Skip to main content

ရွက်ဖျန်းအားဆေးများ ပက်ဖျန်းလျှင် သတိပြုစေချင် .....


 သီးနှံပင်များရှင်သန်ကြီးထွားရန်အာဟာရဓာတ်(၁၆)မျိုးလိုအပ်ပါသည်။ ၎င်းဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊  ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ ဖြစ်ပါသည်။ ထိုဓာတ်များထဲမှ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်တို့ကိုအများအားဖြင့် ဓာတ်မြေဩဇာ မှရရှိပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဓာတ်များကိုလေမှရရှိပါသည်။ ကျန်ဓာတ်များကိုတော့မြေဆီလွှာအတွင်းမှရရှိပြီး တစ်ချို့မြေဆီလွှာအတွင်း၎င်းဓာတ်များချို့တဲ့ နေလျှင်သီးသန့်ထည့်ပေးရတာလည်းရှိပါသည်။


 သီးနှံပင်များအတွက်လိုအပ်သည့်ဓာတ်များကို မြေဆီလွှာအတွင်းထည့်ပေးလိုက်ပါက မြေဆီလွှာ အတွင်းမှာရှိသည့် ရေ(သို့မဟုတ်)အစိုဓာတ်နှင့်ပျော်ဝင်ပြီး ၎င်းဓာတ်များကိုအမြစ်များကစုပ်ယူကာ အပင်ကြီးထွား ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းရေးအတွက်အသုံးချပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့ဓာတ်များသည်မြေဆီလွှာထဲကိုထည့်ပြီး အမြစ်ကစုပ်ယူစေသည့်နည်းစနစ်ထက်အပင် အရွက် ပေါ်ကိုအရည်အဖြစ်နှင့်ဖျန်းပေးတာက အပင်ကပိုပြီးမြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြပြီးပို၍ထိရောက် တာကိုတွေ့ရပါသည်။ သို့သော်အပင်ပေါ်မှဖျန်းခြင်းသည်စနစ်မကျလျှင်ငွေကုန်လူပန်းဖြစ်သွားတတ် သည်ကိုဂရုပြုကြစေလိုပါသည်။



 ဆေးဖျန်းပုံးကိုအသုံးပြု၍ ဓာတ်မြေဩဇာအရည် ၊ အပင်အားတိုးဆေးအရည်များဖျန်းလျှင်လေတိုက်ရာ ဘက်ကိုမျက်နှာမူပြီးမဖျန်းရပါ။ ဆေးဖျန်းနေစဉ်ဦးခေါင်းကအစတစ်ကိုယ်လုံး လုံခြုံအောင်ဝတ်ဆင်ထား ရပါမည်။ မျက်မှန်၊ နှာခေါင်းစည်းတပ်ပြီး၊ လက်အိပ်စွပ်ထားရပါမည်။ ထို့ပြင်သီးနှံအပင်ပေါ်ကိုဆေးဖျန်း လျှင်ဆေးဖျန်းခေါင်းကိုနှိမ့်ပြီးအပင်အရွက်တွေထိအောင်ဆေးဖျန်းဖို့လိုပါသည်။


 အရေးအကြီးဆုံးအချက်မှာ ဓာတ်မြေဩဇာအရည် ၊ အပင်အားတိုးဆေးအရည်များဖျန်းတော့မည်ဆိုလျှင် ဆေးဖျန်းခေါင်းကိုအောက်နှိမ့်၊ ဆေးဖျန်းခေါင်းကိုအပင်အရွက်ထဲထိထိုးသွင်းပြီးဆေးဖျန်းခေါင်းကို ပက်လက်လှန်ပြီးအရွက်ရဲ့အောက်မျက်နှာပြင်အထိဆေးထိအောင်ဖျန်းပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ အရွက်များ၏ အောက်မျက်နှာပြင်တွင်စတိုမာတာအပေါက်ကလေးများရှိပါသည်။ ၎င်းအပေါက်လေးများသည် နံနက်နေအေးချိန်တွင်ပွင့်ပြီးအသက်လည်းရှုပါသည်။ ဆေးဖျန်းသည့် ဆေးအမှုန်လေးများကို၎င်းအပေါက်လေးများမှစုပ်ယူသွားပါသည်။ ထို့ကြောင့်အပေါ်မျက်နှာပြင် ကိုသာဆေးထိပါက စုပ်ယူဖို့ခက်ပြီး ထိရောက်မှုနည်းနိုင်ပါသည်။ ဆေးဖျန်းလျှင်မနက်စောစော နှင့် ညနေခင်းနေအေးချိန်မှာဖျန်းဖို့လည်းဂရုပြုရပါမည်။ နေ့ခင်းနေပူချိန်တွင် စတိုမာတာ အပေါက်လေး များသည်ပိတ်နေတတ်ပါသည်။


နောက်တစ်ချက်မှာဓာတ်မြေဩဇာအရည်၊ အပင်အားတိုးဆေးအရည်များဖျန်းလျှင် မိုးတစ်အားရွာနေချိန်တွင်မဖျန်းသင့်ပါ။ မိုးရေနှင့်ပါသွားပြီးအချည်းနှီးဖြစ်နိုင်ပါသည်။ ထို့ကြောင့်ရွက်ဖျန်းအားဆေးများ ပက်ဖျန်းအသုံးပြုလျှင် အပင်အရွက်များတွင်ဆေးကြာကြာကပ်၍ ဆေးအာနိသင်ပိုမိုထိရောက်စေရန် ပြန့်ဆေး၊ ကပ်ဆေးတစ်မျိုးမျိုးနှင့်ရောစပ်ပက်ဖျန်းသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။


Sources : အောင်ဆန်း(စိုက်ပျိုးရေး)

 #တောင်သူဦးကြီး_TaungThuOoGyi 

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့