Skip to main content

ဆန်နီစပါးဖြစ်ရခြင်းနှင့်ကာကွယ်နှိမ်နှင်းခြင်း

 

စပါးမှာ ဆန်နီပါဝင်မှုဟာ ဆန်အရည်အသွေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ပြည်ပတင်ပို့မှုမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းရောင်းဝယ် ဖောက်ကားမှုမှာပဲဖြစ်ဖြစ် စပါးမှာရော၊ ဆန်မှာပါ အရည်အသွေးစံချိန်စံညွှန်းထဲမှာ ထည့်ပြီးစကားပြောရတဲ့အချက်ဖြစ်နေပါတယ်။ 

ဆန်နီ (Red Rice) စပါးမျိုးဆိုသည်မှာ မူလက စပါးရိုင်းမျိုးစိတ် (Oryza punctata) ကို Red Rice ဟုခေါ်ရာမှ ယခုအခါ လုံးတီးဆန်အနီရောင် ( Red Bran Layer ) ရှိသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးနေသည့်အတွက်ကြောင့် ဆန်နီ (Red Rice) ဟူ၍လူသိများလာကြကြောင်း၊ အရောင်မှာ အနီရောင်ဖျော့ဖျော့ (Light Red) မှ အနီရင့်ရောင် (Dark Red) အထိရှိနိုင်ကြောင်း သိရသည်။

ဆန်နီဖြစ်ပေါ်မှု ဘာ့ကြောင့်ဖြစ်ရသလဲ။ လယ်ကွင်းထဲမှာ လေ့လာကြည့်ရင်စပါးခင်းထဲမှာ လာပေါက် ရောက်တဲ့ သန်မာထွားကျိုင်းတဲ့ စပါးရိုင်းပေါင်းပင်တစ်မျိုးနဲ့စပါးနဲ့ ပန်းပွင့်ချိန်မှာ သဘာဝအလျောက်မျိုးကူးစပ်သန္ဓေအောင်ပြီး ဖြစ်ပေါ်လာသော စပါးစေ့က အခြေတည်လာခြင်းဖြစ်ပါတယ်။ ၎င်းစပါးစေ့ များဟာ သန္ဓေအောင်တဲ့ ပထမနှစ်မှာ ရိုးရိုးစပါးစေ့အဖြစ် တည်ရှိနေပါတယ်။ သို့သော်စပါးနို့ရည်တည် ပြီးစပါးစေ့ရင့်မှည့်စပြုချိန်မှာ စပါးခင်းထဲဝင်ပြီး စပါးနှံများကို စေ့စပ်သေချာစွာကြည့်ပါက၊နေရောင်မှာ ထောင်ကြည့်ပါက စပါးခွံမှာ အနီရောင်အစွန်း၊ အစင်းများကို တွေ့နိုင်ပါတယ်။ ၎င်းစပါးစေ့များကို ကြိုတင်သိရင် အမြစ်ပါအောင် အချိန်မီနုတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ မဖယ်ရှားနိုင်လို့ ရိတ်သိမ်းတဲ့စပါးမှာ ရောနှောပါလာပါက နောက်နှစ်ရာသီ ပြန်လည်စိုက်ပျိုးတဲ့အခါ ၎င်းစပါးစေ့များက ပေါက်လာတဲ့စပါးပင် က စပါးနှံတွေမှာဆန်နီဖြစ်မဲ့စပါးစေ့များသာရရှိလာပါတယ်။ 

ဆန်နီစပါးစေ့ရဲ့ ပုံသဏ္ဌာန်မှာ -
အမြီးပါခြင်း၊ အစေ့ခွံမှာ ပုံမှန်စပါးထက် အရောင်ဖျော့ခြင်း၊မီးခိုးဖြူရောင် ရှိ၍ အခွံကြမ်းခြင်း၊စပါးစေ့ပုံသဏ္ဌာန်မမှန်ဘဲ အမျိုးမျိုးဖြစ်တည်နေခြင်း၊ ဆန်သားအနီရောင်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ဆန်နီစပါးစေ့ရဲ့ ထင်ရှားတဲ့လက္ခဏာများမှာ စောစောရင့်မှည့်ခြင်း၊ မျိုးစေ့ငုပ်ချိန် ကြာမြင့်ခြင်း၊ (ပျမ်းမျှ သုံးလခန့်)၊ ပင်ပိုင်းကြီးထွားမှုအဆင့်လျင်မြန်ခြင်း၊ အပင်သန်မာထွားကျိုင်းခြင်း၊ အကြမ်းအတမ်းခံနိုင်ခြင်း၊ ပန်းပွင့်ပြီး နှစ်ပတ်အတွင်း အစေ့စတင်ကြွေကျတတ်ခြင်း၊ ကြွေလွယ်ခြင်း၊ ဆန်စပါးအရည်အသွေး ကျစေခြင်း၊ အထွက်နှုန်းကျစေခြင်း၊ တစ်ကြိမ် ဆန်နီစပါးပင်ပါဝင်သွားပါက မျိုးကူးစပ်လွယ်တဲ့အတွက် နှိမ်နင်းရခက်ခဲခြင်းများ ဖြစ်ပါတယ်။ 



စပါးမှာ ဆန်နီစပါးစေ့ မဖြစ်ပေါ်အောင် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

(က) မျိုးစပါးကို မစိုက်မီ ဆန်နီစေ့ပါ၊ မပါ ကြိုတင်စစ်ဆေးပါ။ မျိုးကောင်းမျိုးသန့်မျိုးစေ့ကိုသာ အသုံးပြုပါ။ 

(ခ) ဆန်နီစပါးစေ့ပါဝင်တဲ့ စပါးခင်းကို ရိတ်သိမ်းပြီးပါက ရိုးပြတ်နဲ့ စပါးစေ့အကြွင်းအကျန်များကို မီးရှို့ပါ။  

(ဂ) ဆန်နီစပါးစေ့ပါဝင်တဲ့ စပါးခင်းကို မိုးဦးကျမှာ မိုးရေလှောင်၍ စပါးစေ့အားလုံးအပင်ပေါက်အောင် ထားပြီးပါကထယ်ထိုးမြေမြှုပ် အပုပ်ခံထားပါ။  

(ဃ) မိမိစပါးခင်းရင့်မှည့်ချိန်မှာ နံနက်စောစော စပါးခင်းထဲသို့ဆင်း၍ စပါးအနှံများကို နေရောင်မှာ ထောင်ကြည့်ပြီးစပါးခွံမှာ အနီစင်း၊ အနီရောင်ဖြစ်နေတဲ့ စပါးပင်ကို အမြစ်ပါအောင်နုတ်၍ မီးရှို့ပစ်ပါ၊ စပါးနှံများကို မီးရှို့ပါ။  

(င) လယ်ကန်သင်းပတ်ဝန်းကျင်၊ကန်သင်းပေါ်မှာ စပါးရိုင်းပင်များရှိပါက အမြစ်ပါအောင် တူးထုတ်၍ မီးရှို့ပစ်ပါ။  

(စ) ဆန်စပါးမှာ ဆန်နီစေ့ပါဝင်လေ့ရှိပါက ကြဲခင်းမစိုက်ပျိုးဘဲ ပျိုးထောင်စိုက်ပါ။

(ဆ) မျိုးကွဲနုတ်ပယ်ခြင်းနဲ့ စပါးရိုင်းပင် သုတ်သင်ရှင်းလင်းခြင်းကို သုံး-လေးကြိမ်ခန့် ပြုလုပ်ပါ။ စပါးရိုင်းတစ်ပင်တွေ့တိုင်း တစ်ပင်ရှင်းလင်းပါ။  

(ဇ) တလင်းနဲ့ လယ်ယာသုံးကိရိယာများ သန့်ရှင်းအောင် ဆောင်ရွက်ပါ။ 

(ဈ) စပါးရိုင်းကိုသာ သေစေတဲ့ ရွေးချယ်ပေါင်းသတ်ဆေးကို အသုံးပြုပါ။ 

Source-အောင်ဆန်း(စိုက်ပျိုးရေး)တောင်သူကြီးများဂျာနယ် ၊xinhuamyanmar.com

#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့