Skip to main content

Posts

Showing posts from January, 2023

မှန်းချက်နှင့် နှမ်းထွက်မကိုက်

 ရေးမယ်ဆိုပြီးမရေးဖြစ်တဲ့ဆောင်းပါး ပဲမျိုးစုံစျေးနှုန်းကောင်းလာသည်နှင့် အမျှ အများစုသောတောင်သူများဟာ ပဲမျိုးစုံသီးနှံကိုအားပြုစိုက်ပျိုးလာတာကိုတွေ့ရပါတယ်။ ကိုဇေ အသွားများ တဲ့လမ်းဘေး၀ဲယာမှာမတ်ပဲခင်းတွေစိုက်ထားပါတယ်။ ကောင်းတဲ့အခင်းတွေတော်တော်များများလည်းရှိပါတယ်။ မိုစေ့ ကျတဲ့ အခင်းတွေလည်းရှိပါတယ်။ တောင်သူတွေဆေးသုံးကြမ်းချက်ကတော့ တစ်ခင်းလုံး ၀ါ သည် အထိဆေးဖျန်းမပြတ်ပါ။ လမ်းသွားတိုင်း ဆေး နံ့ တွေ့ မွှန်ထူနေပါလေရော။ (Acephateအုပ်စုထဲက ဖြစ်မယ် ထင် ပါတယ်။) မသိလို့ပဲဖြစ်လေသလားလို့တော့မထင်ပါနဲ့ ။ တောင်သူများဟာ ကျွန်တော် တို့ မမွေးခင် ကတည်း အသက်မွေးဝမ်းကျောင်း ပြု လာ ခဲ့ သူ များ ဖြစ်သည့်အလျောက် ဘယ်အချိန်၊ဘယ်လိုရာသီမှာ ဘာပိုးကျတတ်တယ်၊ ဘာဆေးလေးတော့သုံးရမယ် အစရှိသဖြင့် ကျွန်တော် တို့ ထက် ပင် ကွင်းအကြောင်းနားလည်ကြသူများဖြစ်ပါတယ်။ မိုစေ့ရောဂါ ကို ကာကွယ်နိုင်ရန် မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်း၊ ခံနိုင်ရည် ရှိသောမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ သက်တမ်းအလိုက် ပိုးသတ်ဆေး၊မှိုသတ်ဆေးများ ဖျန်းပေးခြင်း အစရှိသော လုပ်ငန်းစဉ် များ ကို လည်းသိရှိ ပြီး ဆောင်ရွက် နိုင်သူက ဆောင်ရွက်ကြပါတယ်။ အချို့တောင်သူများကစိုးရ
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ပုလဲ(ယူရီးယား)ဓာတ်မြေဩဇာတွေကို ဘယ်လိုနေရာမှာသုံးသေးလဲ?

  ယူရီးယား ကို ၁၇၇၃ ခုနှစ်တွင် သုတေသီတို့ စူးစမ်းတွေ့ရှိခဲ့သည်။ စင်စစ်ယူရီးယား သည် တိရစ္ဆာန်ထွက်ပစ္စည်း ဖြစ်သည်။ ယင်းပစ္စည်းကို လူတွေပထမဦးဆုံး ဓာတ်ခွဲခန်းထဲမှာ စတင်ပြုလုပ်ခဲ့ဖူးသည်။ ၁၈၂၈ ခုနှစ်တွင် “ဝိုလာ” ဆိုသူက ပိုတက် စီယမ်ဆိုင်ရနိုက်နှင့် အမိုးနီးယမ်းဆာလဖိတ်ကို ပျော်ရည်ပြုလုပ်ခါ အငွေ့ပျံစေခြင်းဖြင့် ထုတ်လုပ်ပြသခဲ့ပါသည်။ ထို့ပြင် ကာဗွန်နလ်ကလိုရိုက်သည်လည်း အမိုးနီးယားနှင့် ဓာတ်ပြုပြီး ယူရီးယားကို ဖြစ်ပေါ်စေပါသည်။ နောင်နည်းပညာတွေ တိုးတက်လာသော အခါ ယူရီးယားကို အမြောက်အများ ထုတ်ယူရန်အတွက် အမိုနီးယားပျော်ရည်နှင့် ကာဗွန်အောက်ဆိုက်ပျော်၀င်ရည်တို့ကို ဓာတ်ပြုစေကာ ဓာတ်မြေသြဇာအတွက် ထုတ်လုပ်ကြပါသည်။ မြန်မာပြည် ဓာတ်မြေသြဇာစက်ရုံများမှာတော့ သဘာ၀ဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်ကို ပူးပေါင်းပြီး အမိုးနီးယားဓာတ်ငွေ့ဖြစ်စေကာ ဓာတ်ပြုထုတ်ယူနေကြပါသည်။ ယူရီးယား၏ ဓာတုဗေဒသင်္ကေတမှာ CO (NH2)2 ဖြစ်ပါသည်။ ယင်းပစ္စည်းတွင် ဓာတ်ဖွဲ့စည်းမှုအရ တွက်ချက်လျှင် နီတိုဂျင်ဓာတ် ၄၆ ဒသမ ၇ ရာခိုင်နှုန်းပါပါသည်။ ဓာတ်မြေ သြဇာကောင်း တစ်မျိုး ဖြစ်ပါသည်။ ယူရီးယားမှ ဓာတုပစ္စည်းများထပ်ပွား ထုတ်လုပ်ပြီး အခြားလူသုံးကုန်များ ချည် မျှင်များထ

ဆန်နီစပါးဖြစ်ရခြင်းနှင့်ကာကွယ်နှိမ်နှင်းခြင်း

  စပါးမှာ ဆန်နီပါဝင်မှုဟာ ဆန်အရည်အသွေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ပြည်ပတင်ပို့မှုမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းရောင်းဝယ် ဖောက်ကားမှုမှာပဲဖြစ်ဖြစ် စပါးမှာရော၊ ဆန်မှာပါ အရည်အသွေးစံချိန်စံညွှန်းထဲမှာ ထည့်ပြီးစကားပြောရတဲ့အချက်ဖြစ်နေပါတယ်။  ဆန်နီ (Red Rice) စပါးမျိုးဆိုသည်မှာ မူလက စပါးရိုင်းမျိုးစိတ် (Oryza punctata) ကို Red Rice ဟုခေါ်ရာမှ ယခုအခါ လုံးတီးဆန်အနီရောင် ( Red Bran Layer ) ရှိသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးနေသည့်အတွက်ကြောင့် ဆန်နီ (Red Rice) ဟူ၍လူသိများလာကြကြောင်း၊ အရောင်မှာ အနီရောင်ဖျော့ဖျော့ (Light Red) မှ အနီရင့်ရောင် (Dark Red) အထိရှိနိုင်ကြောင်း သိရသည်။ ဆန်နီဖြစ်ပေါ်မှု ဘာ့ကြောင့်ဖြစ်ရသလဲ။ လယ်ကွင်းထဲမှာ လေ့လာကြည့်ရင်စပါးခင်းထဲမှာ လာပေါက် ရောက်တဲ့ သန်မာထွားကျိုင်းတဲ့ စပါးရိုင်းပေါင်းပင်တစ်မျိုးနဲ့စပါးနဲ့ ပန်းပွင့်ချိန်မှာ သဘာဝအလျောက်မျိုးကူးစပ်သန္ဓေအောင်ပြီး ဖြစ်ပေါ်လာသော စပါးစေ့က အခြေတည်လာခြင်းဖြစ်ပါတယ်။ ၎င်းစပါးစေ့ များဟာ သန္ဓေအောင်တဲ့ ပထမနှစ်မှာ ရိုးရိုးစပါးစေ့အဖြစ် တည်ရှိနေပါတယ်။ သို့သော်စပါးနို့ရည်တည် ပြီးစပါးစေ့ရင့်မှည့်စပြုချိန်မှာ စပါးခင်းထဲဝင်ပြီး စပါး