Skip to main content

ရွှေခရု (Golden Apple Snail)

ရွှေခရု အကြောင်းသိကောင်းစရာများ


နိဒါန်း



 ရွှေခရု [Pomacea canaliculata Lamarck] သည် စပါးထုတ်လုပ်ရေးတွင် အရေးကြီး သော ဖျက်ပိုးဖြစ်သည်။ 

၁၉၈၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် စပါးစိုက်ဧရိယာတွင် စပါးအထွက် ၁% မှ ၄၀% ထိ အထွက်ဆုံးရှုံးခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက ခန့်မှန်းခဲ့ပါသည်။

 ဤဖျက်ပိုးအား ကာကွယ်နှိမ်နင်းရန် လယ်သမားများစွာတို့သည် စျေးကြီးပြီး ဖျက်ပိုး မျိုးစုံအတွက် အသုံးပြုနိုင်သော ဓါတုခရုသတ်ဆေးများကို အသုံးပြုခြင်းကြောင့်လူသားအပါအ၀င် မိမိ မရည်ရွယ်ထားသောသတ္တဝါများကို ထိခိုက်စေသည်။

ဤဆောင်းပါးတွင် ရွေခရုကာကွယ်နှိမ်နင်းရေးအတွက် ထပ်ဆောင်းနည်လမ်းများနှင့် သတင်း အချက်အလက်များကို တင်ပြထားပါသည်။ 

ခရုသတ်ဆေး တလွဲအသုံးပြုမှုကို လျှော့ချရန်  သတင်းအချက်အလက်များလည်းပါ၀င်ပါသည်။ ဤဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသော အချက်များတွင် လယ်သမားများ ၄င်းတို့၏ လယ်ခင်းတွင် အသုံးပြုနိုင်သည့် များစွာသော ကာကွယ်နှိမ်နင်းရေးများ အပါအ၀င် ရွှေခရု၏ ဇီဝဗေဒအသေးစိတ်များ ပါ၀င်ပါသည်။

ဤဆောင်းပါးသည် စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပညာ၀န်ထမ်းများနှင့် လယ်သမား တို့အား ရွှေခရု၏ သဘာ၀၊ ပျံ့နှံ့ခြင်းနှင့် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို ပိုမို နားလည်နိုင် စေလိမ့်မည်ဟု ယုံကြည်ပါသည်။


သမိုင်းကြောင်း


  ရွှေခရုကို ဖိလစ်ပိုင်နိုင်ငံသို့ ၁၉၈၂ နှင့် ၁၉၈၄ ခုနှစ်ကြားတွင် တင်သွင်းခဲ့ပါသည်။ 

၄င်း၏မူလပင်ရင်းမှာ တောင်အမေရိကတိုက်ဖြစ်ကာ ထိုင်၀မ်မှတစ်ဆင့် ၀င်ရောက်လာခြင်း ဖြစ်သည်။ 

လူသားများနှင့် လယ်ယာတိရိစ္ဆာန်များအတွက် ၄င်း၏ အာဟာရတန်ဖိုးမြင့်မားမှုသည် အစိုးရများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ကိုလည်း စိတ်၀င်စားမှုမြင့်မားစေခဲ့သည်။ 

သို့ရာတွင် ၄င်းအားတင်သွင်းပြီး နှစ်အနည်းငယ်အကြာတွင် ရွှေခရုသည် စပါး၏ အဓိက ဖျက်ပိုး တစ်မျိုး ဖြစ်လာခဲ့ပါသည်။ 

ထိုမှတစ်ဆင့် အခြားအာဆီယံနိုင်ငံများသို့ ပျံ့နှံ့ခဲ့သည်ဟု ယူဆရပါသည်။ 


ရွှေခရုအရွယ်ရောက်ကောင်၏ဝိသေသလက္ခဏာများ


 ရွှေခရုသည် ၂ နှစ်မှ ၆ နှစ်ထိ အသက်ရှင်နေထိုင်နိုင်ပြီး မျိုးပွားနှုန်းမြင့်မားသည်။

 ခရုခွံသည် အညိုရောင်ရှိပြီး ခရုအသားမှာ နို့နှစ်ဖြူရောင်မှ ရွှေရောင်တောက်သည့် ပန်းရောင် သို့မဟုတ် လိမ္မော်ရောင်ရှိသည်။ 

 အရွယ်အစားမှာ အစားအစာရရှိနိုင်မှုအပေါ်မူတည်သည်။

အဖျက်ဆီးနိုင်ဆုံးသောအဆင့်မှာ ခရုခွံအလျား ၁၀ မီလီမီတာ (ပြောင်းဖူးစေ့ခန့်) မှ ၄၀ မီလီမီတာ (ပင်ပေါင်ဘောလုံးခန့်) ရှိသောအခါဖြစ်သည်။


ဖျက်ဆီးမှုနည်းလမ်းနှင့်လက္ခဏာ


• ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်အထိရှိသော စပါးပင်များနှင့် တိုက်ရိုက်စိုက်ပျိုးသော စပါးများကို ၄ ရက်မှ ၃၀ ရက်နောက်ပိုင်းတို့တွင် ရွှေခရုများက အဓိကစားသောက် ဖျက်ဆီးသည်။ 

• ရွှေခရုများသည် စပါးပင်လောင်းများ၏အောက်ခြေကို အငမ်းမရ စားသောက်ဖျက်ဆီး သည်။ ၄င်းတို့သည် တစ်ညအတွင်း စပါးပင်ငယ်များကို စပါးတစ်ခင်းလုံးကုန်အောင် ပင်လျှင် စားသောက် ဖျက်ဆီးပစ်နိုင်သည်။

• စပါးပင်မြုံများပျောက်နေတတ်သည်။

• ရေမျက်နှာပြင်ပေါ်တွင် ဖြတ်ထားသော စပါးရွက်များ ပေါလောပေါနေတတ်သည်။


ဘ၀စက်၀န်း


ဥများ


• ဥများကို အပင်တိုင်း ၊ ရေကာတာများနှင့် ရေမျက်နှာ ပြင် ပေါ်ရှိ အရာ၀တ္တုများ (ဥပမာအားဖြင့် သစ်ကိုင်းများ၊ တုတ်ချောင်း များ၊ ကျေက် တုံး များ စသဖြင့်) တို့တွင်အုသည်။ 

• ဥမြုံများသည် တောက်ပသည့် ပန်းနီရောင်ရှိပြီး ဥပေါက်ခါနီးတွင် ပန်းနုရောင် ဖြစ်လာသည်။ 

• ၇ - ၁၄ ရက်တွင် ဥမှအကောင်ပေါက်သည်။ 


ခရုပေါက်များနှင့် အရွယ်ရောက်ကောင်များ


• ခရှုပေါက်များသည် လျင်မြန်စွာ ကြီးထွားလာကြသည်။ ၄င်းတို့သည် အစားကြီးသော သတ္တဝါများဖြစ်ကြသည်။

• အရွယ်ရောက်ကောင်များသည် တစ်နှစ်ပတ်လုံး အဆက်မပြတ် ရေရနိုင်သော ရှုတ်ထွေး သည့် အပင်များအကြား နေ့တစ်နေ့၏ မည်သည့်အချိန်တွင်မဆို ၃ - ၄ နာရီ ကြာ မိတ်လိုက်ကြသည်။ 

• ရွှေခရုများသည် လျှင်မြန်စွာ မျိုးပွားကြသည်။ ၄င်းတို့သည် တစ်လလျှင် ဥ ၁၀၀၀ - ၁၂၀၀ အုနိုင်ကြသည်။ သို့ဖြစ်၍ ဥများကို ဖျက်ဆီးခြင်းသည် အလွန်ထိရောက်သော ကာကွယ် နှိမ်နင်းခြင်း နည်းဗျူဟာဖြစ်သည်။  


သူတို့ဘယ်မှာနေကြသလဲ


• ရေကန်များ၊ ရွံ့ဗွက်အိုင်များ၊ ရေသွင်းစပါးခင်းများ၊ တူးမြောင်းများ၊ ရေလွှမ်းဧရိယာများ တွင် နေထိုင်ကြသည်။

• ၄င်းတို့သည် ခြောက်သွေ့သော ရာသီအတွင်း စိုစွတ်သော မြေကြီးထဲတွင် ၄င်းတို့ကို ၄င်းတို့ နှစ်မြှုတ်ပြီးနေကြသည်။ ၄င်းတို့သည် ၆ လကြာ ဆောင်းခိုနေနိုင်ကြပြီး မြေကြီးကို ရေလွှမ်းလိုက်ပါက ပြန်လည်လှုပ်ရှားတက်ကြွလာကြသည်။

• ၄င်းတို့သည် ရေထဲမှအညစ်အကြေးပစ္စည်းများ သို့မဟုတ် အောက်ဆီဂျင်နည်းပါးသော နေရာများကဲ့သို့သော ဆိုးဝါးသည့် အခြေအနေများတွင် အသက်ရှင်နေထိုင်နိုင်သည်။


စားသောက်သည့်အလေ့အထများနှင့် ကျရောက်တတ်သော လက်ခံပင်များ

• ရွေခရုများသည် ရေမှော်များ၊ ဘဲစာများ၊ ဗေဒါပင်များ၊ စပါးပျိုးပင်များနှင့် အခြား အရည်ရွှမ်းသည့် အရွက်ရှိသည့်အပင်များအပေါ် စားသောက်ဖျက်ဆီးသည်။ 

• ၄င်းတို့သည် နူးညံ့သည့် အပင်ငယ်အစိတ်အပိုင်းများကို ပိုမိုနှစ်ခြိုက်ကြပြီး ၄င်းတို့၏ ကြမ်းတမ်းသည့်လျှာဖြင့် အပင်မျက်နှာပြင်ကို ခြစ်ယူစားသောက်သည်။

• ၄င်းတို့သည် ဓါတ်ပြိုကွဲနေသည့် အော်ဂဲနစ်ပစ္စည်းများကိုလည်း စားသောက်သည်။


သဘာ၀အတိုင်းတွေ့ရှိရသော ဇီ၀ထိန်းချုပ် သတ္တဝါများ


• ပုရွက်ဆိတ်အနီများသည် ဥများကို စားသောက်သည်။

• ဘဲများသည် ခရုအသားများနှင့် ခရုအကောင်ငယ်များကို စားသောက်သည်။

• လူများက ခရုအသားများကို သင့်တော်စွာ ချက်ပြုတ်ပြီးပါက စားသောက်သည်။

• လယ်ကြွက်များက ခရုခွံများကို ကိုက်ပြီး အသားများကို စားသောက်သည်။


ကာကွယ်နှိမ်နင်းခြင်း


မြေယာပြုပြင်စဉ်


• နောက်ဆုံးအကြိမ် ထွန်မမွှေမီ ရွှေခရုများ အတက်ကြွဆုံး အချိန်ဖြစ်သည့် မနက်ခင်းနှင့် ညနေခင်းတို့တွင် ၄င်းတို့ကို လယ်ခင်းထဲမှ လက်ဖြင့် ကောက်ယူပါ။

• ရွှေခရုကို အဆိပ်အတောက်ဖြစ်စေသည့် ဆေးရွက်ကြီးရွက်၊ ငရုတ်သီးအနီတောင့်တို့ကို အသုံးပြုပါ။


• အခြား အပင်များတွင် ခရေရွက်များ၊ တမာရွက်များ တို့သည် ရွှေခရုကို သေစေနိုင်သည်။ ၄င်းတို့ကို စပါးအား ရွှေ့ပြောင်းမစိုက်မီ အသုံးပြုပါ။ ရွှေခရုများကို ဖမ်းမိစေရန် တူးမြောင်းငယ်များကို ရိုးရှင်းစွာတူးပြီး ထိုနေရာတွင် ဖော်ပြပါ အပင် အစိတ်အပိုင်းများကို ချထားပါ။

• ရွှေခရုများကို ဆွဲဆောင်နိုင်သည့် ငှက်ပျောရွက်၊ သဘောင်္ရွက် နှင့် သတင်းစာ အဟောင်း များသည် ရွှေခရုကို ကောက်ယူရာတွင် လွယ်ကူစေသည်။

• နောက်ဆုံးအကြိမ်ထွန်မွှေစဉ် အနည်းဆုံး ၂၅ စင်တီမီတာ အကျယ်ရှိပြီး ၅ စင်တီမီတာ အနက်ရှိသော တူးမြောင်းငယ်များကို တူးပြီး လေးလံသော ပစ္စည်းများပါသော အိတ်များ ကို ဆွဲချထားပါ။ တူးမြောင်းငယ်များအကြား ၁၀ - ၁၅ မီတာ အကွာအဝေးကို ချန်ထားပါ။ ထိုနည်းတူစွာ စပါးခင်းအစွန်းဖက်များတွင် ၂၅ စင်တီမီတာ အကျယ်ရှိပြီး ၅ စင်တီမီတာ အနက်ရှိသော တူးမြောင်းငယ်များကို တူးပါ။

• ရွှေခရုပေါက်များနှင့်အကောင်ကြီးများကို တားဆီးရန် အဓိကရေ၀င်ရေထွက်ပေါက်တွင် ကြေးနန်းဇကာ သို့မဟုတ် ဝါးဇကာကို ချထားပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် ထောင်ချောက်မိ နေသော ရွှေခရုများကို ကောက်ယူရာတွင်လည်း ပိုမိုလွယ်ကူစေသည်။ 


စပါးကိုရွှေ့ပြောင်းစိုက်ပျိုးစဉ်


• စပါးပင် ကြံ့ခိုင်သန်စွမ်းစေရန် စံမျိုးစေ့နှုန်းထားနှင့် အကွာအဝေးအတိုင်းစိုက်ပါ။

• ရွှေခရုကျရောက်မှုများသောနေရာဖြစ်ပါက စောစောရင့်မှည့်သည့် စပါးမျိုးကို ၂၅ - ၃၀ ရက်သားနှင့် နောက်ကျရင့်မှည့်စပါးမျိုးကို ၃၀-၃၅ ရက်သားတို့တွင် ရွှေ့ပြောင်းစိုက်ပါ။

• စပါးခင်းထဲ သို့မဟုတ် တူးမြောင်းများအနီးတွင် ရွှေခရုကောင်များ ဥအုစေရန် ရေရှိသော နေရာတွင် ဝါးချောင်းများကို ချထားပါ။ ဤသို့ပြုလုပ်ထားခြင်းဖြင့် ရွှေခရုအုမြုံများကို ကောက်ယူဖျက်ဆီးရာတွင် ပိုမိုလွယ်ကူစေသည်။

• စပါးရွှေ့ပြောင်းစိုက်ပျိုးပြီး ၃ ရက်မှစ၍ ရေပြင်ကို ၂ -၃ စင်တီမီတာ ထိန်းသိမ်းထားပါ။

• ရွှေခရုများရွေ့လျားမှုနှင့်စားသောက်မှုလုပ်ဆောင်ချက်များကို ကန့်သတ်ရန် စပါးခင်းကို မကြာမကြာ ရေထုတ်ပေးပါ။

• ရွှေခရုများကို ကောက်ယူပြီး ချက်ပြုတ်စားသောက်ပါ။ သို့မဟုတ် ခြေမွပစ်ပြီး ဘဲများနှင့် ၀က်များကို ကျွေးပါ။ သဘောင်္ရွက်ကို ဆွဲဆောင်နိုင်သည့် ပစ္စည်းအဖြစ် အသုံးပြုခြင်းသည် ကောက်ယူရာတွင် ပိုမိုလွယ်ကူစေသည်။


စပါးရိတ်သိမ်းပြီးနောက်


• စပါးကို နောက်ဆုံး ထွန်မွှေပြီး သည်နှင့် ချက်ချင်း စပါးခင်း ထဲသို့ ဘဲကျောင်းပါ။ စောစောရင့်မှည့် စပါးမျိုးအတွက် ရွှေ့ပြောင်းစိုက်ပြီး ၃၀-၃၅ ရက်နှင့် နောက်ကျရင့်မှည့် စပါးမျိုးအတွက် ရွှေ့ပြောင်းစိုက်ပြီး ၄၀-၄၅ရက် နောက်တွင် နောက်တစ်ကြိမ် ဘဲကျောင်းပါ။


စပါးကြီးထွားမှုအဆင့်အပေါ်အခြေခံကာ ဘက်စုံစီမံခန့်ခွဲရေး အစီအမံ


# စပါးမစိုက်မီ - မြေပြုပြင်ခြင်း - (က)

# စပါးကြီးထွားစဉ် - အရွက်ထွက်သည့်အဆင့်နှင့် မျိုးပွားအဆင့် - (ခနှင့်ဂ) - ရင့်မှည့်သည့်အဆင့် - (ဃ)

# ရိတ်သိမ်းချိန်လွန် - ရိတ်သိမ်းပြီးနောက် - (င)


က = ဘဲကျောင်းခြင်း၊ လက်ဖြင့်ကောက်ယူ့ခြင်း၊ တူးမြောင်းငယ်များတူးခြင်း၊ ဆွဲဆောင်နိုင်သည့် အပင်များကို အသုံးပြုခြင်းနှင့် ဥမြုံများကို ဖျက်ဆီးခြင်း

ခ =  လက်ဖြင့်ကောက်ယူ့ခြင်း၊ ဘဲကျောင်းခြင်း၊ ဇကာကွက်ထောင်ချောက်ဆင်ခြင်း၊ တုတ်ချောင်ထောင်ခြင်း နှင့် ဥမြုံများကို ဖျက်ဆီးခြင်း

ဂ = ရေစီမံခန့်ခွဲခြင်း၊ လက်ဖြင့်ကောက်ယူ့ခြင်း၊  ဆွဲဆောင်နိုင်သည့် အပင်များကို အသုံးပြု ခြင်း နှင့် ဥမြုံများကို ဖျက်ဆီးခြင်း

ဃ = လက်ဖြင့်ကောက်ယူခြင်းနှင့် အကောင်ကြီးများနှင့်ဥများကို ဖျက်ဆီးခြင်းတို့အား အမြဲလုပ်ဆောင်ပါ။

င = ဘဲကျောင်းခြင်း၊ မြေအခြောက်ကို ထွန်ရေးပြင်ခြင်း

အောက်ခံအဖြစ် ကွန်ပေါင်းမြေသြဇာနှင့် ယူရီးယားမြေသြဇာတို့ကို ထောက်ခံနှုန်းထား အတိုင်း မြေကြီးတွင် နောက်ဆုံး ထွန်မွှေသည့်အချိန်တွင် အသုံးချခြင်းသည် ရွှေခရု အကောင်ရေ ၅၄% ကို လျော့ကျစေသည်။

 စျေးကွက်တွင် ၀ယ်ယူရရှိနိုင်သော နီကလိုစာမိုက်ဒ်နှင့်မက်တာလ်ဒီဟိုက်ဒ် (niclosamide 70 WP and metaldehyde 5%၊ 6% နှင့် 10% G) တို့သည် ရွှေခရုများကို တိုက်ရိုက်ထိပါက ထိရောက်သည်။ ၄င်းတို့၏ ထိရောက်မှုသည် ၂ - ၃ ရက်ကြာသည်။ ခရုသတ်ဆေးများသည် ဆောင်းခိုပြီးနောက် မြေကြီးပေါ်ရောက်လာပြီး စပါးခင်းထဲသို့ ပြန်လည် ၀င်ရောက်လာသည့် ရွေခရုများကို ဆက်လက်၍ မသေစေပါ။ နီကလိုစာမိုဒ် ၂၅၀ အီးစီ (Niclosamide 250 EC) ကို တစ်ဧကလျှင် ၂၀၀ မီလီလီတာနှုန်းပက်ဖျန်းပါက ရွှေခရု ၈၀% ခန့်ကို သေစေသည်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ နှင့်စက်တင်ဘာ ၆ရက်နေ့ထုတ် နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ ၅၊ အမှတ် ၃၃ 

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့