Skip to main content

Effective Microorganisms

 အကျိုးပြု အနုဇီ၀ (အီးအမ်)

==================  


စိုက်ပျိုးရေးမှာ အသုံးပြုနိုင်တဲ့ အကျိုးပြု အနုဇီ၀ (အီးအမ်) {Effective Microorganisms (EM)} နည်းပညာကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ ပါမောက္ခဒေါက်တာ ဟီဂါရီက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ အီးအမ်ကို သဘာဝစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့အခါမှာ သီးနှံတွေက ဓာတုဆေးမသုံးဘဲ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဓာတုမြေဩဇာတွေ၊ ပိုးသတ်၊ ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ မှိုသတ်ဆေးတွေကြောင့် မြေဆီလွှာအတွင်းမှာရှိတဲ့ အကျိုးပြုပိုးတွေ သေကြေ ပျက်ဆီးသွားတာကို ပြန်လည်းမွေးမြူပြီး မြေဆီလွှာအတွင်းထည့်ပေးဖို့ အီးအမ်ကို ထုတ်လုပ်တာဖြစ်ပါတယ်။ 


ဓာတုဆေးမသုံးစွဲဘဲ စိုက်ပျိုးနိုင်တဲ့ စနစ်တွေကို ၁၉၃၅ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက ပညာရှင်တွေ စမ်းသပ်လေ့လာခဲ့ရာမှာ သိပ်မအောင်မြင်ခဲ့ကြပါဘူး။ အီးအမ်ကိုတွေ့တော့မှ အောင်မြင်လာတာဖြစ်ပါတယ်။ သီးနှံပင်တစ်ပင် အောင်မြင်ဖြစ်ထွန်းဖို့ သီနှံပင်ရဲ့ ပတ်ဝန်းကျင်နဲ့ ဒီအပင်ပေါက်တဲ့ မြေကြီးထဲက အနုဇိဝတွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အနုဇီဝတွေ အစွမ်းထက်ရင် ထက်သလောက် အလုပ်လုပ်ရင်လုပ်သလောက် သီးနှံပင်ကို ကြီးထွားစေပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်အားကို တိုးတက်အောင် လုပ်ဆောင်ပေးပါက သီးနှံပင်တွေ အထွက်တိုးစေခြင်း၊ အရည်အသွေးကောင်းစေခြင်းနဲ့ ရောဂါပိုးမွှားကျရောက် မှု နည်းပါခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 


အကျိုးပြု အနုဇီဝ (အီးအမ်) ကို လုပ်ရတာလည်း လွယ်ကူပါတယ်။ အီးအမ်လုပ်တဲ့အခါမှာ ကုန်ကျစရိတ်ကလည်း သက်သာပါတယ်။ အီးအမ်နည်းပညာကို မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည်နှစ် ကတည်းက လက်ခံသုံးစွဲလာတာဖြစ်တယ်လို့ သိရပါတယ်။ 


အီးအမ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ လက်တစ်အက်စစ်ဘက်တီးရီယား (Latctic acid Bacteria)၊ တဆေးမှိုများ (Yeast)၊ ဖိုတိုဆင်းသက်တစ်ဘက်တီးရီးယား (Photosynthetic bacteria)၊ အက်တီနိုမိုက်ဘက်တီးရီးယား (Actinomyces bacteria) နဲ့ အပင်အကြွင်းအကျန် အစိတ်အပိုင်းများကို လျှင်မြန်စွာ ဆွေးမြေ့စေတဲ့ မှို ( Fermenting Fungi) တွေဖြစ်ပါတယ်။ 



#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့