Skip to main content

စပါးစိုက်ပျိုးရေး နှင့် မီသိန်းဓာတ်ငွေ့

 စပါးစိုက်ပျိုးရေး နှင့် မီသိန်းဓာတ်ငွေ့


မီသိန်း : Methaneသည် ဓာတုဖော်မျူလာ CH4 (ကာဗွန်အက်တမ် ၁ လုံးနှင့် ဟိုက်ဒရိုဂျင်အက်တမ် ၄ လုံး) ဖြင့် ဖွဲ့စည်းထားသော ဒြပ်ပေါင်းဖြစ်သည်။ ယင်းသည် အရိုးရှင်းဆုံးသော အာကိန်းဖြစ်ကာ သဘာဝဓာတ်ငွေ့၏ ပင်မ ပါဝင်ပစ္စည်းဖြစ်သည်။ သို့သော် မီသိန်းဓာတ်ငွေ့သည် အငွေ့အဖြစ်သာ တည်ရှိသောကြောင့် သိမ်းထားရန်မှာ စိန်ခေါ်မှုတစ်ခုပင်တည်း။ ကမ္ဘမြေရှိ မီသိန်းဓာတ်ငွေ့သည် လောင်စာအဖြစ်အသုံးချရန် စိတ်ဝင်စားခြင်း ခံရလျက်ရှိသည်။ မီသိန်းအား မြေအောက်နှင့် ပင်လယ်ရေမျက်နှာပြင်တွင် သဘာဝအတိုင်း တွေ့ရသည်။ မီသိန်းအား ကမ္ဘာ့လေထုတွင် တွေ့ရပါက လေထု မီသိန်းဟု ခေါ်ဆိုသည်။ ကမ္ဘာ့လေထုရှိ မီသိန်း ပါဝင်မှုမှာ ၁၇၅၀ ခုနှစ်ကတည်းက ၁၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။


စပါးစိုက်ပျိုးခြင်းမှ ကမ္ဘာကြီးပူနွေးစေသောမီသိန်း ဓာတ်ငွေ့ထွက်ရှိခြင်းမှာ -



၁။စပါးခင်းထဲ ရေအမြဲလှောင်ထားခြင်း

စပါးခင်းထဲရေ အမြဲ ထည့် ထား ရင် ဖန်လုံအိမ်ဓာတ်ငွေ့ မီသိန်းဓာတ် ထုတ်လုပ်မှုပိုမိုအားပေးနိုင်တဲ့အတွက်ရေအမြဲ မလှောင်ထားသင့်ပါဘူး။

ကျွန်တော်တို့နိုင်ငံမှာ ဆည်ရေသောက်လယ်မြေတွေရှိပါသော်လည်း ရေလိုတဲ့အချိန်မှာရေမရခြင်း၊ရေသွင်းရေထုတ်ခက်ခဲခြင်း စတဲ့ပြဿနာတွေကြုံတွေ့နေရပါတယ်။

စပါးခင်းထဲရေအမြဲထည့်ထားတဲ့အတွက် ပိုးမွှား၊ရောဂါ ဖြစ်ပွားမှု ကို အားပေးပါတယ်။

ကောင်းကျိုးအနေနဲ့ကတော့ ပေါင်းပင်များကိုရေလွှမ်းသတ်နိုင်တာပဲရှိပါတယ်။


၂။ရိုးပြတ်များကိုမီးရှို့ခြင်း

တောင်သူတော်တော်များများက စပါးစိုက်ပြီးသည်နှင့် နောက်သီးနှံအလျင်မှီအောင် ရိုးပြတ်တွေကိုမီးရှို့ပစ်ကြပါတယ်။မီးရှို့ရာမှာထွက်လာတဲ့ဓာတ်ငွေ့တွေဟာကမ္ဘာကြီးပူနွေးလာမှုကိုအားပေးပါတယ်။

ဒီနေရာမှာကျွန်တော်အကြံပေးလိုတာကတော့

စပါးစိုက်ပြီးကျန်တဲ့ရိုးပြတ်တွေကိုထယ်မှောက်ပြီးအီးအမ်ဖျော်ရည်ဖျန်း ပေးပါ။

ရိုးပြတ်တွေကိုရှင်းလင်းပြီးသားလည်းဖြစ် ကိုယ့်ရဲ့လယ်မြေ မြေဆီထက်သန်စေလာမှာဖြစ်တဲ့အတွက်တစ်ချက်ခုတ် နှစ်ချက်ပြတ် တဲ့နည်းလမ်းပဲဖြစ်ပါတယ်။


၃။စိုက်ပျိုးမြေမှာ နွားချေးအစို တိုက်ရိုက်အသုံးပြုခြင်း

   နွားချေးများသည် အောက်စီဂျင်ကိုအသုံးပြုပြီး     အချဉ်ဖေါက်ဓာတ်ပြုပါတယ် အောက်စီဂျင်ကို အသုံးပြုလိုက်တဲ့အတွက်   အပင်အတွက်လိုအပ်တဲ့အောက်စီဂျင်ဟာ    မလောက်ငှတော့ပါဘူး    ဒါကြောင့် နွားချေးအစိုထည့်လိုက်တဲ့အပင်တွေဟာ     သန်စွမ်းကြီးထွားမှုမဖြစ်နိုင်တော့တာပါ။

ဒါအပြင်  နွားချေးဟာမြေကြီးထဲမှာရှိတဲ့အောက်စီဂျင်ကိုအချဉ်ဖေါက်ဓာတ်ပြုတဲ့အတွက် အမိုးနီးယားနှင့်မီသိန်းဓာတ်ငွေ့   တွေထွက်လာပါတယ် ဒီဓာတ်ငွေ့တွေဟာအပင်အတွက် ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်  ဒါကြောင့် နွားချေးအစိုကို ပြုပြင်ခြင်းမရှိပဲ  စိုက်ခင်းထဲကိုတိုက်ရိုက် အသုံးမပြုသင့်ပါဘူး။   နွားချေးအစိုကိုစိုက်ခင်းထဲမှာ တိုက်ရိုတ်အသုံးပြုလိုပါက -

      (က)  နွားချေးအစိုကိုပြာဖြင့်ရောနယ်၍     တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။

       (ခ)  နွားချေးအစိုက်ို    မြေအိုးစဉ့်အိုး ပလပ်စတစ်ပုံးထဲတွင် ရေနှင့်ထည့်စိမ်အချဉ်ဖေါက်ပါ  (၃/၄)ပါတ်အကြာတွင်ရေထပ်ရောပြီး စိုက်ခင်းထဲရှိအပင်ခြေကိုလောင်းပေးပါ  အလွန်ကောင်းသောမြေသြဇာနှင့်မြေသြဇာအရည်ဖြစ်ပါတယ်။


ကိုဇေ_တောင်သူဦးကြီး

ကိုးကား-Internet

#တောင်သူဦးကြီး_Taungthuoogyi




Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့