Skip to main content

မိုးစပါးအပြီး တောင်သူအများစိုက်ပျိုးကြတဲ့မတ်ပဲ(Black Gram)အကြောင်း




မျိုး

-ရေဆင်း၂၊ရေဆင်း၄၊ရေဆင်း၆၊ပုလဲထွန်း

-အပင်ပေါက်ရာခိုင်နှုန်း၇၅-၈၅ရှိတဲ့မျိုးကိုစိုက်ပျိုးပါ။

မြေ

-မြေချဥ်ငံဓာတ် ၆.၅ - ၇ 

-ရေသွင်းရေထုတ်ကောင်းမွန်သော စနယ်မြေစေး၊သဲနုံးမြေ၊နှုန်းစနယ်မြေ စသည်တို့တွင်စိုက်ပျိုးပါ။

-မြေချဥ်ငံဓာတ် ၅.၅ထက်နိမ့်သောမြေများတွင်စိုက်ပျိုးပ်က အပင်ဖြစ်ထွန်းမှုညံ့ဖျင်းသည်။

-ဆားပေါက်သောမြေများတွင်မစိုက်ပျိုးသင့်ပါ။

ရာသီ

-မိုးကြို၊မိုးနှောင်းကာလတွင်အပင်ဦးရေ၁၃၀၀၀၀ရရှိရန်တန်းကြားပင်ကြား(၁၂လက်မ ×၈လက်မ)ခြားပြီးမျိုးစေ့(၆-၈) ပြည်သုံးစွဲပါ။

-မိုးရာသီ တွင်အပင်ဦးရေ၈၇၀၀၀ရရှိရန်တန်းကြားပင်ကြား(၁၈လက်မ×၄လက်မ)ခြားပြီးမျိုးစေ့(၄-၆)ပြည်သုံးစွဲပါ။

မြေပြင်ချိန်

-တစ်ဧက စာ နွားချေး ၁၀၀-၁၅၀ တင်း၊ ပုလဲ ၈ပြည်၊တီစူပါ ၂၄ပြည်၊ပိုတက် ၁၂ပြည် နှုန်းထည့်ပေးပါ။

စိုက်ချိန်

-တဧကစာ ကျောက်မှုန့် ပြည် ၂၀ အသုံးပြုပေးပါ။

-အပင်နှစ်ပတ်သားမှပန်းပွင့်ချိန်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။

-မြေအောင်းပိုးကာကွယ်ရန် မျိုးစေ့လူးနယ်ဆေးသုံးပေးပါ။

ရောဂါ

-အ၀ါရောင်မိုစေ့(ပင်၀ါ)ရောဂါမဖြစ်စေရေး ၄င်းရောဂါဖြစ်စေသော ယင်ဖြူကိုကာကွယ်ရန် ၂ပတ်သားမှ စ၍ပင်လုံးပြန့်အာနိသင်ရှိသည့်ပိုးသတ်ဆေးကိုအသုံးပြုပါ။

-ပန်းပြချိန်မှသီးကင်း၀င်ချိန်အတွင်းပုလဲ+လက်ချားဖျော်ရည်ကိုတစ်ဧက ၅-၆ ကြိမ် ဖျန်း ပေး ပါ။(ရေတစ်ဂါလံကို ပုလဲ၄ဇွန်း၊ လက်ချား၁ဇွန်းထည့်ပါ)


🌱သီးတောင့်များအ၀ါ/အညိုရောင်ပြောင်းချိန် သီးတောင့်အတွင်း အစေ့မာချိန် ရိတ်သိမ်းရမည်။


#တောင်သူဦးကြီး_TaungThuOoGyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့