Skip to main content

ကြက်သွန် စနစ်တကျ စိုက်ပျိုးနည်း

 

ကြက်သွန် စနစ်တကျ စိုက်ပျိုးနည်း

မျိုး

ရွှေဖလား၊ ဘောင်စောက်မျိုးများကို စိုက်ပျိုးပါ။ စိုက်ပျိုးမည့် မျိုးစေ့သည် (၁) ပြည်လျှင် (၇၅-၈၀) ကျပ်သား ရှိရမည်။

ပျိုးထောင်ခြင်း

ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (ဝ.၀၅) ဧက ရှိရပါမည်။ မျိုးစေ့နှုန်း (၂-၄) ပြည် အသုံးပြုရပါမည်။ ပျိုးခင်းမြေပြင်ရာတွင် တမန်းညက်ရပါမည်။ ပျိုးခင်းတွင် နွားချေးနှင့် မြေဆွေးများ ထည့်ပေးရပါမည်။ ပျိုးဘောင် (၃'×၁၈') ဘောင်အတွက် မျိုးစေ့နို့ဆီ (၁) ဘူး လိုအပ်ပါသည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်ပြီး နွားချေး (သို့) မြေဆွေးပါးပါး ဖြူး၍ ဖုံးအုပ်ပေးပါ။ မျိုးစေ့အပင်ပေါက် ညီညာစေရန် ကောက်ရိုး၊ သစ်ခက်များ ဖုံးအုပ်ပေးရပါမည်။

ပျိုးသက် (၁၅) ရက်သားတွင် ကောမက်စပိဒ်လိုက်ကို ၃' အကျယ် ၈' အရှည် တစ်ဘောင်လျှင် နို့ဆီ (၂) ဘူးထည့်ပေးပါ။

စိုက်ခင်းမြေပြင်ခြင်း

ဥစားသီးနှံဖြစ်၍ မြေမပြင်မီ နွားချေး၊ အမှိုက်ဆွေးများများ ချပေးပါ။ ကြီးထွားမှု နှေးသော သီးနှံဖြစ်သည့်အတွက် ထယ်အကြိမ်ကြိမ် ထိုးရပါမည်။ ထွန်ရေးညက်အောင် ထွန်၍ ကြမ်းရိုက်ပြီး မိမိစိုက်လိုသော နည်းစနစ်အတိုင်း ပြုပြင်ရမည်။ ဘောင်စနစ်ဖြင့်လည်းကောင်း၊ ကန်သင်း ဖော်၍ လည်းကောင်း စိုက်ပျိုးနိုင်သည်။ ဘောင်စနစ်ဖြင့် စိုက်ပါက (၃) ပေအကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ရပါမည်။ ကန်သင်းဖော်၍ စိုက်ပါက (၉'x၆')ကျင်း (သို့) (၆'×၆') ကျင်းများ ဖွဲ့ရသည်။ ရေသွင်းမြောင်းကို ၂ ကျင်း တစ်မြောင်း ဖောက်ပေးရပါမည်။ တန်းကြား (၄-၅) လက်မ ပင်ကြား (၃) လက်မ စိုက်ရပါမည်။ တစ်ဧက အပင်ဦးရေ (၂-၃) သိန်းဝင်အောင် စိုက်ပါ။

ပေါင်းမြက်ရှင်းလင်းခြင်း

ကြက်သွန်သည် ပေါင်းမြက် မနှိမ်နှင်းပါက တစ်ခင်းလုံး ပျက်စီးတတ်သည်။ ပင်စီ၊ ပိုလာနှင့် ဖော်ကျွန်း ပေါင်းသတ်ဆေးများ အသုံးပြု၍ ပေါင်းများ ကို နှိမ်နှင်းနိုင်ပါသည်။ ပိုလာ၂၃.၅ အီးစီ - ပိုလာသည် ရွက်ပြန့်ပေါင်းများ၊ မြက်မုန်ညင်းများနှင့် မြက်ပေါင်းများကို နှိမ်နှင်းနိုင်ပါသည်။ ပိုလာကို ကြက်သွန်မစိုက်မီ ၁-၂ ရက် အလို (သို့မဟုတ်) စိုက်ပြီး ပေါင်းမြက်စုံချိန်တွင် ဖျန်းနိုင်သည်။ ဆေးဖျန်းပြီးချိန် မြေမဆွသင့်ပါ။ ဆေးဖျန်းချိန်တွင် မြေတွင်း အစိုဓာတ် ကောင်းရပါမည်။
ပိုလာပေါင်းသတ်ဆေးကို ကြက်သွန်ဖြူ/ ကြက်သွန်နီအပြင် ကြံ၊ ပဲပုတ်နှင့် မုန်ညင်း၊ မုန်လာ၊ ဆေးရွက်ကြီး သီးနှံများတွင်လည်း သုံးနိုင်ပါသည်။

ဖော်ကျွန်း - ပဲမျိုးစုံ၊ ကြက်သွန်၊ ဝါ၊ ဖရဲနှင့် အချို့ရွက်ပြန့်သီးနှံများတွင် ပေါက်သော မြက်ပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်းနှင်းနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။ ပေါင်းပင်အရွက် (၃-၅) ရွက်ထွက်ချိန်တွင် အသုံးပြုပါ။ စပါး၊ ဂျုံ၊ ပြောင်းတို့တွင် မသုံးရပါ။

ပင်စီ - ကြက်သွန်ခင်းတွင် ပေါက်ရောက်သော မြက်သီး၊ ဆင်ငိုမြက်၊ လက်သဲခွဲ၊ သဲပုရစ် စသည့် မြက်ပေါင်းများအား ပေါင်းပင် မပေါက်မီ အရွက် (၂-၃) ရွက် ထွက်ချိန်တွင် အသုံးပြုပါ။

သဘာဝမြေသြဇာ မြေသြဇာ သုံးစွဲခြင်း

မြေမပြင်မီတွင် နွားချေး(၁၅-၂၀)စီး တစ်ဧကနှုန်းချပေးပါ။

ရေသွင်းခြင်း

ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် ရှိရပါမည်။ အပင်ရေငတ်ပါက အရွက်များ ပြာမှိုင်း၍ နွမ်းခွေလာသည်။ မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းလျှင် ကြက်သွန် အခွံကွဲတတ်သည်။ ပုံမှန် တစ်ပတ်တစ်ကြိမ် ရာသီပူပြင်းပါက (၄-၅) ရက် တစ်ကြိမ် သွင်းပေးရပါမည်။ ရေကို (၅) ကြိမ်မှ (၈) ကြိမ်အထိ သွင်းပေးပါ။

အပင်ပြုစုခြင်း

ကြက်သွန်ပန်းဖူးများကို အပတ်စဉ် ချိုးပေးပါ။ မြေကြပ်နေပါက ခါးဆွပေးပါ။ ပိုးမွှားနှင့် ရောဂါများ စတင်ကျသည်နှင့် ကာကွယ်နှိမ်နှင်းပါ။ ကြက်သွန်နီတွင် လှေးပိုးနှင့် ဒေါင်းနီး ၊ ဂျိုလိမ် ၊ တောက်တဲ့မြီး နှင့် ဥပုပ်ရောဂါများကို အထူးအသိထားရပါမည်။

ရိတ်သိမ်းခြင်း
အရွက်၏ (၁၅-၂၅) ရာခိုင်နှုန်းခြောက်လာပါက လက်ဖြင့်ဆွဲနှုတ်ရိတ်သိမ်းပါ။ ဥများ နှုတ်ပြီးလျှင်ပြီးချင်း အရွက်များ မဖြတ်ဘဲ အရိပ်အောက်တွင် ထားပြီးမှ (၂) လက်မချန်ပြီး ဖြတ်ပါ။
ကြက်သွန်စိုက် တောင်သူကြီးများ အရည်သွေးကောင်းသော ကြက်သွန်းများထွက်ရှိပြီး ဈေးကောင်းရကြပါစေ။



Photo-GreenWay
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့