Skip to main content

Posts

Showing posts from January, 2022

စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း🌾

 🌾စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ  စိုက်ပျိုးနည်း🌾 မိုးနည်းရေရှားဒေသများ နှင့် ဆည်ရေမလုံလောက်သည့်ဒေသများတွင် စပါးစိုက်ပျိုးထုတ်လုပ် နိုင်ရန် နည်းပညာတစ်ရပ်ဖြစ်သည့်  စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း အကြောင်း ရေးသားတင်ပြအပ်ပါသည်။  ပထမဆုံး စိုက်ပျိုးသင့်သည့်မျိုးကိုအရင်စဉ်းစားရပါမည်။ ရွေးချယ်သောမျိုးသည် သက်တမ်းတို၊ အရည်အသွေးကောင်းမျိုး၊ ရေအနည်းလို၊ ရေငတ်ခံမျိုးများဖြစ်ရပါမည်။ သက်တမ်း (၈၀ - ၁၀၀) ရှိ အထွက်ကောင်းမျိုးများကိုရွေးချယ်ရပါမည်။  စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းအတွက်မြေအစိုဓာတ်သင့်တင့်စွာရှိချိန်တွင် မြေပြင်ရမှာဖြစ်ပါသည်။ နွားထည်နှစ်စပ်(သို့မဟုတ်)၁၆သွားထွန်နှင့်နှစ်စပ်ထွန်ပါ။ ထယ်ရေးနက်နက် နှင့်ထွန်ရေးညက်နေအောင်ထယ်စာခဲမွအောင်ထွန်ပါ။ မြေပြုပြင်ချိန်တွင်တီစူပါအိတ်ဝက်နှင့် ဂျစ်ပဆမ် နှစ်အိတ်ထည့်ပြီးမွှေပေးပါ။ မြေအစိုဓာတ်ကောင်းအောင်မြေမပြင်မီ ကောက်ရိုး၊နှမ်းရိုး ၊စပါးခွံများရှိလျှင် ထည့်ပေးပြီးဆွေးမြေ့အောင်ထားပေးပါ။ သီးနှံအကြွင်းအကျန်များရှိလျှင်မြေဆွေးပြုလုပ်ပြီးထည့်ပေးပါ။ မြေမွနေအောင်ညက်သွားပါကအစိုဓာတ်ထိန်းနိုင်စေရန်ကြမ်းတုံးရိုက်ပြီးမြေကိုညှိပေးပါ။