Skip to main content

ပိုတက်မြေသြဇာ

 ပိုတက်စီယမ်က  အပင်ရဲ့ကျန်းမာရေးကို ကောင်းစေသလို ရောဂါပိုးမွှားတွေကို  ကာကွယ်ပေးတဲ့အတွက် quality nutrient (အရည်အသွေးကောင်းမွန်စေသော အာဟာရဓာတ်)အဖြစ် ခေါ်ဆိုကြပါတယ်။



ပိုတက်စီယမ်ကို လုံလောက်စွာထည့်သွင်းပေးပါက 

✅ပိုးမွှားရောဂါကျရောက်မှုသက်သာခြင်း၊ 

✅သဘာဝဘေးဒဏ်များကြောင့် သီးနှံများအလေအလွင့် အဆုံးရှုံးနည်းခြင်း၊ 

✅အရည်သွေးကောင်းမွန်သော သီးနှံများထုတ်လုပ်နိုင်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။


  ကျန်းမာသန်စွမ်းသောအပင်ဖြစ်ဖို့ရာ

ပိုး၊မှို၊ရောဂါ၊ရာသီဥတုဒဏ်၊ရေဝပ်၊ရေငတ်ဒဏ်

အလုံးအဆန် အသီးရဲ့အရည်အသွေး ပြည့်ဝဖို့ရာ

မပါမဖြစ်တဲ့ ဇာတ်လိုက် ကတော့ ပိုတက်စီယမ်(K)

​မဖြစ်မနေ သုံးစွဲသင့်ပါတယ်။


  မြေသြဇာအဖြစ် ကြဲပက်နိုင်သလို

(K) များတဲ့ ရွက်ဖျန်းဆေးတွေလဲ အသုံးပြုနိုင်ပါတယ်။

အားဆေးတွေကိုမနက်ပိုင်းဖျန်းပါ။


 ပိုတက်စီယမ်က သီးနှံအရွယ်အစား၊ ပုံသဏ္ဍန်၊ အရောင်နှင့် သန်းစွမ်းမှု စသောအရည်အသွေးများကို သက်ရောက်မှုရှိပြီး ဝါတွင် ချည်မျှင်အရည်အသွေးကို ကောင်းမွန်စေပါတယ်။


    ပိုတက်စီယမ်က သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်(၁၇)မျိုးထဲမှာပါဝင်တဲ့ အများလိုအာဟာရဓာတ်တစ်ခုဖြစ်ပြီး အပင်ကြီးထွားဖွံ့ဖြိုးရန်နှင့် မျိုးပွားရန်အတွက် လိုအပ်ပါတယ်။ ပိုတက်စီယမ်က ကမ္ဘာ့အပေါ်ယံလွှာမှာ အလေးချိန်အားဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ပေါများစွာတွေ့ရပါတယ်။ အပင်က ပိုတက်စီယမ်ကို K+ အနေနဲ့စုပ်ယူပေမယ့် ဓာတ်မြေဩဇာတွေမှာတော့ ပိုတက်စီယမ်ပါဝင်မှုကို ပိုတက်ရှ် K2O အနေနဲ့ပဲ ဖော်ပြကြပါတယ်။ ပိုတက်စီယမ်သည် အပင်ကြီးထွားမှုနဲ့ မျိုးပွားဖို့အတွက် အပင်ရဲ့ လုပ်ငန်းဆောင်တာအားလုံးနီးပါးမှာ မရှိမဖြစ်လိုအပ်ပါတယ်။  


ပိုတက်စီယမ်ရရှိနိုင်သော အရင်းအမြစ်များ


    မြန်မာနိုင်ငံမှာတွေ့ရတဲ့ ပိုတက်စီယမ်ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကတော့ ပိုတက်စီယမ်ကလိုရိုဒ် (KCL)နှင့် ပိုတက်စီယမ်ဆာလဖိတ် (K2SO4) တို့ဖြစ်ပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်က အများဆုံးသုံးတဲ့မြေဩဇာဖြစ်ပြီး ၎င်းတွင် ပိုတက်စီယမ် ၆၂% နှင့် ကလိုရင်း ၃၅.၅% ပါဝင်ပါတယ်။  ကလိုရင်းသည် အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်သော်လည်း ၎င်းမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် ကလိုရင်းဒဏ် ခံနိုင်ရည်မရှိသော ဆေးရွက်ကြီးကဲ့သို့သီးနှံများတွင် အသုံးမပြုသင့်ပါ။ စပါး၊ ကြံ၊ အုန်း၊ ပြောင်းစသော ကလိုရင်းဒဏ်ခံနိုင်ရည်ရှိသော သီးနှံများတွင်သာ အသုံးပြုသင့်ပါတယ်။ ဤမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် အဆိပ်သင့်နိုင်သဖြင့် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးမပြုသင့်ပါ။


    ပိုတက်စီယမ်ဆာလဖိတ်တွင် ပိုတက်စီယမ် K2O ၄၈ မှ ၅၄ ရာခိုင်နှုန်းထိပါဝင်ပြီး ဆာလဖာဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ကလိုရင်းဒဏ်မခံနိုင်သောသီးနှံများနှင့် ကော်ဖီ၊ ထောပတ်ကဲ့သို့သော တန်ဖိုးမြင့်သီးနှံများတွင် အရည်အသွေးကောင်းမွန်ရန်အတွက် အသုံးပြုကြပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်ထက် စျေးအနည်းငယ်ပိုများပါတယ်။ ထို့ပြင် ပိုတက်စီယမ်ဓာတ်ကို တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ရရှနိုင်ပြီး သီးနှံအကြွင်းအကျန်များကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ရရှိနိုင်ပါတယ်။ သီးနှံရာသီအတွင်း ကျွေးလိုက်သောပိုတက်စီယမ်ကို သီးနှံများက စုပ်ယူသကဲ့သို့ အပင်အစိတ်အပိုင်းများကလည်း စုပ်ယူပါတယ်။ စပါးခင်တွင် စပါးရိတ်သိမ်းပြီးနောက် ကောက်ရိုးများကို စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းပေးပါက နောက်သီးနှံအတွက် ပိုတက်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။ 


ပိုတက်စီယမ်၏ လုပ်ဆောင်ချက်များ


- အမြစ်ကြီးထွားမှုကို ကောင်းမွန်စေပြီး ခြောက်သွေ့မှုကို ခံနိုင်ရည်တိုးစေပါတယ်။


- အပင်တွင်း cellulose တည်ဆောက်ပေးပြီး အပင်ယိုင်လဲမှုကို လျှော့ချပေးပါတယ်။


- အပင်ကြီးထွားစေတဲ့ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးပါတယ်။


- အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။


- အပင်တွင်း သကြားဓာတ်နှင့် ကစီဓာတ်ရွေ့လျားမှုကို ကူညီပေးပါတယ်။


- ကစီဓာတ်ကြွယ်ဝတဲ့ အစေ့အဆံတွေကို ထုတ်လုပ်ပေးပါတယ်။


- အပင်များ၏ ပရိုတိန်းပါဝင်မှုကို တိုးစေပါတယ်။


- ရေဆုံးရှုံးမှု၊ အပင်ညှိုးခြင်းကို လျော့နည်းစေပြီး အပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။


- အပင်ရောဂါနှင့် နီမတုတ်ပျံ့နှံ့မှုကို ဟန့်တားပေးပါတယ်။


#တောင်သူဦးကြီး_TaungThuOoGyi



Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့