ကျတော့်တောင်သူဦးကြီးတွေ စပါးရိတ်ပြီးရိုးပြတ်တွေမီးရှို့တတ်ကြတယ်။ အရင်လဲ မီးရှို့တာကောင်း၊မကောင်း ဆိုတာPostတင်ပြီးမေးဖူးပါတယ်။ ကျတော့်သဘော အရဆိုမရှို့စေချင်ပါဘူး။
ဘာလို့လဲဆိုတော့လယ်တစ်ဧကမှာကောက်ရိုး ၃-၄.၅တန် လောက်ထွက်ရှိပါတယ်။
ကောက်ရိုးတွေထဲမှာ Organic Materials အနေနဲ့....
- N ၄၀%
- P ၃၀-၃၅%
- K ၈၀-၈၅%
- S. ၄၀-၅၀% ပါဝင်ပါတယ်။
နောက်ပြီး အဟာရဓာတ်အနေနဲ့ ...
ပိုတက်ဆီယံက ၁.၅၈% အများဆုံးပါဝင်တာမိုပိုးမွှားရောဂါကျတဲ့လယ်မှအပ.... မီးမရှို့ကြဖို့ဆိုတာကို တောင်သူတွေ သိကြပေမဲ့...
ရိုးပြတ်တွေ ဘာကြောင့်မီးရှို့နေကြပါသလဲ...
- ထွန်ယက်စဥ် ထွန်သွားပတ်လို့...
- မီးရှို့ရင် ပြာဓာတ်ရတယ်ဆိုလို့...
- သက်လတ်သက်ကြီးစပါးများက
ရိုးပြတ်ရှည်တဲ့အတွက် ငုတ်က လမိုင်း
ထွက်သလို ကြိတ်ဘီးနဲ့လိုက်မြှုပ်နေရတာမို့
ခရီးဖင့်လို့...
ဘယ်လိုဖြေရှင်းကြမလဲ...
- အားကောင်းတဲ့ လယ်ထွန်စက်ကြီးနဲ့ထွန်ပါ။
- အသေးစား ရိုးပြတ်ခုတ်စက်နဲ့ဝင်ပါ။
( အခုကာလကြီးမှာ မြေဆီစျေးက မိုးထိအောင်
ခေါင်ခိုက်နေသမို့ အကြံပြု တင်ပြ
လိုက်ရကြောင်းပါ...)
#ကိုဇေ_တောင်သူဦးကြီး
#တောင်သူဦးကြီး_taungthuoogyi
Comments
Post a Comment