Skip to main content

 ပဲ တွေထွက်ကြသည် သို့သော် ထွက်သလောက်မရ

ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်တောင်သူဘ၀


ရိတ်သိမ်းချိန်လွန်နည်းပညာဆိုတာ ရိတ်သိမ်းပြီးနောက် လယ်ယာထွက်ကုန်များကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့တွင် သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ အခြေခံမူများကို အသုံးချခြင်းဖြစ်သည်။ ရိတ်သိမ်းချိန်လွန်နည်းပညာကို အရည်အသွေးမြှင့်တင်ရန်နှင့် အစားအစာများ၏ သက်တမ်းကို တိုးမြှင့်ရန်အတွက် အသုံးပြုပါသည်။ အလေအလွင့်ကို လျှော့ချရန်နှင့် အစားအသောက် ဘေးကင်းရေးကိုလည်း မြှင့်တင်ပေးပါသည်။


ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် ရိတ်သိမ်းပြီးနောက် ကောက်ပဲသီးနှံနှင့် ပဲပင်၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုမှာ မျှမျှတတဖြစ်လေ့ရှိသည်။ အာဖရိကနှင့် လက်တင်အမေရိက၏ အချို့သောဒေသများတွင် ရိတ်သိမ်းသည့်ပမာဏ၏ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားသောနှုန်းထားများဆုံးရှုံးသည် ကို တွေ့ရှိရသည်။


ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ရိတ်သိမ်းပြီး နောက်

ဆုံးရှုံးမှုများစွာ ဖြစ်ပေါ် နေရသည်။

ပဲတွေထွက်ကြသည် သို့ သော် ထွက်သလောက်မရကြပါ။ဘာကြောင့်လဲဆိုတော့ မြေပြင် အခြေအနေ အရ မခြွေနိုင်သေးတဲ့ပဲပုံတွေ၊အချိန်အခါမဟုတ်ရွာတဲ့မိုးကြောင့်ပျက်ဆီးရတဲ့ပဲတွေ ၊ ပဲစျေးတွေကောင်းတဲ့ နောက် အဆိုးဆုံးကတော့ ပဲပုံသူခိုးတွေ စတာတွေကြောင့် ဆုံးရှုံးရပါတယ်။


ပဲစျေးကတော့ တက်ရိပ် ပြ နေ တဲ့ အတွက် တောင်သူဦးကြီးများက်ုယ်စား၀မ်းသာပီတိဖြစ်ရပါကြောင်း....

 

ပုံ-အရှေ့တောင်အာရှ နိုင်ငံများတွင်ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများ


#ကိုဇေ_တောင်သူဦးကြီး


#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့