Skip to main content

ပုလဲ(ယူရီးယား)ဓာတ်မြေဩဇာတွေကို ဘယ်လိုနေရာမှာသုံးသေးလဲ?

 

ယူရီးယား ကို ၁၇၇၃ ခုနှစ်တွင် သုတေသီတို့ စူးစမ်းတွေ့ရှိခဲ့သည်။ စင်စစ်ယူရီးယား သည် တိရစ္ဆာန်ထွက်ပစ္စည်း ဖြစ်သည်။ ယင်းပစ္စည်းကို လူတွေပထမဦးဆုံး ဓာတ်ခွဲခန်းထဲမှာ စတင်ပြုလုပ်ခဲ့ဖူးသည်။ ၁၈၂၈ ခုနှစ်တွင် “ဝိုလာ” ဆိုသူက ပိုတက် စီယမ်ဆိုင်ရနိုက်နှင့် အမိုးနီးယမ်းဆာလဖိတ်ကို ပျော်ရည်ပြုလုပ်ခါ အငွေ့ပျံစေခြင်းဖြင့် ထုတ်လုပ်ပြသခဲ့ပါသည်။

ထို့ပြင် ကာဗွန်နလ်ကလိုရိုက်သည်လည်း အမိုးနီးယားနှင့် ဓာတ်ပြုပြီး ယူရီးယားကို ဖြစ်ပေါ်စေပါသည်။ နောင်နည်းပညာတွေ တိုးတက်လာသော အခါ ယူရီးယားကို အမြောက်အများ ထုတ်ယူရန်အတွက် အမိုနီးယားပျော်ရည်နှင့် ကာဗွန်အောက်ဆိုက်ပျော်၀င်ရည်တို့ကို ဓာတ်ပြုစေကာ ဓာတ်မြေသြဇာအတွက် ထုတ်လုပ်ကြပါသည်။

မြန်မာပြည် ဓာတ်မြေသြဇာစက်ရုံများမှာတော့ သဘာ၀ဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်ကို ပူးပေါင်းပြီး အမိုးနီးယားဓာတ်ငွေ့ဖြစ်စေကာ ဓာတ်ပြုထုတ်ယူနေကြပါသည်။ ယူရီးယား၏ ဓာတုဗေဒသင်္ကေတမှာ CO (NH2)2 ဖြစ်ပါသည်။ ယင်းပစ္စည်းတွင် ဓာတ်ဖွဲ့စည်းမှုအရ တွက်ချက်လျှင် နီတိုဂျင်ဓာတ် ၄၆ ဒသမ ၇ ရာခိုင်နှုန်းပါပါသည်။ ဓာတ်မြေ သြဇာကောင်း တစ်မျိုး ဖြစ်ပါသည်။

ယူရီးယားမှ ဓာတုပစ္စည်းများထပ်ပွား ထုတ်လုပ်ပြီး အခြားလူသုံးကုန်များ ချည် မျှင်များထုတ်လုပ် သုံးစွဲနိုင်ပါသေးသည်။ ယခု လူတွေအသုံးပြုနေသော မယ်လ်မင်း ပန်းကန်ခွက်ယောက်များသည်လည်း ယူရီးယားမှတစ်ဆင့် ထုတ်လုပ်ရယူသော ပစ္စည်းများဖြစ်ပါသည်။ ယူရီးယားသည် ရေမှာ အလွယ်တကူပျော်၀င်စေနိုင်ပြီး အပူချိန် ၁၃၂ ဒီဂရီဆဲလ်စီးယပ်စ်တွင် အရည်ပျော် တတ်ပြီး ၁၅၅ ဒီဂရီဆဲလ်စီးယပ်တွင် အမိုးနီးယားအဖြစ် ပြောင်း သွားပြီး ဗြူးရက်ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခုကို ဖြစ်ပေါ် စေပါသည်။ ဗြူးရက်သည် အရောင်မရှိ သော အပ်ချောင်းပုံ၊ ပုံဆောင်ခဲများဖြစ်တတ် ပြီး ၁၉၀ ဒီဂရီဆဲလ်စီယပ်စ်မှာ အရည်ပျော်သွားပါသည်။ ထိုဒြပ်ပေါင်း ပါ၀င်ပျော်၀င်နေသောရေထဲသို့ ကော့စတစ်ဆိုဒါ ခပ်ပျော့ပျော့အရည်စက် ချကြည့်လျှင်သော်လည်းကောင်း၊ ဒုတ္ထာပျော်၀င်ရည်တစ်စက် နှစ် စက်ချကြည့်လျှင်သော် လည်းကောင်း ခရမ်းပြာရောင် မယ်လ်မင်း ဖြစ်သွားပါသည်။



ယူရီးယားကို အထက်မှာဖော်ပြခဲ့ သလို လူ့အသုံးအဆောင်များဖြစ်သော မယ်လ်မင်း (C3 N3 (NH2)2) ဖြစ်သော ပန်းကန်ပြား၊ အလှအပ ပစ္စည်းလက်ဆောင် တန်ဆာများလုပ်သည့် မတွန့်မကြေသော (Sybnthicfibre non - wrinkled fibre) အဖြစ်လည်း ထုတ်လုပ်ရပါသည်။

ထိုချည်မျှင်ကို နိုင်လွန် ဟုခေါ်ကြောင်း မှတ်သားရဖူးပါသည်။ ယူရီးယား ကို မြန်မာလယ်သမား တွေက ပုလဲလုံးကလေးများနှင့်တူသောကြောင့် ပုလဲမြေသြဇာဟု ခေါ်တတ်ကြပါ သည်။ ထိုယူရီးယား(ပုလဲ)မြေသြဇာကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ချောက်မြို့အနီး စလေဓာတ်မြေသြဇာစက်ရုံမှ ထုတ်လုပ်သည်။ ပြည်တွင်းမှာ ယူရီးယား(ပုလဲ)ဓာတ် မြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူးကာစက လယ်သမားတွေက သိပ်မကြိုက်ကြပါ။ ထိုမတိုင်မီက ပြည်ပမှတင်သွင်းသော ဓာတ်ဆားခေါ်သည့် အမိုးနီးယမ်း ဆာလ ဖိတ် တို့ကိုသာ သုံးစွဲခဲ့ကြသည်။ အမိုးနီး ယား ဆာလဖိတ် (NH9)4 SO4 ဖြစ်ရာ ဓာတုဖွဲ့စည်းပုံအမှန်အရဆိုလျှင် နိုက်ထရို ဂျင်ဓာတ် ၂၀ ဒသမ ၆ ရာခိုင်နှုန်းပါ၀င်ပြီး ဆာလဖာ ခေါ် ကန့်ဓာတ်သည် ၂၄ ရာခိုင်နှုန်းကျော်ကျော် ပါ၀င်နေပါသည်။ ကန့် သည် သစ်ပင်ကိုင်းခက်အရွက်များကို အစိမ်းရောင်ဖြစ်စေသော (ChlorphyII) တွင် အရေးကြီးသောပစ္စည်းအဖြစ် ပါ၀င်သည်။

တစ်ဖန် အမိုးနီးယမ်းသည် စပါးပင်တို့က တိုက်ရိုက်စားသုံးသဖြင့် စပါးခင်းသို့ချပေးလျှင် တစ်ရက်နှစ်ရက်အတွင်း စိမ်းစို ညိုမှိုင်းလာသဖြင့် လယ်သမား တို့က ဓာတ်ဆား အမိုးနီးယမ်း ဆာလဖိတ်ကိုသာစွဲလန်းနေသည်။ ယူရီးယားမှာ ကန့်လည်း မပါ၊ ယူရီးယားမှသည် အမိုးနီးယမ်ဖြစ်ရန်နှင့် နိုက်ထရိတ်ဖြစ်ရန် ရက်တစ်ပတ် ၁၀ ရက်လောက်ကြာတတ်ရာ မျက်မြင်အာနိ သင်နှေးသဖြင့် မကြိုက်ကြပါ။ အ၀ယ် မသွက်ပါ။ ၁၉၇၀-၇၃ ခုနှစ် ကြားကာလ တွေမှာ ယူရီးယားဓာတ်မြေသြဇာများကို အ၀ယ်မလိုက်သဖြင့် စလေနှင့်ကျောက်ပန်းတောင်းတွင် လှောင်ထား ခဲ့ရဖူးသည်။ စျေးမှာ ၅၀ ကီလိုတစ်အိတ် ၂၇ ကျပ် သတ်မှတ်ထားသည်။ စိုက်ပျိုးရေးဌာနက အစိုးရထံတင်ပြပြီး ယူရီးယားကို ကိုးကျပ် နှုန်းဖြင့် ရောင်းစေခဲ့ရာ ၁၉၇၅ ခုနှစ်လောက်တွင် အ၀ယ်အလွန် သွက်လာခဲ့ပါသည်။

ယူရီးယားကို အရက်ချက်သူများက အရက်ချက်ဖို့ စိမ်ရည်တည်ရာတွင် အပုပ် (အချဉ်ဖောက်)မြန်အောင် ထည့်တတ်ကြ သည်။ ၁၉၇၃ ခုနှစ်လောက်ကစပြီး ထည့် ကြသည်။ သာမန်ရိုးရိုးတဆေးဖြင့်စိမ်ရည် တည်လျှင် ခုနစ်ရက်ခန့်ကြာတတ်သည်။ ယူရီးယားထည့်လိုက်လျှင် ၂၄-၃၀ နာရီ အတွင်း အချဉ်ပေါက်လာ၍ ပေါင်းခံနိုင် ပေသည်။

အရက်ဖြူမြန်မြန်ရ၊ မြန်မြန် ရောင်းရသည်။ ၁၉၇၃-၇၄ ခုနှစ်က စာရေးသူ မုဒုံဘက်သွားစဉ် အရက်ကိစ္စ မေးမြန်းရာ ယူရီးယားထည့်စိမ်ပြီးရသော စိမ်ရည်ချက်သည့် အရက်(ပုလဲ)အရက်က အမူးမြန်သည်။ နည်းနည်းနှင့်မြန်မြန်မူး သဖြင့် သူတို့ဒေသတွင် ထိုစဉ်ကပေါ်ကာစ အမြန်ယာဉ်လိုပဲလို့ ပြောကြပါသည်။ ထို အရက်သည် အမူးမြန်သလို လူတွေလည်း အသေမြန်သည်ဟု မိတ်ဆွေစိုက်ပျိုးရေး အရာရှိ ဦးစိန်၀င်းက ပြောပါသည်။ (ပုလဲ) အရက်ကို ပန်းကန်ထဲထည့်ပြီး ချဉ်ရည် ခုနစ်စက်ချလိုက်လျှင် ပြာလဲ့လဲ့အရောင် ဖြစ်သွားသည်ဟု ဆိုပါသည်။

အထက်တစ်နေရာတွင် ဖော်ပြထား သလို ယူရီးယား(ပုလဲ)ထည့်ချက်သော အရက်မှာ အရက်ပေါင်းခံသော အငွေ့ပျံ ရည်ရအောင် မီးပူပေးရသောကြောင့် အပူ ချိန်သည်မည်မျှဟုမပြောနိုင်ပါ။ ၁၀၀ ဒီဂရီဆဲလ်စီးယက်လောက် ကျော်သည်မသိပါ။ ၁၅၅ ဒီဂရီဆဲလ်စီးယက် ယူရီးယားမှ (Biuret) (ဘိုင်ယူရက်စ်) ဖြစ်သွားပါသည်။ ဘိုင်ယူရက်စ်သည် အဆိပ်တစ်မျိုးဖြစ် သည်။ ပြာလဲ့လဲ့ဆိုရာ၀ယ် ခရမ်းပြာဖြစ် ကောင်းဖြစ်မည်။

ယခု ငါးပိရည်ချိုလုပ်ငန်းမှာလည်း Fermentation မြန်အောင် ယူရီးယား(ပုလဲ)ထည့်ကောင်းထည့်နိုင်သည်။ ပုလဲ ယူရီးယားထည့်လျှင် ဂျာနယ်မှာဖော်ပြချက်အရ ငါးရက် ခြောက်ရက်မှာ ရောင်းကုန်၀င်သည်ဟုဆိုသည်။ သာမန်ဆိုလျှင် လေးလ၊ ခြောက်လကြာနိုင်သည်။

ဆရာဦးဗအုပ်ခိုင်တို့အဆိုအရ သူတို့ကိုယ်ပိုင်ဓာတ်ခွဲခန်း မရှိသေးဟု ဆိုသည်။ အခြားဓာတ်ခွဲခန်း တွေပို့ ဓာတ်ခွဲခိုင်းလျှင် အခြေအနေက အသေအချာယုံကြည်ရဖို့ခက်မည်ဟု ဆိုသည်။

ဤတွင် စားသုံးသူများကို တစ်ခုသတိပေးလိုသည်။ မိမိ၀ယ်ယူပြီးစားဖို့ ငါးပိကို ကောင်းစွာကြိုချက်ပြီး ပွက်ပွက်ဆူ နေစဉ်ခပ်ယူပြီး အရည်ကြည်ကို ပန်းကန် တစ်လုံးမှာထည့်ပါ။ ပြီးလျှင် အသင့်ဖျော် ထားသော ဒုတ္ထာ အရည်ကြည် တစ်စက် နှစ်စက်ချကြည့်ပါ။ ခရမ်းပြာရောင်သို့အရောင်ပြောင်း သွားလျှင် ယူရီးယား (ပုလဲ)ထည့်ထားသော ငါးပိဖြစ်ဖို့ သေချာသလောက်ပါပဲ။ ယူရီးယား(ပုလဲ)သည် အမိုးနီးယားမှတစ်ဆင့်ဖြစ်နိုင်သလို ယူရီးယားမှ လည်း အမိုးနီးယားကို ဖြစ်နိုင်ပါ သည်။ လူ့ခန္ဓာတွင်းသို့ ယူရီးယားရောက်သွားလျှင် အသည်းမှတစ်ဆင့် ကျောက်ကပ်သို့ သွေးကြောမှပို့ပြီး အဲဒီမှစစ်ထုတ်သော ကျင်ငယ်အဖြစ် ထုတ်ပစ်ကြရသည်။

အဲဒီအထဲမှာ ပင် ယူရီးယားအနည်းငယ်သည် သွေးမှ တစ်ဆင့် အူထဲသို့ရောက်တတ်ပါသည်။ အဲဒီ ယူရီးယားကို ယူရီးရက်စ်ခေါ်သော အူတွင် ဘတ်တီးရီးယားအကူဖြင့် (CO2) (ကာဗွန်ဒိုင်အောက်ဆိုက်)နှင့် အမိုးနီးယား (NH3) အဖြစ်ပြောင်းသွားသည်။

အဲဒီလို လက်ကျန်ယူရီးယားသည် (CO2) (ကာဗွန်ဒိုင်အောက်ဆိုက်)နှင့် အမိုး နီးယား (NH3) အဖြစ် ပြန်ကွဲသွားပြီးဖြစ်လာတဲ့ အမိုးနီးယားအချို့ဟာ မစင်နှင့် ပါသွားတတ်သော်လည်းအချို့ကိုတော့ သွေးကြောက ပြန်စုပ်ယူထားလိုက်တတ်ကြတယ်လို့ ဆိုပါသည်။ ကျောက်ကပ်အလုပ် မလုပ်နိုင်သော လူနာများတွင် သွေးရည် ကြည်ထဲမှာ ယူရီးယားတွေ များနေလို့ ဖြစ် နိုင်စရာရှိသည်ဟု ဆိုသည်။

ထိုသို့ဖြစ်ရ ခြင်းမှာလည်း သွေးထဲမှာ ယူရီးယားတွေကို သွေးထဲမှ အစာလမ်းကြောင်းအတွင်း အပို့အလွှတ်များလို့ဟု ဆိုပါသည်။ ဆီရမ်အမိုးနီးယား အဆင့်သည် (5 to 50 micomol/L)ပဲ ဖြစ်သင့်သော် လည်း တစ်စုံတစ်ခုသော အားနည်းချက်ကြောင့် အသည်း၏ လုပ်ဆောင်မှု ချို့ယွင်းခဲ့လျှင် ဆီရမ်အမိုးနီးယားအဆင့်သည် (1000 Micomole/L) အထက်အထိ ရောက်သွား နိုင်သည်။ အဲသလိုဖြစ်လာလျှင် တုန်တုန် ရီရီဖြစ်လာခြင်း၊ စကားမပီဖြစ်လာခြင်း၊ အမြဲငိုက်မြည်း (အိပ်ချင်မူးတူး)ဖြစ်နေ တတ်ခြင်း၊ အော့အန်ခြင်း၊ ဦးနှောက်ရောင်ခြင်း (အရည်ပြည့်၀) ရောင်ရမ်းခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အမိုးနီးယားအဆင့် မြင့်မားလွန်းလျှင် သတိမေ့မျောပြီး အသက်ပင် အန္တရာယ်ပြုနိုင်ကြောင်း ဆေးပညာစာပေများတွင် ဖော်ပြထားပါသည်။

ယူရီးယားသည် သင့်တင့်အောင် သုံးတတ်လျှင် အစာအိမ် လေးခန်းပါရှိသော တိရစ္ဆာန်များအတွက် (ဥပမာ) နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ကြက်ဆင် တို့လိုအကောင် တွေရဲ့ အစားအစာများ မြက်၊ ချဉ်ဖတ် တို့တွင်လည်း ထည့်သုံးနိုင်ပါသည်။ ဘိုင်အိုဂက်စ် ထုတ်သည့်ကန်များထဲတွင် နွားချေးနှင့် အခြားအညစ်အကြေးများထည့် ပြီး အချဉ်ပေါက်ခြင်းဖြစ်စေကာ CH2 မယ်လ်ဟိန်းနှင့် CO2 ကာဗွန်ဒိုင်အောက် ဆိုဒ်တွေထွက်စေရာ၌လည်းအေးလွန်း သောအခါတွင် ဓာတ်ငွေ့အထွက်နှေးခြင်း၊ နည်းခြင်းအတွက် ယူရီးယားအနည်းငယ် ထည့်ပေးခြင်းဖြင့် ဓာတ်ငွေ့ပုံမှန်ထွက်စေပါသည်။

မည်သို့ပင်ဆိုစေ ယူရီးယားကို အရက်ချက်ရန် စိမ်ရည်တွင်လည်းကောင်း၊ ငါးပိ ရေချိုသိပ်ရာတွင်လည်းကောင်း မသုံးသင့် ပေ။ အချိန်အဆအကိုင် အတွယ် မမှန်ကန်သဖြင့် စားသုံးသူ၊ သောက်သုံးသူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

သုတကျော်

မြန်မာတောင်သူကြီးများဂျာနယ်

#တောင်သူဦးကြီး_Taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့