Skip to main content

စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း🌾

 🌾စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ 

စိုက်ပျိုးနည်း🌾


မိုးနည်းရေရှားဒေသများ နှင့် ဆည်ရေမလုံလောက်သည့်ဒေသများတွင် စပါးစိုက်ပျိုးထုတ်လုပ် နိုင်ရန် နည်းပညာတစ်ရပ်ဖြစ်သည့်  စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း အကြောင်း ရေးသားတင်ပြအပ်ပါသည်။ 



ပထမဆုံး စိုက်ပျိုးသင့်သည့်မျိုးကိုအရင်စဉ်းစားရပါမည်။ ရွေးချယ်သောမျိုးသည် သက်တမ်းတို၊ အရည်အသွေးကောင်းမျိုး၊ ရေအနည်းလို၊ ရေငတ်ခံမျိုးများဖြစ်ရပါမည်။ သက်တမ်း (၈၀ - ၁၀၀) ရှိ အထွက်ကောင်းမျိုးများကိုရွေးချယ်ရပါမည်။ 


စပါး အခြောက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းအတွက်မြေအစိုဓာတ်သင့်တင့်စွာရှိချိန်တွင် မြေပြင်ရမှာဖြစ်ပါသည်။ နွားထည်နှစ်စပ်(သို့မဟုတ်)၁၆သွားထွန်နှင့်နှစ်စပ်ထွန်ပါ။ ထယ်ရေးနက်နက် နှင့်ထွန်ရေးညက်နေအောင်ထယ်စာခဲမွအောင်ထွန်ပါ။ မြေပြုပြင်ချိန်တွင်တီစူပါအိတ်ဝက်နှင့် ဂျစ်ပဆမ် နှစ်အိတ်ထည့်ပြီးမွှေပေးပါ။ မြေအစိုဓာတ်ကောင်းအောင်မြေမပြင်မီ ကောက်ရိုး၊နှမ်းရိုး ၊စပါးခွံများရှိလျှင် ထည့်ပေးပြီးဆွေးမြေ့အောင်ထားပေးပါ။ သီးနှံအကြွင်းအကျန်များရှိလျှင်မြေဆွေးပြုလုပ်ပြီးထည့်ပေးပါ။


မြေမွနေအောင်ညက်သွားပါကအစိုဓာတ်ထိန်းနိုင်စေရန်ကြမ်းတုံးရိုက်ပြီးမြေကိုညှိပေးပါ။ ပြီးလျှင် ဒုတိယအကြိမ်ထွန်တစ်စပ်ထပ်မွှေ၍ ကြမ်းတုံးထပ်မံရိုက်ပေးပါ။ မြေညှိပေးပါ။ ညှိထားသောမြေပေါ် တွင်၈လက်မခြားထွန်သွားတပ်နွားထွန်ဖြင့်စိုက်ကြောင်းများဖြောင့်နေအောင်ဆွဲပါ။ စိုက်ကြောင်းအနက် (၁-၂)လက်မခန့်သာနက်စေရန်သတိပြုပေးပါ။


တစ်ဧကအတွက်မျိုးစေ့ တစ်တင်းခွဲ- နှစ်တင်းနှုန်းအသုံးပြုပါ။ စပါးကိုရေစိမ် အညှောင့်ဖောက်ရန် မလိုပါ။ မြေအခြောက် မျိုးစပါးအခြောက်စိုက်ပျိုးရသည့်စနစ်ဖြစ်ပါသည်။ မြေပြုပြင်ပြီးပါက စပါးမျိုးစေ့ များကိုစိုက်ကြောင်းများတစ်လျှောက်တစ်နေရာနှင့်တစ်နေရာ (၈-၉ )လက်မခန့်ခွာ၍ တစ်နေရာလျှင် စပါး(၂-၃)စေ့နှုန်းလူဖြင့်လိုက်ချပေးရပါမည်။ ပြီးလျှင်မျိုးစေ့များမြေအတွင်းဖုံးသွားစေရန်ညီညာအောင် ကြမ်းရိုက်ဖုန်းပေးပါ။


ထိုသို့ဆောင်ရွက်ထားပြီးအစိုဓာတ်အနည်းငယ်ရသည်နှင့်ထွန်ရေးထယ်ရေး အခြောက်မှာပင် စပါးစေ့များအပင်ပေါက်၍ စပါးပင်များအတန်းလိုက်စိမ်းစိုလာပါမည်။ အပင်ပေါက်ပြီး၃ပတ်သားခန့်တွင် ပေါင်းလိုက်ခြင်းလုပ်ဆောင်ပေးရပါမည်။ စပါးအတန်းကြားအတွင်း ကြားလိုက်နွားထွန်ဖြင့်ပေါင်းမြက် နှိမ်နင်းခြင်းဖြင့်ပေါင်းလည်းသေ မြေလည်းထပ်ဆွပြီးသားဖြစ်စေပါသည်။ ပေါင်းမြက်များလွန်းလျှင် ပေါင်းသတ်ဆေးတစ်မျိုးမျိုးကိုအသုံးပြုရပါမည်။ ပေါင်းကိုစပါးအပင်ပေါက်ပြီး(၃၅)ရက်ခန့်အတွင်း အပြီး နှိမ်နင်းပေးရပါမည်။ 


ပေါင်းမြက်နှိမ်နင်းပြီးပါက ဒုတိယအကြိမ်မြေဩဇာကျွေးခြင်းကိုအပင်ပွားစည်းချိန်တွင် တစ်ဧက ယူရီးယားအိတ်တစ်ဝက်နှင့် ပိုတက်ရှ်အိတ်တစ်စိပ် ထည့်ပေးရပါမည်။ တတိယအကြိမ်မြေဩဇာ ကျွေး ခြင်းကို စပါးမှို့ကပ်ချိန်တွင် တစ်ဧက ယူရီးယားအိတ်တစ်ဝက်နှင့် ပိုတက်ရှ်အိတ်တစ်စိပ် ထည့်ပေးရပါ မည်။ ရေချိန်နိုင်ပါက အပင်ကြီးထွားချိန်တွင် မြေအစိုဓာတ်ရှိရုံရေစပ်စပ်သွင်းပေးနိုင်ပါသည်။ မိုးရွာလျှင် မိုးဦးရေမဆုံးရှုံးစေရန်ကန်သင်းလုံနေအောင်ဂရုတစိုက်ဆောင်ရွက်ထားရပါမည်။ မိုးရေအနည်းငယ်ရ လျှင်ပင် စပါးပင်ရှင်သန်ကြီးထွားနိုင်ပါသည်။ အပင်သက်တမ်းတစ်လျှောက် ပိုးမွှားရောဂါကင်းစင်အောင် လည်းဂရုတစိုက်ကာကွယ်နှိမ်နင်းရမည်ဖြစ်ပါတော့သည်။


Sources - အောင်ဆန်း(စိုက်ပျိုးရေး)


#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့