Skip to main content

" နွားချေး နွားသေး အသုံးပြုခြင်း "

" နွားချေး နွားသေး အသုံးပြုခြင်း "


တစ်ဧကစာအတွက် 

(1) နွားချေး (5) တင်း

(2) နွားသေး (5) လီတာ

(3) ထန်းလျက် (15)ကျပ်သား

(4) ရေ (25)ဂါလံ


အထက်ပါပစ္စည်းများရောစပ်ပြီး (3)ရက်ကြာ ထားပါ။ ထို(3)ရက်အတွင်း တစ်နေ့လျှင် အထက်အောက် (6)ကြိမ်ဖြင့် စုစုပေါင်း (18)ကြိမ် လှန်ပေးရမည်။ 


(4) ရက်မြောက်နေ့တွင် မိမိစိုက်ခင်း လယ်မြေများအတွင်း ထည့်သွင်းနိုင်ပါပြီ။


၎င်းမြေသြဇာကို မိမိစိုက်ခင်း လယ်ယာမြေ အတွင်းသုံးစွဲရန်မှာ -

(1) ပထမနှစ်တွင် တစ်ပါတ် တစ်ကြိမ်

(2) ဒုတိယနှစ်တွင် တစ်လ နှစ်ကြိမ်

(3) တတိယနှစ်တွင် တစ်လ တစ်ကြိမ်

(4) စတုတ္တနှစ်မှစ၍ သုံးလ တစ်ကြိမ်


မှတ်ချက်။ ဤနည်းကိုဆောင်ရွက်ရာတွင် သုံးရက်နှပ်ပြီး လေးရက်မြောက်နေ့တွင် စတင်သုံးစွဲရမည် ဖြစ်ပါသည်။

(လေးရက်မြောက်နေ့တွင် နွားချေးအတွင်းရှိ အနုဇီဝပိုးများ စွမ်းဆောင်ရေအမြင့်မားဆုံး အချိန်ရောက်ရှိပြီး စိုက်ခင်းလယ်ယာ အတွက် အာဟာရဓာတ်များ ပေးစွမ်းနိုင်သော ကာလဖြစ်ပါသည်။)


နွားချေးတွင် (N,P,K,Ca,Mg,S,Carbon) များပါဝင်ကြပြီး ကာဗွန် နှင့် နိုက်ထရိုဂျင် အချိုးမှာ 24:1 ရှိပါမည်။


နွားသေးတွင် (N,S) အမိုနီယမ်၊ အမိုးနီးယား၊ မဂ္ဂနစ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ကယ်စီယမ်၊ ရေ၊ ဖော့စဖိတ်၊ ကာဗွန်နစ်အက်စစ်၊ ကလိုရိုဒ်၊ ဆာလဖိတ်၊ အော်ဂဲနစ်အက်စစ်များ၊ ဗိုက်တာမင်(A,B,C,E)တို့ ပါဝင်ပါမည်။


နွားချေး နှင့် နွားသေးတို့မှ ပါဝင်သော ဓာတ်များနှင့် ထန်းလျှက်အချိုဓာတ်တို့ ပေါင်းစပ်ကာ အဏုဇီဝပိုးများ ပေါက်ဖွားစေပြီး အပင်အာဟာရဓာတ်နှင့် အပွင့်အသီးတို့ ကောင်းမွန်စေပါမည်။


 *မြေသြဇာအရည် ပြုလုပ်နည်း*

(1) နွားချေး (1)ပြည်

(2) နွားသေး (1) လီတာ

(3) ထန်းလျက် (3) ကျပ်သား

(4) ရေ (10)လီတာ 


အထက်ပါပစ္စည်းများကို ရောစပ်ပြီး တစ်ရက်လျှင် ၂   ၃  ကြိမ်မွှေပေးပါ 

(3) ရက်အထိ 

(4) ရက်မြောက်နေ့တွင် စတင်သုံးစွဲပါ။ ဘိုကာရှီပြုလုပ်ခြင်းတွင် ဆွေးမြေ့မှု မြန်ဆန်စေရန်အတွက် အထောက်အကူ ပြုသော ဆေးရည်ဖြစ်ပါသည်။ 


တောင်သူဦးကြီးများ ဗဟုသုတရစေရန်ရည်ရွယ်၍တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။🌻🌴

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့