Skip to main content

 ကြဲခင်းလည်းစိုက်ခင်းလောက်ထွက်နိုင်ပါသည်


ကွင်းဆင်း သွား တိုင်းမေးကြည့်လိုက်တဲ့အခါ

"ဦးလေးတို့ကတော့ ကြဲပစ်လိုက်တာပဲ"

ဆို တဲ့ စကား တွေ ကတော့ ၁၀၀မှာ ၉၀လောက်ကြားခဲ့ရပါတယ်။(တစ်ချို့ဆိုကြဲပြီးမှကြွက်၊ငှက်၊ပုရစ် စား လို့ ပြန်ကြဲရတာမျိုးတွေလဲရှိပါတယ်။

အဲ့ဒီတော့ မျိုးဖိုး ၂ခါကုန်ရတာပေါ့။)



အချိန်မှီစိုက်ပြီးချင်တာကတစ်ကြောင်း၊ငွေကြေးကုန်ကျစရိတ်လျော့လိုသည်အတွက်တစ်ကြောင်း

ကျွန်တော် တို့တောင်သူတွေက အမြဲ ဘာသီးနှံ၊ဘာမျိုးစေ့ ပဲစိုက် စိုက် ကြဲပစ်လိုက်ကြတော့တယ်။


ကြဲ စိုက်တော့ဘာဖြစ်သလဲ?။သီးနှံမထွက်ဘူးလားဆိုတော့ လည်းထွက်ပါသည်။ ဒါ့ကြောင့်လည်း တောင်သူအများစုက အလွယ်တကူလုပ်နေကြခြင်းဖြစ်ပါတယ်။


အမှန်တကယ်သေချာစနစ်တကျလုပ်မည်ဆိုပါက

ကြဲပက်စိုက်ခြင်းသည်အတန်းလိုက်စိုက်ပျိုးခြင်းလောက်ပင်သီးနှံအထွက်နှုန်းကောင်းမွန်ပါသည်။



ကြဲပက်စိုက်ပျိုးခြင်းရဲ့ကောင်းကျိုးများအနေနဲ့

အချိန်မှီစိုက်ပျိုးနိုင်ခြင်း

လုပ်အားခ သက်သာခြင်း

အကျိုးတွေရရှိနိုင်ပါတယ်။


ကြဲပက်စိုက်ပျိုးခြင်းရဲ့ဆိုးကျိုး များ အနေနဲ့ 

ပေါင်းမြက်ရှင်းလင်းရာမှာခက်ခဲခြင်း

တိရစ္ဆာန်ဖျက်ဆီးမှုရှိခြင်း

မျိုးနှုန်းထားပိုမိုသုံးစွဲရခြင်း

အပင်ကြပ်တဲ့အတွက်လေ၀င်လေထွက်မကောင်းခြင်း

ရောဂါ၊ပိုးမွှားကျလွယ်ခြင်း 

စတဲ့အကျိုးဆက်တွေ ဖြစ်ပေါ် နိုင် ပါ တယ်။


ကြဲပက်စိုက်ခြင်းဖြင့်သီးနှံအထွက်တိုးစေရန် ---

မျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း

မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်း

စိုက်ခြင်းမြေပြင်ချိန်တွင်ပေါင်းမြက်များပြောင်စင်အောင်ကောက်ခြင်း

သဘာ၀မြေသြဇာ၊တိရစ္ဆာန်ချေး များသုံးစွဲခြင်း

အစ ရှိ တဲ့အချက်များအတိုင်းဆောင်ရွက်ပါကစိုက်ခင်းနည်းတူ ကြဲခင်းသည်လည်း အထွက်နှုန်း ကောင်းမွန်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။


#ကိုဇေ_တောင်သူဦးကြီး





Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့