Skip to main content

စပါးအထွက်မြင့်မားရေးနှင့် နိုက်ထရိုဂျင်မြေသြဇာ

 

စပါးအထွက်မြင့်မားရေးနှင့် နိုက်ထရိုဂျင်မြေသြဇာ
-----------------------------------



နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။ နိုက်ထရိုဂျင်သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်သည်။
တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်၊မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကို ရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးပါ။ သက်လျင်အထွက်ကောင်း စပါးမျိုးများတွင် သုံးကြိမ်၊ သက်လတ်အထွက်ကောင်းစပါးမျိုးများတွင်မူ လေးကြိမ်လီ၍ကျွေးပေးပါ အဲဒီလိုရေးခဲ့ပါသည်။

မိတ်ဆွေလယ်သမားကြီးတစ်ဦးကကျွန်တော့်ကိုမေးလာသည်။စပါးစိုက်ခင်းကို တစ်ကြိမ်တည်းနိုက်ထရိုဂျင်မြေသြဇာ ကျွေးမယ်ဆိုရင် ဘယ်အချိန်ကျွေးရမှာလဲ၊ နှစ်ကြိမ်ဆိုလျှင်ဘယ်အချိန်တွေ ကျွေးရမှာလဲဖြစ်နိုင်ပါသည်။ အချို့သောတောင်သူလယ်သမားကြီးများ အတွက် စပါးစိုက်ခင်းတိုင်းကို သုံးကြိမ်၊ လေးကြိမ် အခါခါသွားပြီး မြေသြဇာကျွေးဖို့ဆိုတာ တကူးတကကြိုးစားရပါလိမ့်မည်။ ဒါ့ကြောင့် ဤမေးခွန်းကိုမေးလာခြင်း ဖြစ်နိုင်ပါသည်။

နိုက်ထရိုဂျင်မြေသြဇာဆိုတာ လေလွင့်ဆုံးရှုံးနိုင်တာဖြစ်လို့ တစ်ကြိမ်တည်းကျွေးခြင်းကို ကျွန်တော်မထောက်ခံလိုပါ။နှစ်ကြိမ်ကျွေးခြင်းကိုတော့ ထောက်ခံပါမည်။ သို့သော် ဘယ်အချိန်ကျွေးရမှာလဲဆိုတာကိုတော့ ဆုံးဖြတ်နိုင်ဖို့လိုပါသည်။ မှန်ကန်သောဆုံးဖြတ်မှုပြုနိုင်ရန် ရှေးဦးစွာ အလွန်အရေးပါသော စပါးပင်၏ ကြီးထွားမှုအဆင့်တွေကို နားလည်သိရှိဖို့လိုသည်။ စပါးပင်ကြီးထွားမှုအဆင့်ဆင့်ဖြစ်ပေါ်တာကို ကာလသုံးခု ပိုင်းခြားနိုင်သည်။

(၁) ပင်ပိုင်းကြီးထွားသည့်ကာလ၊

(၂) မျိုးပွားပိုင်းကြီးထွားသည့်ကာလနှင့်

(၃) ရင့်မှည့်သည့်ကာလတို့ ဖြစ်ပါသည်။

ပင်ပိုင်းကြီးထွားသည့်ကာလသည်အပင်ပွားခြင်းအတွက် အရေးပါသောကာလဖြစ်သည်။ ထိုကာလတွင် အပင်ပွားစီးသည့်အဆင့်ပါဝင်လို့ ဖြစ်သည်။ အပင်ပွားများမှစပါးနှံအရေအတွက် များပါမည်။မျိုးပွားပိုင်းကြီးထွားသည့် ကာလသည် စပါးနှံအတွက် အရေးပါသောကာလဖြစ်သည်။ ထိုကာလတွင် အနှံသန္ဓေစတင်ဖြစ်ပေါ်သည်မှ ဖုံးတုန်းလုံးတုန်းဖြစ်ခြင်း၊စပါးနှံထွက်ခြင်း၊ ပန်းပွင့်ခြင်း စသည့်အဆင့်တွေ ပါဝင်လို့ဖြစ်သည်။ စပါးနှံတွင်စပါးစေ့အရေအတွက်များမှသာ စပါးအထွက်ကောင်းနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ နိုက်ထရိုဂျင်မြေသြဇာကျွေးရေး ကျွန်တော်ထောက်ခံလိုသည့် နှစ်ကြိမ်
မှာ စပါးပင်၏ အပင်ပွားစီးသည့်အဆင့်တွင် တစ်ကြိမ်နှင့် အနှံသန္ဓေစတင်ဖြစ်ပေါ်
သည့်အချိန်တွင်တစ်ကြိမ် ဖြစ်ပါသည်။အပင်ပွားစီးသည့်အဆင့်မှာ စပါး
ပင်သည် လျင်မြန်စွာကြီးထွားလေ့ရှိသည်။ပြီးတော့ ပင်ပွားတွေကို စတင်ဖြစ်ပေါ်ပါသည်။ အဲဒီပင်ပွားတွေကနေ အနှံတွေဖြစ်ပေါ်လာရတာဖြစ်သည်။ ဒီအဆင့်မှာ စပါးပင်က အာဟာရတွေကို ပိုမိုလျင်မြန်စွာ ရယူလေ့ရှိသည်။ ဒါ့ကြောင့် လုံလောက်သည့်နိုက်ထရိုဂျင်အာဟာရကို ကျွေးပေးဖို့လိုသည်။

စပါးအထွက်ကောင်းဖို့အတွက်လုံလောက်သည့်ပင်ပွားတွေကို ဖြစ်ထွန်းပေးနိုင်အောင်လို့ဖြစ်ပါသည်။မိတ်ဆွေလယ်သမားကြီးတစ်ဦးကမေးဖူးပါသည်။အပင်ပွားစီးသည့်အဆင့်ကို ဘယ်လိုသိနိုင်မှာလဲမေးမြန်းမှုအပေါ် အပင်ပွားစီးသည့်အဆင့် ဖြစ်ပေါ်သည့်ရက်ကို အသိပေးလိုက်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာ ကျွေးသင့်သည့်ရက်မှာ ထိုရက်ဖြစ်ပါသည်။
ပျိုးထောင်ကောက်စိုက်စပါးမှာဆိုလျှင် ကောက်စိုက်ပြီး ၂၄ ရက်ကနေ ရက် ၃၀ ဝန်းကျင် ဖြစ်ပါတယ်}}

တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်းတွေမှာဆိုရင်လည်း မျိုးစေ့ချပြီး သို့မဟုတ် ကြဲပက်စိုက်ပြီး ၂၄ ရက်ကနေ ရက် ၃၀ ဝန်းကျင်ပဲ ဖြစ်ပါတယ်ပထမအကြိမ်အနေဖြင့် စပါးစိုက်ခင်းကို နိုက်ထရိုဂျင်မြေသြဇာကျွေးပေးရန် ဖြစ်ပါသည်။ အလွယ်တကူ မှတ်သားနိုင်မည်ဟု ယူဆပါသည်။

အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်သည်လည်း နိုက်ထရိုဂျင်အာဟာရကို စပါးပင်က ရရှိဖို့လိုအပ်သည့် အရေးပါသောအဆင့်ပင်ဖြစ်ပါသည်။ စပါးအနှံတွေ (တစ်နည်း) စပါးစေ့တွေအတွက် အနှံခက်ကလေးတွေ စတင်ဖြစ်ထွန်းသည့်အချိန် ဖြစ်သည်။ ဒီအချိန်မှာ နိုက်ထရိုဂျင်အာဟာရကိုလုံလောက်စွာမရရှိလျှင် တစ်နှံမှာပါဝင်သောအစေ့တွေ နည်းသွားမှာဖြစ်ပြီး စပါးအထွက်လည်း နည်းစေမှာဖြစ်ပါသည်။အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ကို အပြင်ပန်းအားဖြင့် အင်မတန်သိရန် ခက်ခဲသောကြောင့် မေးမြန်းလာပါသည်။

အနှံသန္ဓေ စတင်ဖြစ်ပေါ်တဲ့အချိန်ကို ဘယ်လိုသိနိုင်မှာလဲအနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ကို သိဖို့ဆိုလျှင် မိမိစိုက်သည့် စပါးမျိုး၏စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို ခန့်မှန်းတတ်ဖို့လိုမှာ ဖြစ်သည်။ စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို ခန့်မှန်းဖို့ဆိုလျှင်
မိမိစိုက်သည့် စပါးမျိုး၏ အသက်ရက်ကိုရှေးဦးစွာသိဖို့ လိုမှာဖြစ်ပါသည်။ထို့ပြင် မိမိသည် စပါးစိုက်ရာတွင်ဘယ်စနစ်ကို အသုံးပြုခဲ့လဲ၊ ပျိုးထောင်ကောက်စိုက်စနစ်လား၊ တိုက်ရိုက်မျိုးစေ့ချ(ကြဲပက်) စိုက်တာလား စသည်အပေါ်လည်း မူတည်ပါသည်။

လယ်သမားကြီးကိုအသေးစိတ်ရှင်းပြကာ လိုရင်းအဓိကအချက်ကို ပြောပြလိုက်ပါသည်။"ကျွန်တော်တို့နိုင်ငံလို အပူပိုင်းဒေသတွေမှာ အနှံသန္ဓေ စတင်ဖြစ်ပေါ်တဲ့အချိန်ဟာ စပါးမရိတ်မီ ရက် ၆၀ အလိုဖြစ်ပါတယ်။ အဲဒီအချိန်ဟာ နိုက်ထရိုဂျင်အာဟာရကျွေးပေးဖို့ သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။သို့သော် နိုက်ထရိုဂျင်အာဟာရမြေသြဇာ ကျွေးရမည့်အချိန်သည် ပျိုးထောင်ကောက်စိုက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စနစ်တို့ ကွာခြားပါသည်။

ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးသည့်စပါးခင်းမှာ နိုက်ထရိုဂျင်မြေသြဇာ
ကျွေးသင့်သည့်အချိန်ကို တွက်ချက်ရာတွင်စိုက်ခင်းထဲမှာရှိနေမည့် ရက်ပါင်းကို သိနိုင်ရန် ပျိုးသက်ကို နုတ်ပယ်ပစ်ရမှာဖြစ်ပါသည်။စိုက်သည့်စပါးမျိုးက အသက်ရက်၁၃၅ ရက်၊ ပျိုးသက် ၂၅ ရက်ဖြင့် စိုက်သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ရိတ်သိမ်းခြင်းမပြုမီရက်ပါင်း ၁၁၀ သာစိုက်ခင်းထဲမှာရှိနေမှာဖြစ်ပါသည်။ ကောက်စိုက်ပြီးသည်မှ ရိတ်သိမ်းသည်အထိ ရက်ပေါင်း ၁၁၀ ထဲကနေ ရက် ၆၀ကိုနုတ်လျှင် စိုက်ပြီး ရက် ၅၀ သည် အနှံသန္ဓေစတင်ဖြစ်ပေါ်တဲ့အချိန် ဖြစ်ပါသည်။ထိုအချိန်သည် နိုက်ထရိုဂျင်မြေသြဇာကျွေးရန် သင့်လျော်သောအချိန်လို့ သိနိုင်မှာဖြစ်ပါသည်။

စပါးတိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်ခင်းဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ စိုက်သည့်စပါးမျိုး၏ အသက်ရက်ကိုသာသိရန်လိုသည်။ မျိုးစေ့မြေကျသည်နှင့် ထို
စပါးမျိုး၏ သက်တမ်း စသည်ဖြစ်ရာ စိုက်ခင်းထဲတွင်ရှိနေမည့် ရက်ပေါင်းမှာလည်း
စပါးမျိုး၏ အသက်ရက်နှင့်အတူတူပင် ဖြစ်ပါသည်။တွက်ချက်နည်းမှာ သက်တမ်း ၁၃၅ရက်ရှိသည့် စပါးမျိုးကို မျိုးစေ့ချ (ကြဲပက်)စိုက်ပျိုးသည်ဆိုပါစို့။ မျိုးစေ့ချသည့်နေ့မှသို့မဟုတ် ကြဲပက်စိုက်သည့်နေ့မှ ရိတ်သိမ်းသည်အထိ ၁၃၅ ရက်ထဲကနေ ရက် ၆၀ ကိုနုတ်လျှင် မျိုးစေ့ချပြီး ၇၅ ရက်သည် အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန် ဖြစ်သည်။

ဤသို့ဖြင့် နိုက်ထရိုဂျင်မြေသြဇာကျွေးရမည့် သင့်လျော်သောအချိန်ကို သိနိုင်မည်
ဖြစ်ပါသည်။စပါးပင်၏ အပင်ပွားစီးသည့်အဆင့်တွင်တစ်ကြိမ်နှင့် အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန်တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် နိုက်ထရိုဂျင်အာဟာရကျွေးပေးခြင်းသည် လိုအပ်သည့်အချိန်မှာ လိုအပ်သောအာဟာရကို ကျွေးပေးတာဖြစ်၍ မှန်ကန်သော အာဟာရဖြည့်တင်းပေးမှုလို့ ဆိုရပါမည်။ သို့သော် ကျွေးပေးသည့်နိုက်ထရိုဂျင်
မြေသြဇာ၏ အကျိုးထိရောက်မှုရှိစေရန်လယ်မြေ၏ မြေဆီလွှာအနေအထားနှင့် စပါးပင်၏ အခြေအနေပေါ်မူတည်ပြီး လိုအပ်သောပမာဏကို ကျွေးပေးရန်ဖြစ်ပါသည်။

မောင်ဖူး၀ေ (တောင်တွင်းကြီး)
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့