Skip to main content

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ

============================



ငရုတ်ကို သာမန်အားဖြင့် ငရုတ်အစပ်မျိုးနဲ့ ငရုတ်အချိုမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ မျိုးအလိုက် အချို့ငရုတ်သီး  တွေဟာ မိုးပေါ်ကိုထောင်ပြီး အချို့က အောက်ကို ငိုက်ပြီးသီးပါတယ်။ ငရုတ်သီးပုံသဏ္ဍာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြပါတယ်။ ငရုတ်ကို စိုက်ပျိုးတဲ့ရာသီအလိုက် မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဆို ပြီးရှိပါတယ်။ မိုးကြိုငရုတ်ကို  ဖေဖော်ဝါရီ၊ မတ်လမှာ ပျိုးထောင်ပြီး ဧပြီ၊မေလမှာပြောင်းရွှေ့စိုက်ပျိုးကာ ဇူလိုင်၊ သြဂုတ်မှာ ခူးပါတယ်။ မိုးငရုတ်ကိုတော့ ဧပြီ၊မေလမှာ ပျိုးထောင်၊ ဇွန်လမှာ ပြောင်းရွှေ့စိုက်ပျိုးပြီးရင် စက်တင်  လမှာခူးဆွတ်ပါ တယ်။ ဆောင်းငရုတ်ကိုတော့ အောက်တိုဘာလမှာပျိုးထောင်ပြီး နိုဝင်ဘာမှာ စိုက်ပျိုးကာ  ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခူးဆွတ်ပါတယ်။

ကြိုက်နှစ်သက်သောရာသီဥတုနှင့်မြေအမျိုးအစား
------------------------------------------------------ ငရုတ်ဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် (၂၅-၅၀)လက်မရွာသွန်းတဲ့ဒေသမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။ ပူပြင်းတဲ့ဒဏ်ကို ခံနိုင်ပေမယ့် အသီးဖြစ်ထွန်းမှုနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ မှာ ရာသီမရွေးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာတော့  ဆောင်းရာသီမှာ စိုက်ပျိုးနိုင်ပါတယ်။ အပူချိန်(၂၀-၃၀)ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံးဖြစ်ထွန်းပြီး (၁၅)ဒီဂရီစင်တီဂရိတ်ထက်နိမ့်ပြီး (၃၂)ဒီဂရီ စင်တီဂရတ်ထက်မြင့်ရင် အပင်ကြီးထွားမှုနှေးပြီး သီးထွက်လျော့နိုင်ပါတယ်။
ငရုတ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေဟာ အကောင်းဆုံးဖြစ်ပါတယ်။ အသင့်  တော်ဆုံး မြေချဉ်ငန်ဓာတ်က (၅.၅-၇) အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်း
-------------
စိုက်ပျိုးတဲ့ စနစ်ပေါ်မူတည်ပြီး တစ်ဧကကို မျိုးစေ့ (၁၀၀-၂၀၀)ဂရမ်လိုအပ်ပါတယ်။

မြေသြဇာအသုံးပြုနှုန်း
-------------------------
တစ်ဧကကို နွားချေး (၁၅)တန် ယူရီးယား (၅၀)ကီလိုဆန့် (၂)အိတ်၊ တီစူပါ (၅၀)ကီလိုဆန့် (၁)အိတ်နဲ့ ပိုတက်ရှ် (၅၀)ကီလိုဆန့် (၁)အိတ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ပျိုးထောင်ခြင်း
--------------------
ပျိုးဘောင်ကို သေချာပြုပြင်ပြီး (၆)လက်မကွာ အတန်းလိုက်အစေ့ချပျိုးထောင်ပါ။ ပူပြင်းတဲ့ရာသီတွေမှာ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုရွက်ဆိတ်ရန်မှကင်းဝေးဖို့ ပျိုးဘောင်မှာ  မြေအောင်းပိုး သတ်ဆေးထည့်သွင်းအသုံးပြုခြင်း ဒါမှမဟုတ် မျိုးစေ့လူးနယ်ပြီး စိုက်ပျိုးသင့်ပါတယ်။ အစိုဓာတ်မပြတ်စေဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။

မြေပြုပြင်ခြင်း
----------------
စိုက်ခင်းမြေကို နွားချေးချထယ်ထိုးပြီး ထွန်ရေးကောင်းရတဲ့အထိ ထွန်မွှေပါ။ အစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ကြမ်းရိုက်ပါ။ မြေခံအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၁)အိတ်စီထည့်သွင်းအသုံးပြူပါ။

စိုက်ပျိုးခြင်း
--------------
ပျိုးသက် (၃၀-၄၅)ရက်သားအရွယ်မှာ ပြောင်းရွှေ့စိုက်ပျိုးပါ။ မိုးကာလမှာ ပျိုးသက်ကို (၂)လအထိ ထားနိုင်ပါ တယ်။ မျိုးအလိုက် အပင်အကွာအဝေးကွာခြားပါတယ်။ တန်းကြား×ပင်ကြား (၂)ပေနဲ့ တစ်ဧက အပင်ဦးရေ (၁၀၀၀၀) ဝင်အောင် စိုက်ပျိုးပါ။ ညနေခင်းနေအေးချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးပါ။ အပင်စိုက်ပျိုးစဉ်မှာ အမြစ်ကို မြေထဲဖြောင့်တန်းနေအောင် ထည့်သွင်းစိုက်ပျိုးဖို့ လိုပါတယ်။

အပင်ပြုစုခြင်း
-------------------
ရွှေ့စိုက်ပြီး (၂၀) ရက်သားမှာ ပေါင်းလိုက်ပါ။ စိုက်ပျိုးပြီး (၁)လသားမှာ ယူရီးယားအိတ်ဝက်ထပ်ထည့်ပြီး  ပေါင်းလိုက်မြေတောင်မြှောက်ပါ။ အသီးတင်အားကောင်းဖို့ ပထမဆုံးပွင့်တဲ့ ပန်းပွင့်ကို ခြွေပေးသင့်ပါတယ်။

ရေသွင်းခြင်း
---------------
မြေတွင်းအစိုဓာတ်နည်းသွားရင် အပွင့်အသီးတွေ ကြွေကျတတ်တာကြောင့် ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း
-------------------------------
ပျိုးခင်းမှာ မျိုးကြောင့်ဖြစ်တဲ့ ခါးရိရောဂါကာကွယ်ဖို့ ပျိုးဘောင်တွေကို မစိုက်ပျိုးခင် ပိုးသတ်ပေးဖို့ လိုအပ်ပါ တယ်။ စိုက်ခင်းမှာအဓိကကျတာက သီးထိုးကျိုင်း၊ သီးထိုးယင်တွေကျရောက်ပြီး ယင်မတွေဟာ အသီးနုပေါ်မှာ ဥဥချပြီး ဥမှပေါက်လာတဲ့ အကောင်ငယ်တွေဟာ သီးတောင့်တွေကို ဖျက်ဆီးပါတယ်။ ကာကွယ်ရမှာက ပါရာသီယွန်ဆေးကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် (၁၀) ရက်တစ်ကြိမ် ဆေး (၃၀)စီစီကို ရေ (၄)ဂါလံနဲ့ဖျော်ပြီး အသီးတွေစတင်ဖြစ်ပေါ်ချိန်မှစပြီး ပက်ဖျန်းကာကွယ်နိုင်ပါတယ်။

ခူးဆွတ်ခြင်းနှင့်အထွက်နှုန်း
-------------------------------
အစိမ်းအဖြစ်ခူးမယ်ဆိုရင် အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် ဒါမှမဟုတ် အရောင်ပြောင်းစချိန်မှာ ခူးရမှာဖြစ်ပါတယ်။ အခြောက်အဖြစ်ခူးမယ်ဆိုရင်တော့ အနီရောင်ကို ကောင်းကောင်းပြောင်းပြီးမှ ခူးရမှာဖြစ်ပါတယ်။ အသီးတွေကို (၅) ရက်တစ်ကြိမ် ခူးဖို့ လိုအပ်ပါတယ်။
မိုးနှောင်းစိုက်တစ်ဧက ငရုတ်ခြောက် (၁၅၀-၂၀၀)ပိဿာ၊ ငရုတ်အစိုဟာ အခြောက်ထက် (၃-၄)ဆခန့် ပိုပြီး ထွက်နိုင်ပါတယ်။ ငရုတ်အစိုတွေကို အပူချိန် (၅၀)ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ (၃-၅)မိနစ်ခန့် အထိ စိမ်ပေးပြီး နေလှန်းအခြောက်ခံခြင်းအားဖြင့် ငရုတ်သီးအရောင်တောက်ပစေပြီး ထားသိုချိန်မှာ လည်း ကြာရှည်ခံစေမှာဖြစ်ပါတယ်။ ငရုတ်သီးကို အခြောက်ပြုလုပ်ပြီးမှ သိုလှောင်ရတာဖြစ်ပါတယ်။ အခွံပါးပြီး အတောင့်သေးတဲ့မျိုးတွေကို အများအားဖြင့် နေရောင်နဲ့ အခြောက်ခံပြီး အခွံပွပြီး အတောင့် ကြီးတဲ့ မျိုးကိုတော့ ရေနွေးဖျောပြီးမှ အခြောက်ခံကြပါတယ်။ အထူးသဖြင့် ပုလိပ်ငရုတ်ချိုကို  ရေနွေး ဖျောပြီးမှသာ အခြောက်ခံကြပါတယ်။

မျိုးစေ့ထုတ်ယူနည်း
----------------------
မျိုးစေ့ခံမယ့် အပင်ကိုရွေးပြီးနောက် အသီးကောင်းကောင်းရင့်မှည့်ချိန်မှာခူးဆွတ်ပြီး အစိုအတိုင်းမျိုးစေ့ ထုတ်ယူပါ။ အခန်းတွင်းအရိပ်အောက်မှာ အခြောက်ခံပါ။ တိုက်ရိုက်နေရောင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Source; စိုက်ပျိုးရေးဦးစီးဌာန
Photo-Internet
#တောင်သူဦးကြီး_taungthuoogyi

တောင်သူဦးကြီးများအတွက် Share ပေးဖို့မေတ္တာရပ်ခံပါတယ်။


Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့