Skip to main content

Posts

Showing posts from July, 2022

ပိုတက်မြေသြဇာ

 ပိုတက်စီယမ်က  အပင်ရဲ့ကျန်းမာရေးကို ကောင်းစေသလို ရောဂါပိုးမွှားတွေကို  ကာကွယ်ပေးတဲ့အတွက် quality nutrient (အရည်အသွေးကောင်းမွန်စေသော အာဟာရဓာတ်)အဖြစ် ခေါ်ဆိုကြပါတယ်။ ပိုတက်စီယမ်ကို လုံလောက်စွာထည့်သွင်းပေးပါက  ✅ပိုးမွှားရောဂါကျရောက်မှုသက်သာခြင်း၊  ✅သဘာဝဘေးဒဏ်များကြောင့် သီးနှံများအလေအလွင့် အဆုံးရှုံးနည်းခြင်း၊  ✅အရည်သွေးကောင်းမွန်သော သီးနှံများထုတ်လုပ်နိုင်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။   ကျန်းမာသန်စွမ်းသောအပင်ဖြစ်ဖို့ရာ ပိုး၊မှို၊ရောဂါ၊ရာသီဥတုဒဏ်၊ရေဝပ်၊ရေငတ်ဒဏ် အလုံးအဆန် အသီးရဲ့အရည်အသွေး ပြည့်ဝဖို့ရာ မပါမဖြစ်တဲ့ ဇာတ်လိုက် ကတော့ ပိုတက်စီယမ်(K) ​မဖြစ်မနေ သုံးစွဲသင့်ပါတယ်။   မြေသြဇာအဖြစ် ကြဲပက်နိုင်သလို (K) များတဲ့ ရွက်ဖျန်းဆေးတွေလဲ အသုံးပြုနိုင်ပါတယ်။ အားဆေးတွေကိုမနက်ပိုင်းဖျန်းပါ။  ပိုတက်စီယမ်က သီးနှံအရွယ်အစား၊ ပုံသဏ္ဍန်၊ အရောင်နှင့် သန်းစွမ်းမှု စသောအရည်အသွေးများကို သက်ရောက်မှုရှိပြီး ဝါတွင် ချည်မျှင်အရည်အသွေးကို ကောင်းမွန်စေပါတယ်။     ပိုတက်စီယမ်က သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်(၁၇)မျိုးထဲမှာပါဝင်တဲ့ အများလိုအာဟာရဓာတ်တစ်ခုဖြစ်ပြီး အပင်က

ရွှေခရု (Golden Apple Snail)

ရွှေခရု အကြောင်းသိကောင်းစရာများ နိဒါန်း  ရွှေခရု [Pomacea canaliculata Lamarck] သည် စပါးထုတ်လုပ်ရေးတွင် အရေးကြီး သော ဖျက်ပိုးဖြစ်သည်။  ၁၉၈၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် စပါးစိုက်ဧရိယာတွင် စပါးအထွက် ၁% မှ ၄၀% ထိ အထွက်ဆုံးရှုံးခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက ခန့်မှန်းခဲ့ပါသည်။  ဤဖျက်ပိုးအား ကာကွယ်နှိမ်နင်းရန် လယ်သမားများစွာတို့သည် စျေးကြီးပြီး ဖျက်ပိုး မျိုးစုံအတွက် အသုံးပြုနိုင်သော ဓါတုခရုသတ်ဆေးများကို အသုံးပြုခြင်းကြောင့်လူသားအပါအ၀င် မိမိ မရည်ရွယ်ထားသောသတ္တဝါများကို ထိခိုက်စေသည်။ ဤဆောင်းပါးတွင် ရွေခရုကာကွယ်နှိမ်နင်းရေးအတွက် ထပ်ဆောင်းနည်လမ်းများနှင့် သတင်း အချက်အလက်များကို တင်ပြထားပါသည်။  ခရုသတ်ဆေး တလွဲအသုံးပြုမှုကို လျှော့ချရန်  သတင်းအချက်အလက်များလည်းပါ၀င်ပါသည်။ ဤဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသော အချက်များတွင် လယ်သမားများ ၄င်းတို့၏ လယ်ခင်းတွင် အသုံးပြုနိုင်သည့် များစွာသော ကာကွယ်နှိမ်နင်းရေးများ အပါအ၀င် ရွှေခရု၏ ဇီဝဗေဒအသေးစိတ်များ ပါ၀င်ပါသည်။ ဤဆောင်းပါးသည် စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပညာ၀န်ထမ်းများနှင့် လယ်သမား တို့အား ရွှေခရု၏ သဘာ၀၊ ပျံ့နှံ့ခြင်းနှင့် ကာကွယ်နှိမ်နင်းရေး