Skip to main content

ဂန္ဓမာပန်းစိုက်ပျိုးနည်း

 #ဂန္ဓမာပန်းစိုက်ပျိုးနည်း

( Caltivation of Chrysanthemun)

___________________________


၁။ နိဒါန်း

အရောင်အသွေး စုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော ပန်းဖြစ်ပါ သည်။ ဂန္ဓမာပန်းသည် ကမ္ဘာတွင် တန်ဖိုးထား အမြတ်တနိုး သုံးစွဲပြီး စီးပွားဖြစ် ထုတ်လုပ် စိုက်ပျိုးသောပန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အိမ်တွင်း၊ အလှူ မင်္ဂလာဆောင်၊ အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသော ပန်းဖြစ်ပါသည်။ အရောင်သွေး စုံလင်သော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

၂။ မျိုး

ဂန္ဓမာပန်းများတွင် မျိုးကွဲပေါင်း များစွာရှိသည်။ ပန်းမျိုးများအား ပန်းပွင့်၏ပုံစံ၊ ပန်းပွင့်၏အရောင်၊ အပင် အရွယ်အစားပေါ် မူတည်၍ အမည်အမျိုးမျိုး ရှိသည်။ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လက်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ ပုလဲဖြူမှအစ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးနေသော ဂန္ဓမာပန်းမျိုးများ များစွာရှိသည်။

အဓိကအားဖြင့် မေလနောက်ပိုင်းတွင် စိုက်ပျိုးရမည့်မျိုးနှင့် အောက်တိုဘာလ နောက်ပိုင်းတွင် စိုက်ပျိုးရမည့် မျိုးများ ဖြစ်သည်။အကြမ်းအားဖြင့် ဆန်းမား၊ လပ်ကီး၊ မျိုးများကို မေလနောက်ပိုင်းနှင့် အောက်တိုဘာလနောက်ပိုင်းတွင် စိုက်ပျိုးနိုင်ပါသည်။

၃။ ရာသီဥတု

ဂန္ဓမာပန်းသည် နေ့တာတိုအပင် ( Short Day Plant) ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပင်ပိုင်းကြီးထွားရန် အတွက် နေ့တာရှည်ရန် လိုအပ်ပြီး ပန်းပွင့်ရန်အတွက် နေ့တာတိုရန် လိုအပ်သည်။ အပင်ကြီးထွားမှုနှင့် ပန်းပွင့်မှုအပေါ် အပူချိန်နှင့် အလင်းရောင်သည် လွှမ်းမိုးသည်။

ပင်ပိုင်းကြီးထွားရန်အတွက် နေရောင်ခြည် အပြည့်အဝနှင့်နေ့တာရှည်ပြီး မြင့်မားသောအပူချိန် ၂၀-၂၈ ဒီဂရီိ ဆဲလ်ဆီးယပ် လိုအပ်ပါသည်။ ပန်းပွင့်ရန်အတွက် နေ့တာတိုပြီး နိမ့်ကျသော အပူချိန် ၁၀-၂၈ ဒီဂရီ ဆဲလ်ဆီးယပ် လိုအပ်ပါသည်။ စိုက်ပျိုးဖြစ်ထွန်းမှု အကောင်းဆုံး အခြေအနေမှာ နေ့အပူချိန် ၂၀-၂၈ ဒီဂရီ ဆဲလ်ဆီးယပ် နှင့် ည အပူချိန် ၁၅-၂၀ ဒီဂရီ ဆဲလ်ဆီးယပ်တွင် ဖြစ်ပါသည်။ ဂန္ဓမာအပင်သည် မနက်ခင်း နေရောင်ခြည် ၅-၆ နာရီကြား နေ့စဉ် ရရှိရန် လိုအပ်သည်။

၄။ မြေ

ဂန္ဓမာပန်းပင် စိုက်ပျိုးရန်အတွက် မြေချဉ်ငန်ဓာတ် ၆.၅-၇.၅ သဲနှုန်းမြေအမျိုးအစား ရေစီးဆင်းမှု ကောင်းမွန်သော ရေမဝပ်သော မြေဖြစ်ရန် လိုအပ်ပါသည်။

၅။ စိုက်ပျိုးနည်း

စိုက်ပျိုးရန်အတွက် မိမိကြိုက်နှစ်သက်ရာ မျိုးများကို မစိုက်ပျိုးခင် မျိုးပျိုးပင်ရောင်းချသူများမှ ကြိုတင်မှာယူ စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းများကို စိုက်ခင်းများ၊ မှန်လုံအိမ်များ နှင့် အိုးများထဲတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံး စိုက်ပျိုးကြသည်။ မိမိလိုချင်သော ပန်းပွင့်အနေအထားပေါ် မူတည်ပြီး ပင်ကြားအကွာအဝေး ၈ လက်မ မှ ၁၈-၂၄ လက်မ ထား၍ စိုက်ပျိုးကြပါသည်။ မိမိ စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်သော ပန်းပွင့်အမျိုးအစား တစ်ပွင့်တည်းကြီး၍ အရည်အသွေး ရှိသောပန်း၊ ပဒေသာ အခိုင်လိုက် အပွင့်များသော ပန်းခိုင်များ စသဖြင့် ရရှိလိုသော ပန်းအနေအထား မူတည်ခြင်းဖြစ်သည်။

စိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များကို ပြင်ဆင်ရပါမည်။ ကောင်းစွာဆွေးမြေ့ သော သဘာဝမြေဆွေးများကို မြေပြင်ချိန်တွင် မိမိမြေ အမျိုးအစားပေါ် မူတည်ပြီး ထည့်ပေးရန် လိုအပ်ပါသည်။ မြေခံအဖြစ် N:P:K ဓာတ်မြေဩဇာတွင် P နှင့် K များသော ဓာတ်မြေဩဇာ ထည့်ပေးရန် လိုအပ်ပါသည်။

ကောင်းစွာဆွေးမြေ့သော နွားချေးဆွေးအား ၂၀-၂၅ tan/ha ( ၈ တန်/ဧက) ထည့်သွင်းပေးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ၂၀ ကီလိုဂရမ် (N) (၁၈ ပိဿာ) ယူရီးယားဓါတ်မြေဩဇာ ၊ ၆၄ ကီလို ဂရမ် (P2O5) (၃၈.၄ ပိဿာ)၊ တီစူပါဓါတ်မြေဩဇာ ၊ ၃၂ ကီလိုဂရမ် (K2O)(၁၉.၂ ပိဿာ) ပိုတက်ဓာတ်မြေဩဇာ တို့အား မြေခံအဖြစ်ထည့်သွင်းရန် လိုအပ်ပါသည်။

စိုက်ပြီး ၁၅ ရက်သားတွင် နွားချေးဆွေး တစ်ပြည် ရေ ၂ ဂါလံဖြင့် ပျစ်ပျစ်ရေဖျော်ပြီး ဖျော်ရည် တစ်ဆရေ ၁၀ ဆဖြင့် လောင်းပေးခြင်း(သို့) နှမ်းဖတ် တစ်ပိသာ နွားချေး ၂ ပြည် (နွားချေးမထည့်လိုပါက ယူရီးယား နို့ဆီဘူး ၁ ဘူး) ရေ ၂ ဂါလံဖြင့် (၃-၄) ရက် အပုပ်စိမ်ထားသော အပုပ်ရည် တစ်ဆ ရေ ၁၀ ဆ ဖြင့် ဖျော်လောင်းခြင်း ပြုလုပ်ပါ။

စိုက်ပြီးသည်မှ (၅) ပတ်အတွင်း (၁၅) ရက်အကြာ မြေဩဇာအရည် စတင်လောင်းသည်မှ စတင်၍ (၁-၂) ပတ်တစ်ခါ နွားချေးဆွေးအရည် (သို့) အပုပ်ရည်ကို ဖျော်လောင်းပါ။ နွားချေးဆွေးရည် (သို့) နှမ်းဖတ်ပုပ်ရည်လောင်းရန် အခက်ခဲရှိသော စိုက်ခင်းနေရာများတွင် ယူရီးယားမြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းခြင်းထက် အပင်သို့ရေဖျော်ဖြန်းခြင်းကို ပင်ပိုင်း ကြီးထွားသည့်ကာလ ( စိုက်ပြီးသည်မှ (၅) ပတ် အတွင်း) နှစ်ပတ် တစ်ကြိမ် ပြုလုပ်ရပါမည်။

အဖူးဝင်လာသည့်အချိန် အပွင့်အားပေး ဟော်မုန်းကို ဖြန်းနိုင်ပါသည်။ မြေဩဇာဖျော်ရည် (နွားချေး(သို့) ကြက်ချေး ဖျော်ရည် (သို့) အပုပ်ရည်) ပြုလုပ်ပြီး လောင်းရန် အဆင်ပြေသော စိုက်ခင်းများတွင် မြေဩဇာ အရည်အား စိုက်ပြီး ၁၅ရက်သားမှ အပွင့်ပွင့်သည်အထိ (၁-၂) တစ်ကြိမ် လောင်းရပါမည်။

ထို့အပြင် (P2O5) နှင့် (K2O) တို့ အချိုးအစားအရ ပိုမိုပါဝင်သော ရွက်ဖြန်းမြေဩဇာများ ဖြန်းခြင်းကို (၂) ပတ် တစ်ကြိမ်ဖြန်းပေးခြင်းကို မြေဩဇာအရည်များ ပြုလုပ်သုံးစွဲရန် အဆင်မပြေသော စိုက်ခင်းများတွင် ပြုလုပ်နိုင်ပါသည်။

အရွက်ဖြန်းဆေးကို မသုံးဘဲ မြေကြီးထဲကိုသာ ထည့်သွင်းမည်ဆိုပါက N:P:K ဓာတ်မြေဩဇာ ဝ.၅း၁း၁ ရှိသော ကွန်ပေါင်း မြေဩဇာကို ၂ ပေ ခွဲ _ ၁၈ ပေ ရှည်သော စိုက်ဘောင်တွင် တစ်ပြည်ခွဲနှုန်းဖြင့် အပင် တစ်လသားအရွယ်ပေါင်းလိုက်သော အချိန်တွင် ထည့်သွင်းပေးရပါမည်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေး မြေဆွေးများအား ထည့်သွင်းပေးခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ ဂန္ဓမာပန်းသည် မြေဆွေးများ ပေါကြွယ်သော မြေကို ပိုမို ကြိုက်နှစ်သက်ကြပါသည်။




၆။ အပင်ပြုစုနည်း

စိုက်ပျိုးပြီး ၅ ပတ်အကြာတွင် နိုက်ထရိုဂျင် မြေဩဇာလွန်ကဲစွာကျွေးခြင်း မပြုလုပ်ရပါ။ K ပါဝင်မှု များသောမြေဩဇာကို ပန်းပွင့်အရောင် အရည်သွေးကောင်းမွန်စေရန်၊ ပင်စည် သန်မာစေရန်အတွက် ထည့်သွင်းပေးရမည်။ ရွက်ဖြန်းအနေဖြင့် Zn နှင့် Mg ပါသော ရွက်ဖြန်းမြေဩဇာများကိုလည်း ပက်ဖြန်း နိုင်ပါသည်။

စိုက်ဘောင်များအား မကြာခဏရေသွင်းပေးခြင်းဖြင့် စိုထိုင်းဆ မြင့်စေနိုင်၍ အပင်မှ ကြိုက်နှစ်သက် သော်လည်း ရေဝပ်ခြင်းကို မကြိုက်ပါ။ စိုက်ပြီးသည်မှ ပထမ တစ်လအတွင်း တစ်ပတ်နှစ်ကြိမ် ရေဝအောင် သွင်းပေးရမည် ဖြစ်သော်လည်း တစ်လကျော်ပါက တစ်ပတ်တစ်ကြိမ် (မိမိဒေသ ရာသီဥတုပေါ် မူတည်၍) ရေသွင်းပေးရပါမည်။

စိုက်ပျိုးပြီးသည်မှ တစ်လအကြာတွင် လက်ပေါင်းလိုက်ခြင်း စတင်ပြုလုပ်ရမည် ဖြစ်ပါသည်။ အပင်သက်တမ်း တစ်လျောက်ပေါင်းကို နှိမ်နင်းနိုင်ခြင်းသည် ပိုးရောဂါ ကင်းစင်ကာ အပင်ကြီးထွားမှု အတွက် အထောက်အကူပြု သကဲ့သို့ ပန်းပွင့်အထွက်ကိုလည်း တိုးစေပါသည်။

အပင်မှ ထိပ်ညွှန့်ခေါင်နှိမ်ခြင်း (ပုံ ၂) ကို စိုက်ပြီး တစ်လအကြာတွင် ပြုလုပ်၍ ဘေးအညွှန့်များ ထွက်လာမည်။ ထွက်ရှိလာသော အညွှန့်များမှ မိမိ ရယူလိုသော ပန်းပွင့်အနေအထားနှင့် ရွေးချယ်ထားသော မျိုးကို မူတည်ပြီး ကြားညွှန့်များ(ပုံ ၁)ကို အပတ်စဉ် ဖယ်ရှားခြင်းကို ပြုလုပ်ရပါမယ်။ အပင် င်္ကြီးထွားလာသည်နှင့်အမျှ ထားရှိသော ဘေးကိုင်းများ ယိုင်လဲကျိုးခြင်းမရှိစေရန် ဝါးတန်းများဖြင့် ထိန်းပေးရမည်။ (ပုံ၃)

၇။ ပိုးရောဂါများ

ပျ၊ ဖြုတ်၊ ရွက်ထွင်းပိုး၊ ရွက်စားပိုး၊ ရွက်လိပ်ပိုး၊ သရစ်ပိုးများ ကျရောက်တတ်ပါသည်။ ai.imidacloprid odku Lambda-cyhalothrin ပါဝင်သောပင်လုံးပြန့် ပိုးသတ်ဆေး များသုံးစွဲနိုင်ပါသည်။

အမြစ်ပုပ်၊ရွက်ပြောက်ရောဂါ၊ပင်ညှိုးရောဂါ၊ သံချေးရောဂါ၊ မိုစိတ်ရောဂါ၊ အပင်ပုရောဂါ၊ Powdery mildew ရောဂါများ ကျရောက်တတ်ပါသည်။ မှိုရောဂါကို Sulphur သို့Copper ပါသောမှိုသတ်ဆေးကို သုံးစွဲနှိမ်နင်းနိုင်ပါသည်။

၈။ ခူးဆွတ်ခြင်း

ရွေးချယ်စိုက်ပျိုးသည့်မျိုးအလိုက် ပန်းစပွင့်သည်မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။ ပန်းပွင့် အနေအထား ဈေးကွက် အနီးအဝေးပေါ် မူတည်၍ မနက်ခင်း အေးသောအချိန်တွင် ခူးဆွတ်သင့်ပါသည်။

၉။ ပြန်လည်မျိုးရယူခြင်း

နည်း (၂) နည်းဖြင့် မျိုး ပြန်လည်ရယူနိုင်ပါသည်။ (၁) အမြစ်ဘေးမှထွက်လာသော သားတက်မှ မျိုးပျိုးပင် ရယူခြင်း နှင့် (၂) ကျန်းမာသန်စွမ်းသော အပင်ထိပ်ညွှန့်မှ ဖြတ်၍ အမြစ်ဖောက် ပျိုးပင်ပြုလုပ်ခြင်း တို့ဖြစ်ပါသည်။

စိုက်ပျိုးသူများမှာ ပထမနည်းကို အသုံးပြု၍ မျိုးပြန်လည်ရယူကြပါသည်။ ပထမနည်းမှ ပျိုးပင်များအား ပျိုးဘောင်များတွင် ထပ်မံပျိုးထောင်ခြင်းမပြုလုပ်ဘဲ စိုက်ဘောင်များသို့ တိုက်ရိုက်စိုက်ပျိုးကြကာ ပျိုးထောင်ခြင်းသည် ကုန်ကျစရိတ်လျော့ကျစေပါသည်။

ပထမနည်းမှာ မိမိစိုက်ခင်းများတွင် စိုက်ပျိုးခူးဆွတ်ပြီးသောပန်းပင်များကို မြေကြီးမှ၁၀-၁၅စင်တီမီတာ အမြင့်ထိဖြတ်ပါ။ ပန်းပွင့်ခူးပြီးချိန် ဇန်နဝါရီ-ဖေဖေါ်ဝါရီလများတွင် အပင်ကိုရေသွင်းပါ။ မြေဩဇာကျွေးပါ။ အပင်ခြေမှ သားတက်များ ထွက်လာမည်။ သားတက်အပင်ငယ်များ ၁၀-၁၅စင်တီမီတာ အမြင့်ရောက် ချိန် သန့်ရှင်းသော ဓားထက်ထက်ဖြင့် ဖြတ်ပါ။ ပျိုးဘောင်ပြုလုပ်၍ ပြန်လည်စိုက်ပျိုးထားပါ။ ပျိုးဘောင်တွင် တစ်လအကြာ စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးပါ။ ( ဝယ်ယူချိန် စိုက်ပျိုးရန်အသင့် ပျိုးပင်များဖြစ်လာပါ သည်။)

ဒုတိယနည်းမှာ ကျန်းမာသန်းစွမ်းသော မိခင်အပင်မှ ထိပ်ညွှန့်များ ၇-၅ စင်တီမီတာဖြတ်ပါ။ သဲဘောင်ကို အရိပ်အောက်တွင်ပြုလုပ်ပါ။ ဖြတ်ထားသောအညွှန့်များအား ကော့ပါးပါသောမှိုသတ်ဆေးနှင့်ခဏစိမ်ပါ။ ပြီးရင် သဲဘောင်ပေါ် ပျိုးပါ။ သဲဘောင်ပေါ်တစ်ရက် ရေ ၄-၅ ကြိမ်လောင်းပါ။ ၂-၃ ပတ် ကြာသောအခါ အမြစ်ထွက်လာမည်။ ပျိုးဘောင်ပြုလုပ်ပြီး ပျိုးထောင်ထားပြီး စိုက်ဘောင်သို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည့် ပျိုးပင်များ ရရှိမည်ဖြစ်ပါသည်။ မေလတွင် စိုက်ပျိုးသော အပင်များမှ တစ်လအကြာ ဇွန်လတွင် အညွှန့်ဖြတ်သည့်အခါ ဒုတိယနည်းကို အသုံးပြုမျိုးရယူကာ ပြန်လည် စိုက်ပျိုးနိုင်ပါသည်။

Credit
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့