တချို့တောင်သူတွေလာလာမေးကြတဲ့ပုလဲကိုရေဖျော်ဖျန်းတဲ့အကြောင်း
ပုလဲခေါ် ယူရီးယားဟာ Nitrogen ဓာတ်ကိုအားပေးတဲ့မြေသြဇာဖြစ်တယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။
ဓာတ်မြေသြဇာတွေစျေးကြီးလာတာနဲ့ အမျှတောင်သူတွေလည်းကြံဆပြီး စျေးပေါတဲ့မြေဆီတွေ၊မြေသြဇာကိုရေဖျော်ဖျန်းတာတွေလုပ်လာကြပါတယ်။
အဲ့ဒီအထဲမှာ ၀မ်းသာစရာတစ်ခုကတောင်သူတွေ
Organicဆေးတွေ၊EMကိုအသုံးပြုလာကြပြီးတော့(မြေဆွေးပုံ၊EM၅၊EMဘိုကာရှီ )အစရှိတဲ့ ဓာတုကင်းလွတ်မြေဆွေး၊ပိုးသတ်ဆေးများကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာပဲဖြစ်ပါတယ်။
[ခြွင်းချက် အနေနဲ့ ကတော့သီးနှံတွေ၀ုန်းဒိုင်းဆိုပြီးတဟုန်ထိုးအထွက်ကောင်းလာတာမျိုးမဟုတ်ပဲ
တစ်ရာသီပြီးတစ်ရာသီ တဖြေးဖြေး ချင်းအထွက်နှုန်းတိုးတက်လာစေမှာဖြစ်ပါတယ်။]
ရွက်ဖျန်းအားဆေးကစျေးကြီးတာတစ်ကြောင်းသီးနှံပင်ကိုအာဟာရဓာတ်မြန်မြန်ရောက်နိုင်စေရန်ယူရီးယား ကိုရေဖျော်ဖျန်းကြတော့တာပဲ။
ယူရီးယားသာမက တစ်ခြားမြေဆီများကိုလည်းရေဖျော် မဖျန်းစေလိုပါ။
ဘာကြောင့်လဲဆိုတော့ယူရီးယားကိုရေဖျော်ဖျန်းလိုက်တဲ့အခါ အရွက်တွေစိမ်းစိုလာခြင်းကြောင့်ပိုးများပိုမိုကျရောက်ခြင်း၊ကိုင်းဆတ်ခြင်း စတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။
#ကိုဇေ_တောင်သူဦးကြီး
Comments
Post a Comment