Skip to main content

မှန်းချက်နှင့် နှမ်းထွက်မကိုက်

 ရေးမယ်ဆိုပြီးမရေးဖြစ်တဲ့ဆောင်းပါး


ပဲမျိုးစုံစျေးနှုန်းကောင်းလာသည်နှင့် အမျှ အများစုသောတောင်သူများဟာ ပဲမျိုးစုံသီးနှံကိုအားပြုစိုက်ပျိုးလာတာကိုတွေ့ရပါတယ်။ ကိုဇေ အသွားများ တဲ့လမ်းဘေး၀ဲယာမှာမတ်ပဲခင်းတွေစိုက်ထားပါတယ်။


ကောင်းတဲ့အခင်းတွေတော်တော်များများလည်းရှိပါတယ်။ မိုစေ့ ကျတဲ့ အခင်းတွေလည်းရှိပါတယ်။

တောင်သူတွေဆေးသုံးကြမ်းချက်ကတော့ တစ်ခင်းလုံး ၀ါ သည် အထိဆေးဖျန်းမပြတ်ပါ။

လမ်းသွားတိုင်း ဆေး နံ့ တွေ့ မွှန်ထူနေပါလေရော။

(Acephateအုပ်စုထဲက ဖြစ်မယ် ထင် ပါတယ်။)



မသိလို့ပဲဖြစ်လေသလားလို့တော့မထင်ပါနဲ့ ။ တောင်သူများဟာ ကျွန်တော် တို့ မမွေးခင် ကတည်း အသက်မွေးဝမ်းကျောင်း ပြု လာ ခဲ့ သူ များ ဖြစ်သည့်အလျောက် ဘယ်အချိန်၊ဘယ်လိုရာသီမှာ ဘာပိုးကျတတ်တယ်၊ ဘာဆေးလေးတော့သုံးရမယ် အစရှိသဖြင့် ကျွန်တော် တို့ ထက် ပင် ကွင်းအကြောင်းနားလည်ကြသူများဖြစ်ပါတယ်။


မိုစေ့ရောဂါ ကို ကာကွယ်နိုင်ရန် မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်း၊ ခံနိုင်ရည် ရှိသောမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ သက်တမ်းအလိုက် ပိုးသတ်ဆေး၊မှိုသတ်ဆေးများ ဖျန်းပေးခြင်း အစရှိသော လုပ်ငန်းစဉ် များ ကို လည်းသိရှိ ပြီး ဆောင်ရွက် နိုင်သူက ဆောင်ရွက်ကြပါတယ်။

အချို့တောင်သူများကစိုးရိမ်လွန်ကဲသည့်စိတ်များသည်ကတစ်ကြောင်း၊စဥ်ဆက်မပျက်လုပ်

သည့်အလေ့အထရှိသည်ကတစ်ကြောင်း ဆေးများကိုအလွန်အကျူးသုံးစွဲလျှက်ရှိကြပါတယ်။

အချို့ နေရာတွေ မှာ အနာနှင့်ဆေးမတည့်ပဲ ပိုးကျသည်ကိုရောဂါကုသဆေးမှားသုံးခြင်း၊ရောဂါကျသည်ကို ပိုးသတ်ဆေး မှိုသတ်ဆေးများ 

အသုံးပြုခြင်းကြောင့်မလိုအပ်ပဲ ငွေကြေးကုန်ကျမှုများနေရပါတယ်။ဒါကြောင့်ချင့်ချိန်ပြီးတော့ လိုအပ်မှသာ သုံးစွဲအသုံးပြုကြရန်အကြံပြုပါတယ်ခင်ဗျာ။


 #ကိုဇေ_တောင်သူဦးကြီး 


#တောင်သူဦးကြီး_TaungThuOoGyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့