင့်သီးနှံအရည်အသွေးနှင့်အထွက်နှုန်းကောင်းရရှိဖို့အတွက် မြေဆီလွှာများကိုပြုပြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။


#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့