Skip to main content

စပါးအနှံအောင်အသီးအဆံပြည့်သော EC(chemical) နည်းလေးပြောပြပေးချင်ပါတယ်

 မြန်မာပြည်တွင်

အခက်ခဲ မျိုးစုံဖြင့်

စိုက်ပျိုးရေးကို
အားထားနေရသော

တောင်သူဉီးကြီးများအတွက်ရည်ရွယ်ကာ

စပါးဗိုက်ဖောင်းချိန်
အစာကျွေးရန်အခက်ခဲဖြစ်နေသူ
တို့အတွက်

စပါးအနှံအောင်အသီးအဆံပြည့်သော
EC(chemical) နည်းလေးပြောပြပေးချင်ပါတယ်

လိုအပ်ရင်ယူ မလိုအပ်ပါကျော်ဖတ်ပါ



လိုအပ်သောကုန်ကြမ်းများ

ယူရီယား N 46-0-0. 2kg

နွားနို့တလီတာ
(ရေသန့်ဘူးတဘူး)

နို့ချဉ်ဒိန်ချဥ်  50ccတဘူး

အချိုမုန့်  80-100gmတထုတ်

ကျွဲရိုင်း-လစ်ပို -m-150(2ပုလင်း)

မ ည်သည့်အချိညရည်မဆိုရပါတယ်

ကြက်ဉဂျူလင်စီ-3 ဇွန်း
မရှိပါက
ကြက်ဉတလုံးခေါက်ထ ည့်ပါ

ပြုလုပ်ပုံ

1-ယူရီးယား46-0-0 -2kgကို ပုံးတခုတွင်ထည့်ပါ

2-အချိုရ ည် 2ပုလင်းဖောက်ထ ည့်ပါကြေအောင်မွေပါ

3-နွားနို့တလီတာထည့်ပြီးမွှေပါ

4-နို့ချဉ်တဘူးထည့်မွှေပါ

5-အချိုမုန့် ထည့်ပါ

အားလုံးကိုအရည်ပျော်သွားသည်ထိလက်မောင်းအောင့်ပါစေ
မွှေသာမွှေပါ

နောက်ဆုံးကြက်ဥဂျူလင်စီ 3ဇွန်းထည့်ပြီးထပ်မွှေပါ

ဆေးရည်အားလုံးကိုရေသန့်ပုလင်းထဲထည့်ထားပါ

ရေ20လီတာဆေးဖျန်းပုံးတပုံးကို

ဆေး 3-4ဇွန်းထက်ပိုမထည့်ပါနဲ့

စပါးစတင်ဗိုက်ဖောင်းချိန်မှ

7-ရက်ခြားတကြိမ်

နံနက်ပိုင်းနဲ့

ညနေသုံးနာရီနောက်ပိုင်းဖျန်းပါ

2ကြိမ်ဖျန်းနိုင်က
အကောင်းဆုံးပါ
5ရက်ခြား 3ကြိမ်ဖျန်းပါက

အထူးဆုကိုသင်ရရှိမှာပါ

ထရိုင်ကိုဒါးမားမှိုဆေး

BT-ဘီအိုရီယား ပိုးကာကွယ်ဆေးတို့ထည့်ဖျန်းမည်ဆိုပါကလဲ
တခါထည်းထည့်ဖျန်းနိုင်ပါတယ်

ချိုအီမွှေးကြိုင်သောအနံ့ရပါလိမ့်မယ် သောက်ရန်မဟုတ်ပါ

ယခုဖော်စပ်သောဆေးအချိုးသည်စပါးဧက20စာခန့်ပက်ဖျန်း
နိုင်ပါတယ်

သုံးမကုန်သောဆေး
အရိပ်ထဲထားပါက15ရက်ခန့်ထားနိုင်ပါတယ်

အအေးခန်းထဲထားပါက6-လရပါတယ်
မ ည်သည့်သီးနှံမဆိုအသုံးပြုနိုင်ပါတယ်

မိမိသုံးမည့်မြေသီးနှံနဲ့ချိန်ဆဖော်စပ်ပါ

ဆေးဖျန်းပြီး 5-7ရက်အတွင်း
သိသာထင်ရှားလာပါလိမ့်မယ်

#မြန်မာပြည်ကြီးကျန်းမာချမ်းသာပါစေ
မူရင်း-အတာမေ
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့