Skip to main content

 

ဂျပန်နိုင်ငံရဲ့စပါးစိုက်နည်း🇯🇵🌾
===================
ဂျပန်နိုင်ငံကလယ်တစ်ဧကလျှင်စပါးတင်း၃၀၀နဲ့၄၀၀
ကြားထွက်တယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ထင်ကျပါ
လိမ့်မယ်တကယ်တော့အမှန်တကယ်ကိုထွက်ပါတယ်။

အဲ့လိုထွက်တာကျွန်တော်တို့မြန်မာနိုင်ငံကအရင်ဆုံး
ထွက်တာပါ။ယခုဂျပန်နိုင်ငံရဲ့စိုက်နည်းကယခင်မြန်မာနိုင်ငံရဲ့စိုက်နည်းစနစ်ပါ။

တောင်သူတွေအနေနဲ့သိထားသင့်တာကစပါးပင်ဟာPH5.5မှ7.5ကြားမြေကိုအကြိုက်နှစ်သက်ဆုံးပါ။

    1⃣ပထမအဆင့်အနေနဲ့ထယ်မထိုးခင်ကိုနွားချေးအစိုကိုထင်းပြာနဲ့ရောနယ်ပြီးနေရိပ်မှာလေသလပ်ခံပါ။

ထိုအခြောက်ခံပြီးသားနွားချေးထင်းပြာကိုတစ်တင်းတစ်ဧကနှုန်းနဲ့ပက်ပေးပါ။



   2⃣ဒုတိယအဆင့်ကတော့ဘိုကာချီ(သို့)ဒိုချပ်ကင်းမြေဆီတစ်ဧကကို၅အိတ်နှုန်းနဲ့ပက်ပါ။

   3⃣တတိယအဆင့်ကတော့မြေအောင်းပိုးနဲ့မှိုရောဂါကာကွယ်ရန်မဖောက်ထုံးတစ်ပိဿာဆေးရွက်ကြီး၅၀သားဒုထ္တာ၂၀သားကိုအရည်ဖျော်ပြီးတစ်ဧကဖျန်းပါ။ပြီးရင်
ထယ်ရေးနက်နက်ထိုးပါ။ပြီးရင်ထွန်မွှေ ဂျုတ်ဆွဲ စတာတွေလုပ်ပါတော့။

  လယ်ထွန်သမန်းပုတ်စောင့်နေချိန်မှာ ရေအ
ခြောက်ပျိုးထောင်ထားပါ။ရေအခြောက်ပျိုးထောင်ဆိုသည်မှာဆနွမ်းမကင်းဗန်းတွေနဲ့ပျိုးထောင်တာကိုပြော
တာပါ။

တစ်ဧကလျှင်မျိုးစပါးသုံးပြည်ပါ။ မျိုးစပါးကိုလူး
နယ်ဆေးနဲ့တစ်ရက်ရေစိမ်ပါ။စပါးစိမ်မည့်အိုးထဲတွင်စပါးထဲ့၍စပါးအပေါ်ရေလက်တစ်ဆစ်ရှိရပါမည်။

၂၄နာရီပြည့်လျှင်ဆယ်ပြီးပျိုးဗန်းထဲထဲ့ပါ။ပျိုးသက်၁၅ရက်
မှာချစိုက်ပါမယ်။

      4⃣ အဆင့်လေးကတော့လယ်ထဲမှာရေမရှိအောင်
ထုတ်ပစ်ရပါမယ်။ပျိုးနှုတ်တဲ့အခါညင်သာစွာနှုတ်ပါ။

ခြေဖြင့်ရိုက်ခင်းမပြုလုပ်ရပါ။အပင်အဖျားမဖြတ်ရပါ။

မစိုက်ခင်ပျိုးပင်များကိုငါးအမိုင်နိုတစ်ဆရေအဆတစ်ထောင်နဲ့ရောဖျန်းထားပါ။စိုက်မည့်လယ်ထဲတွင်ရေလုံးဝ ဝပ်လို့မရပါ။

ပျိုးသက်နု၍ပင်ခြေပုတ်မှာစိုး၍ဖြစ်သည်။လယ်ပြင်မြေသားရေချိန်ညီပါစေ။၄င်းမြေသားအထက်လေးလက်မခွာ၍ရေသွင်းရေထုတ်ရအောင်လေးလက်မပိုက်ကိုကန်သင်းမှာမြှပ်ထားပါ။

စုစုပေါင်းရှစ်လုံးထားရပါမယ။တစ်ပေပတ်လည်ကြိုးတန်း၍ပင်ကြားတန်းကြားတစ်ပေခြားထားပါ။ပျိုးပင်စိုက်လျှင်တစ်ပင်သာစိုက်ပါ။

တစ်ပေပတ်လည်ထောင့်လေးထောင့်တွင်ပျိုးစပါးပင်လေးပင်သာရှိရပါမည်။ စပါးတစ်ပင်လျှင်အနည်းဆုံးအပင်၅၀မှ၁၅၀ကြားပွားသောကြောင့်ဖြစ်သည်။

အပင််၅၀ပွားလျှင်အဖို၁၀ပင်အမ၄၀ပါသည်။၁၅၀ပွားလျှင်အဖို၄၀အမ၁၁၀ပါသည်အပင်ရှင်သန်လာလျှင်တစ်ပတ်တွင်၅ပင်မှအပင်၂၀ထိပွားသည်။

စပါးအဖိုပင်သည်ပေါက်ခါစတွင်အရွက်လုံးသည်။အမပင်သည်စပေါက်ကတည်းကအရွက်ပြားသည်။ တစ်ခါတစ်ရံစပါးကြားတွင်တက်ပွတ်ပင်ရောပေါက်တတ်သည်။



တက်ပွတ်ပင်မှာစပါးနှင့်အတော်တူသည။်တက်ပွတ်ပါလျှင်နုတ်ပစ်ပါ။
ထိုပွားနှုံးကြောင့်တစ်ပေပတ်လည်တွင်လေးပင်သာစိုက်ရချင်းဖြစ်သည်။

စပါးသက်တန်း၂၀ပြည့်လျှင်ရေနှစ်လက််မသွင်းပေးပါ။ရက်၃၀ပြည့်လျှင့်ရေလေးလက်မသွင်းပါ။

     5⃣အဆင့်ငါးအနေနဲ့ကတော့စပါးခင်း၏ပေသုံးဆယ်လျှင်စပါးလင်တစ်ပင်စိုက်ပေးပါ။ပေးသုံးဆယ်ပတ်လည်တွင်စပါးလင်လေးပင်ရှိရပါမည်။

စပါးလင်သည်စပါးမြစ်ဖုရောဂါနဲ့အဖျက်ပိုးကိုကာကွယ်ရန်ဖြစ်သည။လယ်ကန်သင်းတွင်ထပ်တရာပန်းနဲ့မုယားကြီးပင်ကိုပေသုံးဆယ်တစ်ပင်စိုက်ပေးပါ။ဖလံပိုးနဲ့ငမြောင်တောင်ရန်ကာကွယ်ရန်ဖြစ်သည်။

စပါးခင်းထဲတွင်အပြာရောင်နှင့်အစိမ်းရောင်တောက်တောက်စက္ကုကပ်ပြားတွေကိုဆီသုပ်ပြီးများများလိုက်ထောင်ပေးပါ။လိပ်ပြာဖြူနှင့်နှံစိမ်းနှံခြောက်ကောင်ရန်ကာကွယ်ရန်ဖြစ်သည်။

    6⃣အဆင့်ခြောက်ကတော့ တစ်ပတ်တစ်ခါအမြစ်ဖွခြင်း ပေါင်းနုတ်ခြင်းလုပ်ပေးပါ။

အပင်ရက်၂၀သားမှာစ၍ငါးအမိုင်န ိုသီးစုံအမိုင်နို မိမိနှစ်သက်ရာကိုသုံးရက်တစ်ခါအခင်းထဲလိုက်ဖျန်းပါ။သုံးရက်တစ်ခါပိုးဆေးဖျန်းပါပိုးမတွေ့လဲဖျန်းပါ။

      7⃣အဆင့်ခုနှစ်ကတော့စပါးနို့ရည်တည်ပြီဆိုလျှင်
ငါးအမိုင်နို သစ်သီးအမိုင်နို မိမိနှစ်သက်ရာအပင်အားဆေးဖျော်ရည်ထဲကိုနွားကျင်ငယ်တစ်လီတာကိုဆေးဖျန်းပုံးတစ်ပုံးနှုံန်းနဲ့တစ်ဧက၃ပုံးဖျန်းပါ။

မနက်စောစောပေါက်တဲ့ကျင်ငယ်ဦးပါ။ ကျင်ငယ်ရေဟာယူရီးယားဓာတ်ကိုယူတာပါ။အနှံအောင်သည်ထိသုံးရက်ခြားအားဆေးနဲ့ပိုးဆေးမှိုဆေးဖျန်းဖို့လိုပါသည်။

သုံးရက်ခြားဖြန်းသောကြောင့်သဘာဝအားဆေးပိုးဆေးမှိုဆေးသာလျှင်အန္တရယ်မရှိကြောင်းအာမခံနိုင်ပါမည်။
မူရင်းရေးသူအားcreditပေးပါသည်။
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့