Skip to main content

စိုက်ပျိုရေးသုံးရေအကြောင်း

စိုက်ပျိုရေးသုံးရေအကြောင်း 
( အပင်ကလည်းလူလို ရေသန့်မှကြိုက်တာ)
           အားဆေးဖျော်ဖို့  သုံးတဲ့ရေရဲ့ပြင်းအားသို့ အခြားသောအာဟာရတွေများစွာ ပျော်ဝင်နေတဲ့ရေ ဥပမာ ရေငန်တာချဉ်တဲ့ရေ မှာဖျော်ရင် ရေမှာ ပျော်ဝင်တဲ့အာဟာရတွေ များနေလို့ကိုယ်ဖျော်တဲ့ရွက်ဖျန်းအားဆေးသို့မြေဆီတွေရေပျော်ဖို့ခက်တာကြုံဖူးကြပါလိမ့်မယ်။ ကိုယ့်အပင်အတွက်ကျွေးချင်တဲ့အာဟာရရေမှာပျော်မှုနည်းလာတာနဲ့  ဆေးအာနိသင်ကို ပြည့်ဝစွာကျွေးနိုင်ဖို့ကရေနဲ့ဖျော်စပ်ရာမှာတင် အလေအလွင့်များနေပါတယ် ။ နောက်ဖျော်ပြီးဖျန်းတဲ့အချိန်မှာလည်း အလေအလွင့် များဖြစ်စေတဲ့  
(1)နေအပူကြောင့်အငွေ့ပျံလွယ်ခြင်း 
(2)လေနဲ့လွင့်ပါခြင်း
(3)ဖျန်းနည်းစနစ်မမှန်ခြင်း                                 ကြောင့် မိမိအသုံးပြုမည့်ဆေးကမိမိစိုက်ခင်းအတွက်အကျိုးရှိစေမှုဟာအလွန်နည်းပါနေပါလိမ့်မယ်။တစ်ချို့ကြားဖူးမှာပါ ရွှံပါသောရေနဲ့ဖျော်ရင်ပေါင်းသတ်ဆေး အာနိသင်ပျက်တယ်ဆိုတာ။ ရေမှာ
(1)ကယ်ဆီယမ် (calcium)
(2) မက္ကနီဆီယမ် (mg)
(3) ကလိုရင်း (Chlorine )နှင့်
(4) အခြားသောဒြပ်စင်တွေပါဝင်ပါတယ် ။
            အချို့သောပေါင်းသတ်ဆေး၊ပိုးသတ်ဆေး  မှိုသတ်ဆေး(amine  saltပါသော ဆေးများ)ဟာ ရေမှာပါတဲ့  Ca   /Mg တို့နဲ့ဓါတ်ပြုပြီး ရေမပျော်တဲ့ဆားတွေဖြစ်ကာ ဆေးအာနိသင် လျော့နည်းစေတယ်။အချို့သောပိုးသတ်ဆေးတွေက ပိုးကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့  ကယ်ဆီယမ် (Ca)ပါဝင်မှု/ပြင်းအားပေါ်မူတည်ပြီး အဆိပ်ကို Calcium homeostasis /Neuronal  Function (အာရုံကြောဖျတ်ဆီးတဲ့နည်း) အကျိုးသက်ရောင်အောင်ပြုလုပ်ထားတယ်။အဲ့ဆေးတွေကတော့ နီယိုနီကိုတီနွိုက်အုပ်စုနဲ့  အော်ဂင်နိုကလိုရိုဒ်အုပ်စုတွေပါ။  ဒါ့ကြောင့်ပိုးသတ်ဆေးကို ကယ်ဆီယမ်(Ca)ပါဝင်မှုများတဲ့ရေနဲ့ရောစပ်သုံးရင်ဆေးအာနိသင်လျော့ကျစေတယ် ။ ပိုးသတ်ဆေးကို ရေနှင့်ဖျော်ရာမှာအနည်းဆုံး ရေကpH  5  သို့  pH 7နဲ့သူကြားမှာရှိတဲ့ pH  5.1   5.2  5.3  5.4  5.5  5.6  5.7   5.8  5.9 မှာရှိတဲ့ရေနဲ့ရောစပ်အသုံးပြုသင့်တယ် 
  ပိုးသတ်ဆေး  မှိုသတ်ဆေး   တွေရေဖျော်ရမှာ ရေဟာအရေးကြီးတဲ့အခန်းမှာပါတယ်။  ဥပမာ  ပေးရ ရင်  စကားပုံတစ်ခုလို တံငါနားနီးတံငါ  တို့  အပေါင်းအသင်းကောင်းမှ ကောင်းတာတို့   ဆိုသလို  ဆေးမှာလည်းအရောအနှောကအလွန်အရေးပါတယ်  ဆေးအာနိသင်ကို အားပေးတဲ့အရောအနှောဆို အာနိသင်ပိုစွမ်းသိလို  အာနိသင်ပျက်စေတဲ့အရာနဲ့ရောရင် ဆေးအားနိသင်ပျက်သိလို  ဓါတ်မတည့်တာချင်းတွေ့လည်း  ဆေးလောင်ခြင်း  တို့အာနိသင်လျော့စေခြင်းတို့ဖြစ်စေနိုင်တယ်  သေချာတာက ပိုးသတ်ဆေး သို့ မှိုနှင့်ဘတ်တီးရီးယားသတ်ဆေးတွေမှာ ဖျော်မဲ့ရေက  pH 7ထက်မြင့်နေရင်အာနိသင် လျော့တာတို  အာနိသင်ပျယ်တာတို့  ဖြစ်စေတယ်။ ဥပမာ အဆီဖိတ် acephate ပိုးသတ်ဆေးပေါ့  pH 5ရှိတဲ့ရေနဲ့ဖျော်သုံးရင်  30ရက် ဆေးအာနိသင်သက်တမ်းရှည်တယ် အခင်းမှာရေ pH 7 နဲ့ဖျော်သုံးရင်17ရက် ရေ pH3 မှာ 29ရင်  ရေ pH9 ရှိတဲ့ရေနဲ့ဖျော်သုံးရင်3ရက်ပဲအာနိသင် ပြတယ်ဖျော်ပြီးသုံးရင် နောက်တစ်ခုကဆေးရောခြင်း  ဖိုစ့်စီတိုင်းအလူမီယမ် Fostyl-aluminum ဟာချဉ်တဲ့ဂုဏ်သတ်္တိရှိတယ် ဒါ့ကြောင့် အဟာရနဲ့ရောသုံးရာမှာ အနည်းလိုအဟာရဖြစ်တဲ့   Iron ၊  zinc ၊ copper ၊ magnese၊  magnesium၊  Molydbenun ၊ Cobalt  selenium၊  Iodine အစရှိတာတွေနဲ့ရောသုံးရင် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တယ်အပင်အတွက်  ပြီး inorganic  salt ဖြစ်တဲ့mn  ဟာ ကလိုသာရိုနေလ်းနဲ့တွဲသုံးမရဘူး   နောက်mn ပါတဲ့အဟာရကို  ကော့ပါးဟိုက်ဒရောဆိုဒ်တို့  ဆာလ်ဖာတို့နဲ့တွဲသုံးလို့အဆင်ပြေတယ်  ဒါပေမဲက  ဘိုရွန်  boron  နှင့်  မက္ကနိ  magnese နှစ်ခုလုံးမပါတဲ့အားဆေးနဲ့ဆာလ်ဖာ ပိုး/မှိုသတ်ဆေးတို့ရောသုံးရပါတယ် ။

#တောင်သူဦးကြီး_taungthuoogyi 

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့