Skip to main content

ကြက်သွန်တွင် ကျရောက်သောရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း "

ကြက်သွန်စိုက်ခင်းတွေမှာ ကျရောက်တတ်တဲ့ရောဂါတွေအကြောင်းကို

 တောင်သူဦးကြီးများအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါ

---------------------------------------------



ရောဂါဖြစ်စေသည့် သက်ရှိ  - Peronospora desturctor

ရောဂါကျရောက်သည့်အချိန် - ဆောင်းရာသီ၊ မိုးရာသီ


ရောဂါလက္ခဏာ ။   ။  ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့်

ကြက်သွန်မျိုးရင်းဝင် အပင်များတွင် ကျရောက်နိုင်ပါသည်။ အရွက်ပေါ်တွင်

ရွက်ပြောက်ဖြစ်ခြင်း၊ အရွက်တစ်ခုလုံးခြောက်ခြင်းတို့ ဖြစ်ပေါ်စေသည်။ အရွက်

ထိပ်ဖျားမှ စတင်၍အောက်ဖက်သို့ ဘဲဥပုံရှိစိမ်းဝါဖျော့ရောင် (သို့) မီးခိုးရောင်

အကွက်ကြီးများဖြစ်လာသည်။ အရွက်ထိပ်ဖျားမှာ အရောင်ဖြူ၍လိမ်ကောက်

လာပြီး အောက်သို့ငိုက်ကျလာသည်။ ၎င်းလက္ခဏာမှာအရွက်ရင့်များတွင်

စတင်ဖြစ်ပေါ်သည်။ အကွက်ရှည်များထဲတွင် မီးခိုးပြာ (သို့) ခရမ်းမှိုင်းရောင်

မှိုအစုအဝေးကို တွေ့နိုင်သည်။ နောက်ပိုင်းတွင် ၎င်းနေရာများဖြူ၍ ခြောက်သွား

သည်။ သိုလှောင်ထားသော ကြက်သွန်များတွင် ရောဂါကျပါကပုပ်၍ ရှုံ့တွလာ

သည်။ အပြင်ဘက် ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီ 

အညှောင့်ပေါက်လာနိုင်သည်။


ရောဂါသံသရာ ။  ။ ရောဂါဖြစ်စေသောမှိုသည် ရောဂါကျရောက်သော ပင်ကြွင်း

ပင်ကျန်များတွင် ခိုအောင်းနိုင်သည်။ ရာသီဥတု အခြေအနေပေးပါက လွန်စွာ

ဖျက်ဆီးနိုင်သည်။ စိုထိုင်းဆများသောရာသီဥတုတွင် ရောဂါရအစိတ်အပိုင်းများမှ

မှိုစပိုးအစုအဝေးကို ထုတ်လုပ်ပြီး အခြားအပင်များသို့ လေအားဖြင့် ပျံ့စေသည်။

ခြောက်သွေ့သောရာသီဥတု အပူချိန် (၂၅°C) အထက်တွင် ရောဂါဖြစ်စေသော

မှိုစပိုးသည်ရှင်သန်နိုင်ခြင်းမရှိပါ။ နားနေစပိုးများသည် မြေကြီးထဲတွင် (၄ - ၅)နှစ်

အထိ အသက်ရှင်သန်နိုင်ပါသည်။


ကာကွယ်နှိမ်နင်းနည်း ။       ။

- ရောဂါကင်းစင်သော မျိုးစေ့၊ ပျိုးပင်တို့ကိုသာ စိုက်ခင်းတွင် စိုက်ပျိုးပါ။

- ရေသွင်းရေထုတ်ညံ့သော မြေတွင်စိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါ။

- ကြက်သွန်မျိုးရင်းဝင်မဟုတ်သော အခြားသီးနှံများနှင့်သာ အလှည့်ကျ စိုက်ပါ။

- ပေါင်းမြက်ရှင်းခြင်းသည် လေဝင်လေထွက် ကောင်းမွန်စေပြီး ရောဂါ

  ကျရောက်မှုကို လျော့နည်းစေသဖြင့် စိုက်ခင်းတွင် ပေါင်းမြက်မရှိစေရန်

  ဆောင်ရွက်ပါ။

- Sprinkler Irrigation ရေပန်းစနစ်ဖြင့် ရေပေးသွင်းခြင်းသည် ကြက်သွန်

  ဒေါင်းနီးရောဂါကျရောက်မှုကို ပိုမိုဖြစ်ပေါ်စေတတ်သဖြင့် ရေပန်းစနစ်ဖြင့်

  ရေပေးသွင်းခြင်းကို ရှောင်ကြဉ်ပါ။

- အောက်ပါ မှိုသတ်ဆေးများကို ပက်ဖျန်းပါ။

  . Azoxystrobin

  . Cymoxanil

  . Metalazxyl

  . Mancozeb

  . Copper hydroxide

  . Thiophanate methyl

ကြက်သွန်တောက်တဲ့မြီးရောဂါ

-------------------------------------




ရောဂါဖြစ်စေသက်ရှိ   -  Alternaria porri

ကျရောက်သည့်အချိန်  - ရေသွင်းစိုက်ချိန်


ရောဂါလက္ခဏာ ။  ။ ကြက်သွန်အမြိတ်ပေါ်တွင် အညိုရောင်အပြောက်အလယ်၌

ခရမ်းရောင်များဖြစ်ပေါ်နေခြင်းသည် ဤရောဂါ၏ ထင်ရှားသောလက္ခဏာဖြစ်သည်။ ရာသီဥတုအခြေအနေပေးပါက ၎င်းကွက်ပြောက်သည် ခရမး်ရောင် ဘဲဥပုံ

ဗဟိုတူစက်ဝိုင်းရစ်များဖြစ်လာသည်။ အမြိတ်ရင့်များတွင် ရောဂါကျရောက်မှု

ပိုမိုတွေ့ရှိရသည်။ ရောဂါကျရောက်မှုပြင်းထန်ပါက အမြိတ်တွင် ရောဂါတစ်ပတ်

ပတ်မိပြီး ကျိုးကျစေပါသည်။ ကြက်သွန်ဥများ တူးဖော်ချိန် ရောဂါကျရောက်ပါက

ဥများပေါ်တွင် ရေစိုနာကွက်ဖြစ်ပြီး ပျော့ပုပ်စေနိုင်ပါသည်။ အမြိတ်နှင့်ဥ ဆက်သည့်နေရာတွင် အဝါရင့်ရောင်၊ နီညိုရောင် အနာကွက်များပေါ်၌ အညိုရောင်မှိုမျှင်စုများတွေ့ရပြီး ရောဂါရတစ်သျှူးသားမှာ စက္ကူကဲ့သို့ ပါးပြီးညိုခြောက်သွားသည်။


ရောဂါသံသရာ ။  ။ ပူနွေးစွတ်စိုသော ရာသီဥတု (၁၈ °C - ၃၀°C) တွင် ပိုမို၍

ရောဂါကျရောက်စေသည်။ ရေသွင်းစိုက်ဧရိယာများတွင် ဤရောဂါ ပြင်းထန်စွာ

ကျရောက်လေ့ရှိသည်။ ရောဂါကျရောက်သော အစိတ်အပိုင်းနှင့် ကြက်သွန်စေ့များပေါ်တွင် ရောဂါဖြစ်စေသောမှိုသည် ခိုအောင်းနေနိုင်သည်။ အင်းဆက်ပိုး၊

သွင်းရေ၊ လေတို့အားဖြင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ကြက်သွန်မြိတ်ပေါ်တွင် 

လေဝင်ပေါက်နှင့် ဒဏ်ရာများမှတဆင့် ရောဂါဝင်ရောက်နိုင်ပါသည်။


ကာကွယ်နှိမ်နင်းနည်း ။   ။ 

- ခြောက်သွေ့ပြီး ကောင်းမွန်စွာသိုလှောင်ထားသော မျိုးကို အသုံးပြုပါ။

- ရောဂါကျအခင်းမှ ပင်ကြွင်းကျန်များကို စုပုံ၍ မီးရှို့၊မြေမြှုပ်ခြင်းပြုလုပ်ပါ။

- ကြက်သွန်ခင်းတွင် ပုလဲ(နိုက်ထရိုဂျင်) မြေသြဇာကို လွန်ကဲစွာ မသုံးရ။

- ကြက်သွန်ခင်းတွင် ရေမဝပ်စေရ။

- သီးနှံအလှည့်ကျ စိုက်ပျိုးပါ။

- အောက်ပါမှိုသတ်ဆေးများကို အသုံးပြုပါ။

 . Thiophanate methyl

 . Chlorothalonil

 . Copper hydroxide

ကြက်သွန်ဥထိပ်ပုပ်ရောဂါ

-------------------------------



ရောဂါဖြစ်စေသက်ရှိ    -  Botrytis allii, Botrytis squamosa, Botrytis cinerea

ရောဂါကျရောက်ချိန်     -  မိုးရာသီ


ရောဂါလက္ခဏာ ။  ။  ရောဂါရကြက်သွန်ဥ၏ ဂုတ်ထိပ်ပတ်လည်တွင် တစ်သျှူးသားများ

ပျော့၍ အညိုရောင်ဖြစ်နေသည်။ ထပ်ဆင့်၍ ၎င်းတစ်သျှူးသားမှ မှိုအစုအဝေးသည်

အညိုရောင်မှ အနက်ရောင်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို တွေ့ရှိရသည်။

ထို့နောက်နေလောင်သကဲ့သို့ ခြောက်ပြီး ဥတစ်ခုလုံး ပုံသဏ္ဍာန်ပျက်သွားသည်။

၎င်းမှတဆင့် ဘက်တီးရီးယားဝင်ရောက်ခြင်းကြောင့် အပျော့ပုပ်ရောဂါထပ်ဆင့်၍

ဖြစ်စေနိုင်ပါသည်။


ရောဂါသံသရာ ။  ။  ဤမှိုရောဂါသည် ကြက်သွန်ဥများကို သိုလှောင်စဉ်နှင့်

သယ်ယူပို့ဆောင်ရာတွင် ပြင်းထန်စွာ ကျရောက်လေ့ရှိသည်။ ရိတ်သိမ်းချိန်တွင်

မိုးရွာသွန်းခြင်း၊ စိုထိုင်းဆများခြင်းတို့ဖြစ်ပါက ရောဂါပိုမိုကျရောက်လေ့ရှိပါသည်။

ဤရောဂါဖြစ်မှိုသည် ကြက်သွန်ဥများ မခြောက်မီ ထိပ်ပိုင်းဖြတ်ခြင်း၊ လိမ်ခြင်းတို့ကြောင့်

၎င်းဒဏ်ရာများမှတဆင့် ကြက်သွန်ဥတွင်းသို့ ဝင်ရောက်ပြီး ပျော့ပုပ်စေနိုင်ပါသည်။


ကာကွယ်နှိမ်နင်းနည်း ။  ။ 

- ရောဂါကင်း၍ ကောင်းစွာ ခြောက်သွေ့ပြီးသော ကြက်သွန်မျိုးများကို ရွှေးချယ်စိုက်ပါ။

- စိုက်ချိန်နောက်ပိုင်းတွင် ပုလဲ(နိုက်ထရိုဂျင်) မြေသြဇာလွန်ကဲစွာ မကျွေးရ။

- ကြက်သွန်မတူးဖော်မီ (၁၀ - ၁၄)ရက်အတွင်း ရေသွင်းခြင်းမပြုရ။

- ခြောက်သွေ့သော ရာသီ၌သာ ကြက်သွန်တူးဖော်ပါ။

- အမြိတ်မဖြတ်မီ တစ်ပတ်အလိုတွင် စိုက်ခင်းကို အခြောက်ထားပါ။

- သိုလှောင်ခြင်းမပြုမီ လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးပါ။

သိုလှောင်ရာတွင် အပူချိန် (၃၄ - ၃၆  ံC) နှင့် စိုထိုင်းဆ (၇၀%)ထက်

လျှော့နည်းမှသာလျှင် အကောင်းဆုံးဖြစ်ပါသည်။

- အောက်ပါမှိုသတ်ဆေးများကို အသုံးပြုပါ။

 . Thiophanate methyl

 . Carbendazim

ပင်ခြေပုပ်ရောဂါ

--------------------



ရောဂါဖြစ်စေသက်ရှိ  -  Aspergillus niger


ရောဂါလက္ခဏာ  ။   ။  ရိတ်သိမ်းခါနီး/ရိတ်သိမ်းပြီး ကြက်သွန်နီဥ၏ အပေါ်ခွံလွှာတွင်

အမဲရောင်မှိုများဖြစ်ပေါ်ခြင်း၊ ကြက်သွန်နီ၏ အထက်ပိုင်းရိုးတံသည် အရောင်ပြောင်းခြင်း

တို့ကို တွေ့ရသည်။ ထို့အပြင် အပေါ်ယံအခွံလွှာခွာလိုက်သော်လည်း မှိုများသည်

အတွင်းပိုင်းတစ်သျှူးများ၏ အကြောတစ်လျှောက်သို့ ဝင်ရောက်ကာပေါက်ဖွားနိုင်သည်။

ထို့အပြင် အခြားလက္ခဏာတစ်ခုမှာ ရေစိုနာကွက်များဖြစ်ပေါ်ခြင်းကို တွေ့ရသည်။


ရောဂါသံသရာ  ။   ။  ရောဂါဖြစ်စေသောမှိုသည် ပူသောရာသီတွင် မြေထဲတွင်

လည်းကောင်း၊ လေထဲတွင်လည်းကောင်း တွေ့နိုင်သည်။ ထို့ကြောင့် ထွက်ခါစ အပင်

ငယ်လေးများကို မြေဆောင်မှိုကတိုက်ခိုက်ပြီး အပင်ကြီးထွားလာချိန်တွင် လေဆောင်မှို

ကတိုက်ခိုက်သည်။ ရောဂါရမျိုးစေ့သည် ရောဂါဖြစ်စေနိုင်သည့် အဓိကအကြောင်းအရာ

တစ်ရပ်တွင် ပါဝင်သည်။ အပူချိန်မြင့်သော အချိန်နှင့် စိုထိုင်းဆမြင့်သော အချိန်များတွင်

အပင်၏ တစ်သျှူးသားတွင် ဝင်ရောက်တိုက်ခိုက်နိုင်သည်။ သိုလှောင်ထားသော 

ကြက်သွန်ဥများတွင် ရောဂါကျရောက်ရခြင်းမှာ ရောဂါဖြစ်စေသက်ရှိသည် အောက်ခြေမှ

ဥသို့ ရောဂါရောက်ရှိသွားပြီး ထိုမှတဆင့် ဥ၏လည်ပင်းဆီသို့ ရောဂါကူးစက်ခြင်းဖြစ်သည်။

၎င်းမှိုမျှင်များ၏ကြီးထွားမှုနှုန်းမှာ အလွန်မြန်ဆန်သည်။ ထို့ကြောင့် သင့်တော်သော

အပူချိန်နှင့် စိုထိုင်းဆရှိပါက ပမာဏအနည်းငယ်ရှိသော မှိုအစုအဝေးသည် လျှင်မြန်စွာ

ကြီးထွားလာပြီး မှိုမျှင်အများအပြား သိသာထင်ရှားစွာ ဖြစ်ပေါ်စေနိုင်ပါသည်။


ကာကွယ်နှိမ်နင်းနည်းများ  ။   ။  

- ခံနိုင်ရည်ရှိသော ကြက်သွန်မျိုးကို ရွှေးချယ်စိုက်ပျိုးပါ။

- သိုလှောင်သည့်နေရာတွင် လေဝင်လေထွက်ကောင်း၍ စွတ်စိုမှုနည်းရန် လိုပါသည်။

- သီးနှံအလှည့်ကျ စိုက်ပျိုးပါ။

- မှိုသတ်ဆေးများဖြစ်သည့်

 . Chlorothalonil

 . Carbendazim

 . Thiophanate methyl စသည်တို့ဖြင့် ပက်ဖျန်းနိုင်ပါသည်။


Source&Photo-Internet

#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့