Skip to main content

  စိုက်ပျိုးစရိတ်၊ သွင်းအားစု ၊ မျိုးစေ့စျေးနှုန်းများကြီးမြှင့်လာသည်နှင့်အမျှ တောင်သူများသည်လည်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အလေအလွင့်မရှိစေရန် ဂရုတစိုက် လုပ်ဆောင်လာ ကြပါတယ်။


ကျွန်တော့်မိတ်ဆွေ တောင်သူဦးကြီးများနဲ့ စကားလက်ဆုံ ပြောမိခဲ့အခါမှာ ယခင်နှစ်များက ထက်

မျိုးနှုန်းထား ကို လျော့ သုံးစွဲ လာကြတာကိုတွေ့ရတဲ့အတွက်များစွာ ၀မ်းသာရပါတယ်။

"ပုံမှန်ဆို ၂၊၃ တင်း ကြဲတာ အခု တော့ Seederနဲ့ ချမယ်ကွာ ၊အပင်ပေါက်လဲကောင်း လိုချင်သလိုမျိုးစေ့အထူအပါး ချိန်လို့လဲ ရတဲ့အတွက် အဆင်ပြေ တယ် " ဆို တဲ့ စကားသံတွေ ကြားသိ ခဲ့ ရပါတယ်။



ကြဲခင်း လည်း တကယ် ကောင်းရင် အထွက်ပိုနိုင်ပါတယ်။သို့သော် ကြဲခင်းမှာ ကြွက်၊ငှက် များဖျက်ဆီးမှု မှ ကာမိစေရန် မျိုးစေ့ ကိုလိုတာထက်ပိုသုံးကြပါတယ်။ ကျွန်တော် တောင်သူ တစ်ယောက် ပြောတာလေး သဘောကျ လို့ "ဦးလေးတို့က သေချာ တာ ကို ပဲ လုပ်တယ်၊မျိုးမှာ များ များ သုံး ပြီး အပင်ပေါက်စုံမှ တွက်ခြေကိုက်တယ် " ဆို တဲ့ စကားလေးပေါ့။


သူ့စကားသူ က ဟုတ်နေ သည်။ ဒါပေမယ့် မျိုးစေ့ ၁တင်း ကုန်မယ့် ကိစ္စ ၂ဆ ၃ဆ ကုန်နေတာတော့ လက်မခံပါ။ကျွန်တော်ရှင်းပြတော့မှ သဘောပေါက် ပြီး Seederနဲ့မျိုးစေ့ချမယ်ကွာ တဲ့။

မျိုးစေ့နှုန်းကိုချွေတာတဲ့အတွက် ကုန်ကျစရိတ်သက်သာမယ်၊ အပင်ပေါက်ညီမယ်၊ လေ၀င်လေထွက်ကောင်းမယ်၊ မြေသြဇာ သွင်းအားစု ထည့်ရ အဆင်ပြေ မယ် ဒီ အချက်တွေနဲ့တင် အဆင်ပြေ နေ ပြီလို့ ကျွန်တော် ယူဆပါတယ်။


ကျွန်တော့် တောင်သူဦးကြီးတွေ ယခင်မိရိုးဖလာနည်းတွေအစား စိုက်ပျိုးနည်းပညာအသစ်တွေ နဲ့ အထွက်တိုးကြပါစေလို့ဆုတောင်းရင်း....


#ကိုဇေ_တောင်သူဦးကြီး


Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့