အီးအမ် (EM) အမျိုးအစားကတော့ (၄) မျိုးရှိတယ်။ အဲဒီ (၄) မျိုးတွေကတော့
- ပင်မအီးအမ် (Original EM, OEM)
- အီးအမ်အပြင်း (EM Concentrate, CEM)
- အသင့်သုံးအီးအမ် (Instant EM)
-အီးအမ် - ၅ (EM-5) တို့ဖြစ်ပါတယ်။
အခုမျှ၀ေသွားမှာကတော့ အီးအမ် - ၅ (EM-5)အကြောင်းပဲဖြစ်ပါတယ်ဗျ။
⚠️ယခုဖော်ပြပေးထားသောပါ၀င်ပစ္စည်းအချိုးမှာ
5 ဂါလံ အတွက်သာ...
ပါ၀င်ပစ္စည်းများ
Emအပြင်း 1 လီတာ
တင်လဲရည်1 လီတာ
အရက်ဦးရေ 1 လီတာ
ရှာလကာရည်1 လီတာ
ကြက်သွန်ဖြူ 10ကျပ်သား
ရေ 15 လီတာ
အသုံးပြု နည်း
အီးအမ်-၅ ကို အင်းဆက်ပိုးများနဲ့ ရောဂါများကို ကာကွယ်တဲ့အနေနဲ့အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အီးအမ်-၅ သည် အင်းဆက်တွေရဲ့ အစားအစာကို စားသောက်၍မရတဲ့ အညစ်အကြေးတွေအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အင်းဆက်တွေဟာအစာမစားနိုင်တော့ပဲ တဖြည်းဖြည်းနဲ့ အရေအတွက်တွေ လျော့နည်းသွားစေပါတယ်။ အင်းဆက်တွေကိုတိုက်ရိုက် သေစေနိုင်တဲ့ ဆေးမဟုတ်ပါဘူး။
⚠️ဆေးတပုံး၃၀မှ၄၀စီစီသုံးနိုင်ပါတယ်ဗျ။
⚠️နှစ်ပေါက်အောင် ထားနိုင်သည်။
သင်ဆရာ မြင်ဆရာ ကြားဆရာ များအားလေးစားလျက်...
#ကိုဇေ_တောင်သူဦးကြီး
Comments
Post a Comment