Skip to main content

သဘာ၀မြေသြဇာ

 

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

▶️ ဆွေးနွေး အကြံပြုလိုတာကတော့ သဘာ၀မြေသြဇာ၊ နွားချေး၊ မြေ ဆွေး၊ နုန်း စတဲ့မြေဆွေးတွေကို လယ်မြေ ယာမြေတွေထဲကို ထည့်ဖို့အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီလို မိုးဦးမကျတကျ အချိန်လေးဟာ သဘာဝမြေသြဇာ နွားချေး၊ မြေ ဆွေး၊ နုန်း၊ အမှိုက် သရိုက်တွေကို လယ်မြေ ယာမြေတွေထဲ ချဖို့ အသင့်တော်ဆုံးအချိန်ပဲ ဖြစ်တယ်။ သဘာ၀မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ နုန်းနဲ့ အမှိုက်သရိုက်တွေကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေ ချပေးရမှာ ဖြစ်ပါတယ်။

▶️ ဘာဖြစ်လို့လဲဆိုတော့ တစ်ရာသီ၊ တစ်ရာသီမှာ သစ်ပင်တွေ စိုက်ပျိုးလိုက်ရင် တစ်ရာသီကုန်ဆုံးသွားတဲ့ အချိန်မှာ မြေကြီးထဲမှာရှိတဲ့ အာဟာရတွေကို နုတ်ယူ စားသုံးသွားကြလို့ပါပဲ။ ဒီလိုတစ်ရာသီ သစ်ပင် စိုက်တိုင်း အပင်က ထုတ်နုတ် စားသုံးသွားတဲ့ အာဟာရ တွေကိုမြေကြီးထဲကို ပြန်ထည့်မပေးဘူးဆိုရင် မြေကြီးဟာ ဘာမှမကျန်ခဲ့ပဲ ဘူးခွံသဖွယ် ဖြစ်သွားပြီး မြေကန်းသွားပါတော့တယ်၊ မြေဆီလွှာလည်း ပျက်သုဉ်း သွားတော့ တာပေါ့။

▶️ သစ်ပင်တွေဟာ သူတို့ အသက်ရှင် ကြီးထွား ဖွံ့ဖြိုးဖို့အတွက် မြေကြီးထဲက နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပို တက်စီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဆာလ်ဖာဓာတ်၊ သံဓာတ်၊ မဂ္ဂနီစ်ဓာတ်၊ သွပ်ဓာတ်၊ ဘိုရွန်ဓာတ်၊ မော်လ်ဘစ်ဒီနမ်ဓာတ်၊ ကလိုရင်းဓာတ် တွေကို စုပ်ယူ အသက်ရှင်သန်ကြီးထွားကြပါတယ်။ ဥပမာ ပြောရရင် စပါးရင့်မှည့်ပြီ ဆိုရင် နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် ၃၀ ရာခိုင် နှုန်းမှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ဓာတ် ၈၀ ရာခိုင် နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄၅ ရာခိုင် နှုန်းမှ ၅၀ ရာခိုင်နှုန်းနဲ့ စီလီတာဓာတ် တွေကို စုပ်ယူသွားပါတယ်။

▶️ ဒါ့ကြောင့် တစ်ရာသီ တစ်ရာသီမှာ သစ်ပင်တွေကို ရိတ်သိမ်းပြီးတိုင်း နောက် သီးနံတွေ မစိုက်ပျိုးရသေးမီ အချိန်မှာ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ အမှိုက်သရိုက် တွေကို စနစ်တကျစုဆောင်းပြီး လယ်မြေ ယာမြေတွေထဲ ချဖို့လိုတာဖြစ်ပါတယ်။

▶️ ဒီလိုသဘာ၀မြေသြဇာတွေကို စုဆောင်းသုံးစွဲတဲ့အခါမှာ မြေဆွေးပုံအဖြစ် စနစ်တကျပြုလုပ်ပြီး သုံးစွဲတာက ပိုပြီး အာဟာရဓာတ်နဲ့ပြည့်စုံပါတယ်။ မြေဆွေးပုံ လွယ်လွယ် ပြုလုပ်ဖို့ကတော့ ၁၀ ပေ အရှည်၊ အကျယ် ရှစ်ပေ၊ အနံ ခြောက်ပေလောက်ရှိတဲ့ မြေဆွေးကျင်းကို တူးပြီး ရသမျှ တိရစ္ဆာန် အညစ်အကြေးတွေကိုထည့်၊ ၁၀ လက်မလောက် တစ်လွှာရရင် အမှိုက်သရိုက်တွေ
ထည့်၊ တစ်လွှာချင်းမှာ ဆန်ကွဲ၊ ဖွဲနု တစ်ပြည်လောက် ဖြူးလိုက်၊ အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက် တစ်လွှာချင်းထည့်လိုက်နဲ့ ကျင်းပြည့်မောက်လာအောင် မြေဆွေးကျင်းထည့်ပြီး တာလပတ်နဲ့ အုပ်ထားပါ။ မိမိလိုချင်သလောက် မြေဆွေးကျင်း အရေအတွက်ကို လုပ်နိုင်ပါတယ်။ မြေဆွေးကျင်းပူပြီး အိကျသွားရင်လည်း အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက်၊ နုန်းတွေ ထပ်ပြီးပြည့်အောင် ထည့်ပေးရပါမယ်။ ဆွေးလာပြီးဆိုရင် မြေဆွေးအဖြစ် လယ်မြေယာ မြေထဲလိုက်ချဖို့ပါပဲ။

(ဤဆောင်းပါးသည် The Farmer Journal တွင် ဖော်ပြခဲ့ဘူးသော ဆောင်းပါးဟောင်းတစ်ပုဒ်ဖြစ်ပါသည်။)

✍️အောင်ဆန်း (စိုက်ပျိုးရေး)
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့