Skip to main content

ပဲစိုက်တောင်သူများ ကြုံတွေ့လေ့ရှိသော ခါးရိရောဂါ 🧑‍🌾 🧑‍🌾 🧑‍🌾 🧑‍🌾


🌿ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများ နှစ်စဉ်နှစ်တိုင်း မိမိတို့၏ စိုက်ခင်းများတွင် ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ ခါးရိရောဂါပင်ဖြစ်သည်။ ခါးရိရောဂါသည် 🌿သီးနှံ အပင်ဦးရေကို လျော့နည်း‌စေရုံသာမက အထွက်နှုန်းကိုပါ လျော့ကျစေသည့်အတွက် ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးချိန်တွင် ထိုရောဂါကို မလွဲမသွေ ရင်ဆိုင် ကြုံတွေ့နိုင်သည့်အတွက်  ကြိုတင်ပြင်ဆင်နိုင်ရန် မျှဝေပေးခြင်းဖြစ်သည်။


🌿ခါးရိရောဂါသည် မြေဆောင်ရောဂါ တစ်မျိုးဖြစ်ပြီး ပဲတီစိမ်း၊ မတ်ပဲ အပင်အောက်ခြေပိုင်းဖြစ်သည့်  ပင်စည်နေရာတွင် ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ 🌿နောက်ပိုင်းတွင် အပင်ခါးရိလာပြီး အပင်အပေါ်ပိုင်းအလေးချိန်ကို မခံနိုင်သည့်အတွက် ယိုင်လဲမှုများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ရောဂါဒဏ်ကို မခံနိုင်သည့်အတွက်ကြောင့် စိုက်ခင်းများထဲတွင် အကွက်လိုက်သေဆုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။


🌿မျိုးတစ်မျိုးကို တစ်နေရာတည်း နှစ်စဉ်စိုက်ပျိုးပါက ခါးရိရောဂါ ကျရောက်တတ်ပါသည်။ ရောဂါဖြစ်စေသည့် သက်ရှိမှာ မြေကြီးထဲတွင် တစ်နှစ်ပတ်လုံးနေနိုင်သည့်အတွက် နောက်နှစ်မျိုးစေ့ချချိန်တွင် ကူးစက်ပြီး အပင်ငယ်စဉ် မြေတွင်းအစိုဓာတ်များချိန်တွင် အဓိကအားဖြင့် စတင်ကျရောက်ပါသည်။ 🌿ထို့ကြောင့် ဒေသမျိုးတစ်မျိုးထဲကို နှစ်စဉ်ဆက်တိုက်မစိုက်ပျိုးဘဲ သီးလှည့်စိုက်ပျိုးခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။


📌ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ 

🔶ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုသာရွေးချယ်စိုက်ပျိုးပါ။

🔶သီးနှံမစိုက်ပျိုးမီ မဖြစ်မနေ ထည်ထိုး၊ ထွန်မွှေ ပေးပါ။

🔶နွားချေး၊ ကြက်ချေး စသော သဘာဝမြေဆွေးများကို မြေခံတွင် ထည့်ပေးပါ။

🔶စိုက်ခင်းကိုရေမဝပ်စေရန် အထူးဂရုစိုက်ပါ။

🔶နိုက်ထရိုဂျင် (ပုလဲ) မြေသြဇာများကို ပမာဏများများကျွေးခြင်းမှ ရှောင်ကျဉ်ပါ။

🔶ရောဂါကျရောက်လာပါက ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပါ။

🔶သီးနှံမစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှစိုက်ပျိုးပါ။


ထိုလုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်စိုက်ပျိုးနိုင်မည် ဆိုလျှင် ကောင်းမွန်သော သီးနှံအရေအသွေး နှင့် မြင့်မားသော အထွက်နှုန်းများကို ရရှိစေမှာ ဖြစ်ပါသည်။


🌿☘️🌿☘️🌿☘️ #Dampingoffdisease #greengram #blackgram

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့