Skip to main content

သစ်စိမ်းမြေသြဇာ

 မြေကို အနားပေးမလား(သို့) မြေ အားနေချိန်လေး အားဖြည့်ပေးမလား?


 စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအများစု ကြုံ ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒေသတော်တော်များများမှာ မိမိစိုက်ပျိုးမြေမှာ ရာသီအလိုက် သီးနှံတွေအလှည့်ကျစိုက်ရင်း မြေကို အနားပေးရမယ့်အချိန်မရှိတာမျိုး ၊ မြေကို အားပြန်ဖြည့်ဖို့ ကြိုးစားချိန်မရဘဲ မြေမှာ ဆက်တိုက်စိုက်ပျိုးနေရတာမျိုးတွေ၊ ပြီးတော့ ရေမရလို့ သီးနှံစိုက်ပျိုးမှုမလုပ်နိုင်ဘဲ မြေကို အနားပေးထားရတဲ့ အချိန်မှာ  မြေကို ဘယ်လိုပုံစံအနားပေးထားရမှန်းမသိ အားပြန်ဖြည့်ရင် လှပ်ထားရမှန်းမသိတဲ့ အခြေအနေလေးတွေပါ ။အခု မျှဝေပေးသွားချင်တာကတော့ မိမိစိုက်ပျိုးမြေကို ဘာကြောင့် အနားပေးသင့်သလဲ ၊ အားပြန်ဖြည့်ပေးသင့်သလဲ ၊ သဘာဝနည်းအတိုင်းကုန်ကျစရိတ်နည်းနည်းနဲ့ထိထိရောက်ရောက် ဘယ်လို မြေကို အားပြန်ဖြည့်မလဲ ဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသွားပါ့မယ်။ 

 စိုက်ပျိုးမြေမှာ ရာသီမလပ် ဆက်တိုက်စိုက်ပျိုးရေးလုပ်ကိုင်လာရင်းနဲ့ မူလစိုက်ပျိုးမြေအတွင်း ရှိတဲ့ ဓာတ်ပါဝင်မှု အနည်းအများ မညီမမျှဖြစ်လာတာမျိုးတွေ ၊ စက်ကြီးနဲ့ ထွန်ယက်စိုက်ပျိုးလာရင်း မြေရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပျက်စီးလာတာ မျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မြေကို အနားပေးသင့် အားပြန်ဖြည့်ပေးသင့်ပါတယ် ။ မိမိစိုက်ပျိုးချိန်မှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာတွေဟာ စိုက်ပျိုးမြေအတွက် အာဟာရမဖြည့်ပေးနိုင်ပါဘူး သီးနှံပင်အတွက် ပဲ ရေတို ကောင်းကျိုးပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိမြေကို သဘာဝနည်းအတိုင်း ကုန်ကျစရိတ်သက်သက်သာသာ နဲ့ မြေပြုပြင် ထိန်းသိမ်းရန် အားပြန်ဖြည့် ပေးရန်လိုအပ်တာပဲ ဖြစ်ပါတယ်။ 

 အပြောများပြီး အသုံးပြုမှုနည်းနေကြ တဲ့ နည်းလမ်းကတော့ သစ်စိမ်းမြေသြဇာ အသုံးပြုပေးခြင်းဖြစ်ပါတယ် ။ သစ်စိမ်းမြေသြဇာ ဆိုတာကတော့ မိမိမြေမှာ အပင်တွေ ပက်ကြဲစိုက်ပျိုးထားပြီး ထိုအပင်တွေ အသီး အပွင့် မဝင်ခင်လေးမှာ ထယ်မှောက်လိုက်ပြီး မြေထဲမှာတင် အဆွေးခံခြင်းပဲဖြစ်ပါတယ်။ သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်တဲ့ အပင်တွေကတော့ ပဲအမျိုးမျိုး၊ ညံပင်၊ ပိုက်ဆံလျှော်၊ ဘောစကိုင်း တို့ပဲဖြစ်ပါတယ်။ ရေနှင့်နီးတဲ့ဒေသတွေမှာတော့ ဗေဒါပင်နှင့် ရေမှော်တွေကို သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်။ သစ်စိမ်းမြေသြဇာပြုလုပ်မည့် အကိုင်း၊ အခက်၊ အရွက်နှင့် အမြစ်များသည် မြေအောက်သို့ နှစ်မြှပ်ခံရပြီးနောက် ဘက်တီးရီးယားအကူအညီဖြင့် ဆွေးမြေ့ကြရပါတယ်။  ထိုအခါ နိုက်ထရိုဂျင် ဓါတ်ကြွယ်ဝသည့် သစ်စိမ်းမြေသြဇာ အာနိသင်ကို ရရှိပါတယ်။  တစ်ကြိမ် ထည့်ထားလျှင် ၂ နှစ်အထိ ဆက်လက်၍ အာနိသင်ရှိပါတယ်။  သစ်စိမ်း ၁ တန် အသုံးပြုတိုင်း သစ်ဆွေးဓါတ် (၁/၄) တန် ရရှိနိုင်တယ်။ နိုက်ထရိုဂျင်နှင့် အခြားအာဟာရဓာတ်များရရှိနိုင်ရုံသာမက မြေအနေအထားကို ပွလာစေနိုင်တဲ့ အကျိုးကျေးဇူးလဲရရှိမှာဖြစ်ပါတယ်။  ဒါကြောင့် မိမိ မြေအတွက် အားပြန်ဖြည့်ရန် (သို့) သီးနှံ တစ်ရာသီလုံးစာ ရေရရှိနိုင်မှုမရှိ၍ သီးနှံစိုက်ပျိုးရန်အဆင်မပြေဘဲ ခနတဖြုတ် မြေလပ်နေမယ့်အချိန်တွေမှာ ကုန်ကျစရိတ်နည်းပါးပြီး အကျိုးကျေးဇူးများစွာရရှိနိုင်တဲ့  သစ်စိမ်းမြေဆွေးအတွက် အပင်များစိုက်ပျိုးကာ မြေဆွေးပြုလုပ်ထားခြင်းဖြင့် မိမိမြေအရည်အသွေးကိုမြင့်တင်လို့ရနိုင်ပါကြောင်း မျှဝေလိုက်ရပါတယ်။ 

မူရင်း-တောင်သူ့တံတား

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့